@yeeyeebookshop: ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ဆရာတော် ဘုရားကြီး ကိုယ်တိုင် တည်းဖြတ်ထားသော လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် 🙏 မိဘက ကလေးကို လေ့ကျင့်ပေးရမယ်... မြန်မာနိုင်ငံမှာ မိဘတွေကြည့်၊ မိဘတွေက သားသမီးကို ချစ်ကြတယ်၊ချစ်သည့် အတွက်ကြောင့် ငယ်တဲ့အရွယ်ကစပြီး လူလားမြောက်သည်အထိ အလုပ်ကို မလုပ်စေကြဘူး၊ မလုပ်စေဘဲနဲ့ တစ်ဖက်သတ် စာပဲ ကြိုးစားခိုင်းတယ်၊ နောက်ပိုင်း ကျတော့ ဘာဖြစ်သွားလဲ ဒီကလေးက လူပျင်း ဖြစ်သွားတယ်၊ မိဘဆီက ပိုက်ဆံယူပြီးတော့ အလွယ်တကူ ပိုက်ဆံရနေတဲ့အခါမှာ သူတို့ဟာ ပိုက်ဆံရှာရကောင်းမှန်း မသိတော့တဲ့ အနေအထား မျိုး ရောက်သွားစေနိုင်တယ်၊ ဒါ side effect လို့ ခေါ်တယ်၊ ဘေးထွက်ဆိုးကျိုး ၊ အကောင်းချည်း ဖြစ်မယ်လို့ မထင်လေနဲ့။ ဖြစ်သင့်ဖြစ်ထိုက်တာကတော့ ကလေးကို ပညာ လည်း သင်ပေးရမယ်၊ အလုပ်လုပ်ကိုင်ချင်စိတ် ရှိအောင်လည်း သွင်းပေးရမယ်၊ အလုပ်လုပ်ချင် စိတ် ရှိအောင်၊ သူတိုဘာသာသူတို့ ကြိုးစားချင် စိတ် ရှိအောင်၊ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ အတွေးတွေ အသိဥာဏ်တွေ လမ်းဖွင့်ပေးခြင်း အားဖြင့် သူတို့ဘဝ သူတို့ရပ်တည်နိုင်တဲ့ အနေ အထားမျိုး ရောက်သွားတယ်၊ဘယ်အရာပဲဖြစ်ဖြစ် မလုပ်နိုင်သေးခင်ကတော့ အထောက်အကူ ပေးရ မှာပဲ၊ လုပ်နိုင်ပြီဆိုရင် လွှတ်ပေးရတယ်၊ လွှတ်မပေးဘဲနဲ့ သားသမီးကို ချစ်တယ်ဆိုပြီး မိမိကပဲ အကုန်လုပ်ပေးနေလို့ ရှိရင် နောက်ဆုံး မှာ လူပျင်းဖြစ်သွားတယ်၊ ပျင်းသွားသည့် အတွက်ကြောင့် မိဘမရှိရင် လုပ်ကိုင်မစားတတ် ဖြစ်ပြီးတော့ ပျက်စီးသွားတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီး ရှိတာပဲ။ ကလေးလေးတစ်ဦး လမ်းမလျှောက်တတ်သေး ခင်ဆိုရင် မိဘတွေက ထိန်းပေးတယ်၊ အရင်တုံးက စက်ဘီးစီးကြတဲ့အခါမှာ မစီးတတ်သေးခင် တဗိုင်းဗိုင်းလဲနေမှာပဲ၊ စီးတတ်သွားပြီဆိုရင် လက်လွှတ်တောင် စီးလိုက်သေးတယ်၊မတ်တပ် ရပ်တောင် စီးလိုက်သေးတယ်၊သူ့ခြေထောက်နဲ့သူ ရပ်နိုင်သည် ထိအောင်မိဘကလေ့ကျင့်ပေးခြင်းဟာ ကောင်းမြတ်သော အခြေအနေကောင်းတွေကို ဖြစ်ပေါ်စေတယ်။ ဆရာတော်ဘုရားကြီးသည် သတ္တဝါတွေကို ကယ်တင်ဖို့ အခြေခံ နည်းလမ်းနှစ်ရပ်အကြောင်း ဟောပြောရင်း၊ ဤ ဥပမာလေးကို ညှပ်၍ ဟောပြောခြင်း ဖြစ်ပါသည်။ လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက် တတိယတွဲမှ ကောက်နုတ်ဖော်ပြသည်။ #လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက် #ပါချုပ်ဆရာတော်ဘုရာကြီး🙏🙏🙏 #yeeyeebookshop #fyp #creatorsearchinsights
Yie's bookshop 📚
Region: MM
Monday 02 February 2026 13:59:33 GMT
Music
Download
Comments
Butterfly :
လိုချင်တာ🥰🥰🥰
2026-02-02 14:11:44
2
NyiBhone Khant :
သ
2026-07-04 09:19:27
0
KKSN :
ဒုတိယတွဲ ထွက်ပါပြီလား 🙏
2026-02-05 07:25:06
1
Buddha & Dhamma :
🥰🥰🥰
2026-02-02 14:32:44
2
To see more videos from user @yeeyeebookshop, please go to the Tikwm
homepage.