@thi.saw: စိတ်ဖိစီးမှု (stress)ဆိုတဲ့အရာက တစ်နေရာတည်းကနေ မဖြစ်တည်လာတဲ့အရာမျိုး မဟုတ်ပါဘူး။ များသောအားဖြင့် အချက်တွေ ပေါင်းစည်းပြီးတော့မှ ဖြစ်တည်လာတာပါ— ၁။ ကိုယ့်ရဲ့ အတွေးပုံစံ “ကိုယ် အမှားလုပ်ရင် မဖြစ်ဘူး” “ကိုယ် မအောင်မြင်ရင် ကိုယ့်တန်ဖိုးမရှိဘူး” စသဖြင့် အရာရာကို ကိုယ်တိုင် ထိန်းချုပ်ချင်တဲ့ကိုယ့်ရဲ့စိတ်ကလေးကြောင့် အတွေးတွေက ကိုယ့်ကို အမြဲတမ်း ဖိအားပေးနေတတ်ပါတယ်။ ၂။ မဖြေရှင်းထားတဲ့ စိတ်ခံစားချက်တွေ ဒေါသ၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုတွေကို ဖုံးကွယ်ထားတာ ကိုယ် အဆင်မပြေတဲ့အရာတွေကို ပြောမထုတ်ဘဲ သည်းခံနေရတာ ဒီလိုစိတ်ထဲမှာ စုမိနေတာများပြီးလျှင် stress အဖြစ် ပြန်ပေါ်တတ်တယ်။ ၃။ ပြဿနာတွေကို ရှောင်ရှားနေတာ မဖြေရှင်းရဲလို့ လွတ်သွားအောင် ထားတာ ဆုံးဖြတ်ချက်ချရမှာကို အချိန်ဆွဲထားတာ ဒီလိုကိုယ့်အတွက် ခဏတာ သက်သာပြီး နောက်ပိုင်း stress ပိုကြီးလာတတ်ပါတယ်။ ၄။ ကိုယ့်ကိုယ်ကို ဖိအားပေးလွန်းတာ အရာရာမှာ “ပြီးပြည့်စုံရမယ်” ဆိုတဲ့ မျှော်လင့်ချက် ကိုယ့်အတွက် အနားယူခွင့် မပေးတာကြောင့် stress တွေ ဖြစ်တည်လာတယ် ၅။ Relationship / ပတ်ဝန်းကျင် Boundary မရှိတဲ့ ဆက်ဆံရေးထဲမှာ နစ်မြုပ်နေတာ ကိုယ့်လိုအပ်ချက်တွေကို အမြဲနောက်ထားပြီး နေဖြစ်နေတာကြောင့် stress ဆိုတာ ပေါ်လာတယ် အချုပ်အာဖြင့် စိတ်ဖိစီးမှုဆိုတဲ့အရာက ဖြစ်ရပ်တွေကြောင့်တင် မဟုတ်ဘဲနဲ့ ဖြစ်ရပ်တစ်ခုအပေါ်ကို ကိုယ်ဘယ်လို တွေး၊ ဘယ်လို ခံစား၊ ဘယ်လို ကိုင်တွယ်သလဲ ဆိုတာကနေ ပိုပြီး ဖြစ်လာတာပါ။ ခံစားနေရတဲ့ stress တွေကို လျော့ချချင်ရင် - ကိုယ်တွေးနေတဲ့အတွေးတွေကို သတိထားကြည့်ဖို့ - ကိုယ့်မှာ မဖြေရှင်းရတဲ့ စိတ်ခံစားချက်တွေကို အမည်ပေးဖို့ - ကိုယ် ရှောင်ဖို့ လုပ်နေတဲ့ ပြဿနာသေးသေးလေးကနေ စတင်ရင်ဆိုင်ဖို့ ကြိုးစားရင်းမှ stress တွေကို လျော့ချလို့ရပါတယ်နော် Stress ပြဿနာအတွက် ဒီထက်ပိုရှင်းလင်းတဲ့ဖြေရှင်းနည်းမျိုးကို သိချင်ရင် One On One coaching / counselling service session ယူပြီး ရှာဖွေလို့ရပါတယ်နော် _Asterthi (Coach / Counsellor) #စိတ်ဖိစီးမှု #StressRelief #formentalhealth #counsellingservice #coachingservices
Aster Thi
Region: MM
Tuesday 03 February 2026 08:42:08 GMT
Music
Download
Comments
𝙎𝙉𝙊𝙒.. ♌🦁 :
စာလေး copy ချင်တယ်ရှင်🥰🥰
2026-04-02 09:17:37
1
haymar567908hhhhhhhhhhhhhhhhhh :
အားပေးနေပါတရ်
2026-03-26 15:00:49
0
aye (BM) --Myo. Lu lin :
❤️
2026-02-03 12:35:11
0
K 💫 :
🥰
2026-07-01 14:36:57
0
To see more videos from user @thi.saw, please go to the Tikwm
homepage.