@shwemabon: ဒီရက်ပိုင်းထဲထွက်မယ့် “သမုဒယနဲ့ ချည်တဲ့နွယ်” ❤️ သူဒီသီချင်းကိုရေးနေတာ ကြာပီ ၂ နှစ်အကြာမှရေးပြီးတာ ကြားထဲ အတွန်းအတိုက်လေးတွေဖြစ်ကြတော့ mood မကောင်းလို့နဲ့တူတယ် မပြီးဘူး ဟိုရက်ကမှ ရေးပြီးသွားတာ။ ဘုံ့အတွက် ဒီသီချင်းက အဓိပ္ပာယ်ရှိတယ် ဘုံတန်ဖိုးထားတယ် ဒါကြောင့် reaction video ယူမယ်ဆိုပြီး စစ နားထောင်တဲ့အချိန်မှာ record ယူထားလိုက်တာ။ သူကနားထောင်တော့မလားမေးတိုင်း လုံးဝ နားမထောင်ခဲ့ဘူး ဘာကိုကြောက်လို့ကြောက်မှန်းမသိ ငါ ၁ ယောက်ထဲအေးဆေးဖြစ်တဲ့အချိန်ရယ် ငါ့ vibes အဆင်ပြေတဲ့အချိန်မှ နားထောင်မယ်ဆိုပြီး ထားထားတာ။ မနေ့ညကမှ နားထောင်လိုက်တာ မြင်တဲ့အတိုင်းပါပဲ ကိုယ်က emotional သမားဖြစ်တာကြောင့်ရယ် အတိတ်က တို့ ၂ ယောက်ကိုပြန်မြင်လာတာရယ် ဝေးသွားတဲ့ကာလအပိုင်းခြားမှာ သူရောကိုယ်ရောပြိုလဲခဲ့တာရယ် ထွက်ပြေးစရာနေရာမရှိခဲ့တာတွေ သတိရတိုင်း ဘယ်အရပ်မျက်နှာမူပြီး အော်ခေါ်ရမှန်းမသိခဲ့တဲ့အချိန်တွေ အဖက်ဖက်ကအဆင်မပြေတာတွေ သူ့မျက်နှာတစ်ချက်မြင်လိုက်ရင် သူ့အသံကြားလိုက်ရင် ကိုယ်တင်းထားသမျှ ပြုတ်ကျကုန်မှာစိုးလို့ လုံးဝအဆက်သွယ်ဖြတ်ပြစ်လိုက်တာတွေ အဲ့အချိန်တွေကိုပြန်တွေးမိပြီး သူ့ကိုသနားတာရယ် အများကြီး ဝမ်းနည်းလာလို့ပါ ……. အမှတ်တရအနေနဲ့ တင်လိုက်ပါတယ် သီချင်းကတော့ထွက်လာမှခံစားကြည့်ပေါ့နော်❤️ ဒီ vd ထဲကတော့ ၇ ကြိမ်မြောက် နားထောင်ပြီးမှာ လှတပတ ရှိမယ့် ကဒ်လေး edit ပြီးထည့်လိုက်ပါတယ်။ ချစ်တယ် သင့်ခရူးးးးးးးး သီချင်းထွက်ပြီးမှ အများကြီးထပ်ပြောပြမယ်ကွာ #smb #fyp
Bon_Bon
Region: MM
Wednesday 04 February 2026 08:58:43 GMT
Music
Download
Comments
Lily :
ပြတ်စဲသွားပြီးမှ တစ်ယောက်တန်ဖိုးတစ်ယောက်သိပြီး ပြန်အဆင်ပြေသွားတဲ့ RS ထဲမှာ ညီမတို့အတွဲလဲပါတယ် အခုဆိုတွဲခါစထက်ပိုချစ် ပိုတန်ဖိုးထားပြီး အနံ့လေးကအစရင်ထဲနွေးနေအောင်ထိချစ်နေရတာ
2026-02-04 10:15:55
803
🪼♋️ :
ဝေးကွာနေတဲ့ကာလအပိုင်းခြားမှာ Bon” ဘယ်လိုဖြတ်ကျော်ခဲ့လဲဟင် ကိုယ်လဲအခုကိုယ်တကယ်ချစ်တဲ့လူနဲ့ဝေးကွာသွားပြီမို့ ဒီကာလတွေကိုကျော်ဖြတ်ဖို့advice လေးမေးကြည့်တာပါ Love you Bon”💗
2026-02-04 10:02:54
1128
👻A Soe💥 :
အချစ်စစ်မှန်လို့ပြန်ဆုံကြတဲ့နှစ်ဦး💓
2026-02-04 09:03:45
132
🌻🌻Mi Su🌻🌻 :
ကိုယ်တွေလဲ၆နှစ်ကျော်မှ၄နှစ်လောက်ပြတ်ခဲ့ကြပီးခုမှပြန်အဆင်ပြေရတာခုတော့တစ်ယောက်နဲ့တစ်ယောက်အပျောက်မခံကြတော့ဘူး
2026-02-04 13:57:11
26
Happierthan_ever :
သူ့အသံကြားရင် လုံးဝ တင်းထားသမျှ ပြုတ်ကျကုန်မှာဆိုးလို့ လုံးဝအဆက်သွယ်ဖြတ်ပစ်လိုက်တာတွေတဲ့ အသံကြားရင်အားလုံးမေ့သွားတဲ့အထိသဘောကျတာ စိတ်ဆိုးလဲ အသံကြားရင် ပြေသွားတဲ့အထိ အသံကြားရရင်ရပြီးဆိုပြီး ဆက်မနေရဲတော့တာ အကုန်အဆက်အသွယ်ဖြတ်ဖို့ ကြိုးစားနေနေရတာခုတော့
2026-02-04 09:48:48
85
🍓𝑴𝒂𝒚 𝑯𝒕𝒆𝒕 𝑷𝒂𝒊𝒏𝒈🎧 :
ကိုယ်ဆိုလဲကိုG-Fattအတွက်ငိုဖူးတယ်၊တချို့fangirlတွေလိုIdolကောင်မလေးရသွားလို့ငိုတာမျိုးမဟုတ်ဘဲ၊သူ့အချစ်ရေးအဆင်မပြေလို့နာကျင်ရမှာတွေးပူမိတာ၊သူ့အချစ်ရေးအဆင်မပြေတုန်းကဆိုသူဒီချိန်အိပ်နိုင်ပါ့မလားဆိုပြီးစာရွက်ပေါ်မှာအားပေးစကားချရေးပြီးထိုင်ငိုဖူးတယ်၊ခုတော့မမဘုံနဲ့ဆိုစိတ်ချရပြီထင်ပါတယ်၊မမဘုံအချစ်ကိုမမှီပေမဲ့ကိုယ်လဲချစ်ခဲ့ပါတယ်ပေါ့🤭ခုချိန်ထိလဲချစ်ပါတယ်ရှင့်🤍
2026-02-04 10:14:21
85
Grace :
ငိုနေတာလေးမြင်တော့လန့်သွားတာပဲ ဘုံရယ် Caption ဖတ်လိုက်မှပဲ ကြည်နူးစရာလေး❤
2026-02-04 10:07:30
19
မီး ❤️🔥 :
အဲ့ခံစားချက်ကြီးကိုကောင်းကောင်းကြီးသိတယ်အကြောင်းအရာမျိုးစုံနဲ့အဆင်မပြေနိုင်တော့ဘူးဆိုပီး သူ့အနားကထွက်လာလိုက်တာ တစ်နှစ်နီးပါး ပဲ ကိုယ်တိုင်စွန့်လွှတ်ခဲ့ပြီးမှ တစ်ရက်လေးမှ မေ့မရခဲ့ဘူး မနက်မိုးလင်းလာတာနဲ့ သူမရှိတဲ့နေ့ရက်တိုင်းကအဓိပ္ပါယ်မရှိဘူး ဘဝကြီးကို ပျော်သလိုနေရင်းပျော်ချင်ယောင်ဆောင်ခဲ့ရတယ် အက်လိုပဲအဆက်သွယ်ဘယ်ကမှမရအောင်သူကလဲကိုယ့်ကိုစိတ်နာပြီး အဆက်သွယ်ထပ်ဖြတ်တယ်နောက်ဆုံးတော့ သူလဲကို့အပေါ်အရင်ကနဲ့မတူအောင် အချစ်တွေ ဂရုစိုက်မှု့တွေနဲ့အတူ ပြန်ရောက်လာခဲ့တယ် အခုတော့သူရောကိုယ်ရော ပျော်နေရပါပြီ ထပ်ပြီးမဝေးဖို့တော့တစ်ယောက်ကိုတစ်ယောက်တန်ဖိုးသိသွားကြပြီးနောက်မှာ 🥺❤️🥰
2026-02-15 05:42:04
9
13/ကမန(နိုင်)****** :
2026-02-14 13:01:39
144
🖤🤍Pan Ei Phyu (W🤍)🖤 :
g-fatt သီချင်းအသစ်ထွက်တိုင်းနားထဲစွဲနေအောင်အလွတ်ရတဲ့ထိနားထောင်တာမို့ ဒီသီချင်းလေးကိုလဲနားထောင်ဖို့ရင်ခုန်နေပါp🥰🥰
2026-02-04 13:18:51
6
🐬 :
ခုထိ ဝေးသွားခဲ့တုန်းက အချိန်တွေကိုပြန်တွေးတိုင်း ငိုမိတုန်းပဲ ကိုယ့်ဆီသူပြန်လာမယ်လို့မထင်ခဲ့တာရယ် နှယောက်ခြားက အဆင်မပြေနိုင်တော့မဲ့အရာတွေကို တွေးပြီးမဆက်သွယ်ပဲနေခဲ့ရတာ တင်းထားခဲ့သမျှ ကိုယ့်ရှေ့ရောက်လာတော့ ရှိုက်ပြီး ဖက်င်ိုခဲ့ရတာ မှတ်မိတုန်းပဲ *အတ္တ မာန အကုန်လျော့ချခဲ့ပြီး အစကနေ ပြန်စခဲ့လို့ ခုတော့ညားသွားခဲ့ပါပြီ🥰
2026-02-04 13:33:13
38
🍁Möë 🇧🇷 :
Ma Bonရေးတယ် စာကို ဖတ်ပီးမျက်ရည်ပါကျရတယ် မမရေ အမြဲတမ်းအားပေးနေပါတယ်🥰🥰🥰
2026-02-04 15:38:46
8
H :
ပြတ်နေတဲ့ကြားထဲ ဘယ်လိုမိုတီယူပြီးနေနိုင်ခဲ့လဲ ပြီးတော့ ပြန်တွဲတဲ့အချိန်မှာရော အခွင့်အရေးတစ်ခုအနေနဲ့နှစ်ယောက်လုံး ပြန်ရပ်တည်နိုင်ခဲ့တာလားရှင့်
2026-02-04 15:51:11
19
Nyein🦋 :
အများကြီးမျှော်လင့်ပြီးစောင့်နေပါမယ် စသိထဲကသဘောတူပြီးသိပ်သဘောကျခဲ့တာမလို့...
2026-02-04 10:35:17
5
Mee Mee :
ချစ်ကြတယ်ဆိုတာထက်တယောက်နဲ့တယောက်တန်ဖိုးထားမှုလေးကအရမ်းပေါ်လွင်ကြတာပဲ ဘုံဘုံ့မွေးနေ့တုန်းကဆုတောင်းလေးသုံးလေးခေါက်ပြန်ဖတ်ဖြစ်ပီးဘယ်လောက်တောင်ကံကောင်းတဲ့ကောင်မလေးလဲလို့တွေးနေမိတာ🧡
2026-02-04 09:48:02
9
🐼Ya Min Htet 🐼 :
အရမ်းချစ်တယ် သူ့ကိုသာ အချစ်ဆုံး ဒါပေမဲ့လမ်းလွဲသွားကြပီ ဘယ်တော့မှလဲပြန်မဆုံနိုင်ဝောာ့ဘူး သတိမရလို့မဟုတ်ဘူး အမြဲသတိရတယ် 😔 ကိုယ်ကိုတိုင်လက်လွှတ်ခဲ့တော့ အရမ်းခံစားခဲ့ရတယ် 🥹 💔
2026-02-04 13:44:59
5
@ကိုစည်⛱️ :
လူတယောက်ကို ဘယ်တော့မှ နှစ်ခါ ပြန်မချစ်နဲ့ ဒါက သွေးထိုးတဲ့စကားလဲ မဟုတ်သလို ဂုန်းတိုက်တာမျိုးလဲ မဟုတ်ဘူး သူသာတကယ်ချစ်ရင် ဘယ်တော့မှ ဘယ်လိုအခြေနေမျိုးမှာမဆို မင်းကို ဘယ်တော့မှ မစွန့်ပစ်ဘူး…🤧
2026-02-20 16:20:23
8
Hnin♏🦂 :
အခုသီချင်းနားထောင်ပြီးဒီvideoကိုတစ်ခါပြန်လာကြည့်တာ🥹🥹
2026-02-13 04:28:18
8
Suzy_Kitty :
ကိုယ်တွေအတွဲလဲပြတ်သွားတဲ့ကာလအပိုင်းအခြားမှာ သူမရှိလဲနေနိုင်တယ်ထင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အသံလေးပြန်ကြားတာကအစပြိုလဲကျတာပဲ အခုပြန်တွဲတော့ တစ်ယောက်ကိုတစ်ယောက်ဘယ်လိုနည်းနဲ့မှအထိခိုက်မခံတော့ပဲယူဖို့အထိဖြစ်လာတာ
2026-02-04 13:50:51
12
Khin Thant Zin :
တစ်ယောက်ကိုတစ်ယောက်လိုအပ်နေရင် မဝေးနိုင်ဘူး ဟုတ်တယ်မလား Bon စာသားတစ်ကြောင်းစီတိုင်းက လုံးဝအဓိပ္ပာယ်ပြည့်စုံလွန်းပါတယ် ဒီvd ကို သီချင်းမထွက်ခင်ထဲက တွေ့တာ အခုသီချင်းလည်းထွက်ကော Bon ကိုပါ သီချင်းလေးနဲ့ မြင်နေတာရယ် နူးညံ့တယ် အရမ်းကို 💕
2026-02-13 09:47:46
6
Hay Mar Kyaw Win :
သူ့မျက်နှာမြင်ရရင် လုံးဝ တင်းထားသမျှ ပြုတ်ကျကုန်မှာဆိုးတယ် လုံးဝအဆက်သွယ်ဖြတ်ပစ်လိုက်ရမှာလည်းကြောက်တယ် အသံကြားရင်အားလုံးမေ့သွားတဲ့အထိသဘောကျတာ စိတ်ဆိုးလဲ မျက်နှာလေးမြင်လိုက်တာနဲ့ ပြေသွားတဲ့အထိ အသံလေးလည်းကြားချင်မိတယ် အကုန်အဆက်အသွယ်ဖြတ်ဖို့ ကြိုးစားနေပေမယ့် ခုထိ မလုပ်နိုင်သေးဘူး နှစ်တွေကြာကြာစောင့် ဘုံလေးတို့လို ပြန်အဆင်ပြေမယ်ဆို ကောင်းမယ် ဒီကာလတွေကို ဘယ်လိုစိတ်နဲ့ကျော်ဖြတ်ရမလဲလည်း မသိတော့ဘူး🥺
2026-02-04 13:23:13
34
eaintchuethwe9326 :
အခုနောက်ပိုင်းKo gfattသီချင်းတွေပိုနားထောင်ဖစ်လာတယ် သူ့ကောင်မလေးအတွက်ဆိုထားတာအပေါ်ယံမဟုတ်မှန်းအရမ်းသိသာတယ် ချစ်သူကိုရည်ရွယ်ပီးဆိုတဲ့သီချင်းတွေနားထောင်ရတာအရမ်းသဘောကျမိတယ် အားလဲကျတယ် ဘုံ့ကိုလဲအရမ်းချစ်တယ်ဆိုတာဘေးကနေကြည့်တဲ့သူတောင်ခံစားမိတယ်💕💕
2026-02-04 14:33:52
6
Chit Snow Oo :
ကြားထဲ ကာလကိုဘယ်လိုကျော်ဖြတ်ခဲ့လဲ ကိုကြီးကရော ဘယ်လို ပြန်ချော့ပီး ခုလိုပြည့်စုံပီးချစ်စရာကောင်းတဲ့ relationship ကို ဘယ်လို ပြန်တည်ဆောက်လဲ 💓အဆင်ပြေရင်ပြောပြစေချင်မမဘုံ🫶
2026-02-04 12:34:09
88
🍃Green(สุ)🍃 :
ဘံုလေး အသက်ဘယ်လောက်လဲ ဟို အ်ိစိကွေးသီချင်းထဲက မှတ်မိနေတာ
2026-02-04 09:33:52
7
🦋 nge 🦋 :
နားထောင်ပြီးပြီပေါ့.. ဒုတိယအပိုဒ်မှာ အထိဆုံးပဲ ..
2026-02-04 13:38:58
33
To see more videos from user @shwemabon, please go to the Tikwm
homepage.
© 2021-2026 TikWM. All rights reserved.