@eimyatnoe967: "ကိုယ့်ကို စကားလုံးတွေနဲ့တောင် ငိုစေတဲ့လူကို တစ်ဘဝလုံးစာ ဘာလို့ ရွေးချယ်ရတာလဲ " လို့ ကိုယ့်ကိုယ်ကို ပြန်မေးနိုင်ခဲ့တဲ့နေ့က အဲ့ဒီ အမျိုးသားဆီက အပြီးအပိုင် ထွက်လာနိုင်ခဲ့တာပဲ ။ အချစ်မှာ သာယာကြည်နူးမှုတွေပဲ ရှိနေမှာမဟုတ်ပေမဲ့ ကိုယ်ချစ်ရတဲ့လူ ထိခိုက်နာကျင်မှုနည်းအောင်တော့ ပြုမူချင်ကြတာပဲမလား ကိုယ့်အတွက် effort သေးသေးလေးတောင် မရှိခဲ့ပေးတာ ၊ အမြဲ ကိုယ့်ယုံကြည်ရာတွေအိပ်မက်တွေက သူ့အတွက် အပေါစားဆန်နေခဲ့တာ ၊ ကိုယ်သူ့အတွက် ဘာပဲလုပ်ပေးပေး နည်းနည်းလေးတောင် အသိမှတ်ပြုမပေးခဲ့တာ ၊ စိတ်ဆိုးစိတ်ကောက်မှုတွေမှာ ကိုယ်ကပဲ အပြစ်ရှိသလို ခံစားရစေတာ ဒါတွေကို အချိန်အကြာကြီး သယ်ဆောင်ထားခဲ့ပြီး ညဉ့်နက်တွေထိ အသက်ရှူပ်ကြပ်မတတ် ငိုယိုနေခဲ့ပြီး သူ့ကိုယ့်ကို ချစ်ပါတယ်လို့ ဘယ်စိတ်တွေနဲ့ အထင်မှားခဲ့လဲ ကိုယ့်ကိုယ်ကို မယုံနိုင်ခဲ့ဘူး ကိုယ်က ပြီးပြည့်စုံနေသူမဟုတ်ပေမဲ့ ချစ်ရတဲ့လူအတွက် အဘက်ဘက်က ဖြည့်နိုင်ဖို့ ကြိုးစားနေခဲ့သူပဲ Mentally အရတောင် ကိုယ့်အတွက် ရှိနေမပေးခဲ့တဲ့လူကို ချစ်တဲ့စိတ်ကြောင့် လိုအပ်နေခဲ့တာ များလား ပင်ပန်းစရာတွေ လက်ခံနိုင်စွမ်းမရှိတော့ဘူး အဲ့ဒါကြောင့်လေ ခုနောက်ပိုင်း တစ်ယောက်ယောက်က အဖက်မလုပ်တာ ၊ မတန်သလို ဆက်ဆံခံရတာ အဲ့လိုအခိုက်အတန့်တွေ ကြုံရတိုင်း ကိုယ်က ဘာမှားနေလို့လဲဆိုပြီး မတွေးတော့ဘူး တစ်ဖက်အတွက် ဖြည့်တွေးပေးရတဲ့ အခိုက်အတန့်တွေက ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်မှု များလာစေတဲ့အခါ ကိုယ်ကတော့ "ငါက ဒီလိုဆက်ဆံခံရဖို့ မထိုက်တန်ဘူးလို့" ရေရွတ်ပြီး ကိုယ်က အရင် လှည့်ထွက်ခဲ့လိုက်တော့တယ် ။#fypシ゚

Ei Myat Noe🔒🇯🇵
Ei Myat Noe🔒🇯🇵
Open In TikTok:
Region: JP
Sunday 08 February 2026 05:58:25 GMT
556545
30785
235
2668

Music

Download

Comments

moethetlelseinn
Phoo Phoo :
သူကပြန်ပြောတယ်မတန်ဖူးတဲ့...ကို့မှာမရယ်နိုင်ဖူး🙂
2026-02-10 15:49:55
16
.hnin6320
🇲🇲 Hnin 🇯🇵🌸🌸 :
သူက ချစ်တာက အရမ်းချစ်တယ် ဒါပေမယ့် ရန်ဖြစ်တဲ့အချိန်မှာ စကားလုံးကြမ်းကြမ်းတွေပြောတယ် ဆဲတယ် ရှေ့ဆက်ရမလား ကိုယ်ကလဲအရမ်းချစ်တော့ မပြတ်သားနိုင်ဘူး🥺
2026-02-09 06:31:37
32
tn06s3
Reily ko :
အချိန်တန်ရင် ယူမှာပဲဆိုပီး တွဲတဲ့နှစ်"အတွင်းအခါခါဖောက်ပြန်ခံရတယ် တကယ်အရမ်းနာကျင်ရတယ် ဒါပေမဲ့ဘယ်လိုမှလွှတ်ချလို့ မရသေးဘူး ဖောက်ပြန်ပီးကိုယ့်ကိုလူမသိတွဲနေတာတောင်ချစ်တဲ့စိတ်နဲ့အားလူံးကြိတ်မှိတ်နေရတယ်🥺
2026-02-09 06:00:53
8
yinmay954
❣️𝒴𝒾𝓃𝓂𝒶𝓎❣️ :
ကိုယ့်ကိုကိုယ်ပြန်မေးနိုင်တဲ့တစ်နေ့ဆိုတာထက် တစ်လျောက်လူံးတော့ပြန်ပြန်မေးကြည့်နေပါတယ် ကိုယ့်ကိုကိုယ် ဘယ်တော့မှ ဒလေးမယ့်မနေခဲ့ဘူး၊ ကိုယ့်ကသနားလို့ စာနာလို့ မေတ္တာထားလို့ ကိုယ့်ကိုကိုယ်အနာခံနေတာပဲရှိတယ် မလုပ်နိုင်တာဘာတစ်ခုမှမရှိဘူး၊ ကိုယ့်စာနာစိတ်ကကိုယ့်ကိုအဲလောက်ဒုက္ခပေးမှန်းသိရင် အစကတည်းကလွတ်ချခဲ့တယ်
2026-08-11 16:12:16
1
nummutiktok9.com
Bee💛🐝 :
ပြတ်သားကြည့်ပါ တပတ်လောက်ဘဲ အဆင်မပြေတဲ့အဆုံး နောက်ပိုင်းကျ ကိုယ့်ကို ကိုယ် တော်တယ်လို့ ချီးမွမ်းတတ်လာလိမ့်မယ်🥰
2026-02-09 03:53:54
7
khit.thit333
Khit Thit :
အဲ့လိုမိန်းခလေးတွေတွေ့ရင်အရမ်းအားကျတာဘဲကျွန်မကတော့ဝဋ်ကြွေးတွေဆပ်နေရတယ်ဆိုသိရဲ့သားနဲ့ရုန်းမထွက်နိုင်သေးဘူးလေ
2026-02-09 14:38:46
6
aty49763
♐♐♐♐♐♐ :
မန့်တွေ ဖတ်ရတာ ကိုယ်တစ်ယောက်ထဲ ခံစားရမယ် ထင်နေတာ ကိုယ့်ဘဝနဲ့ ထပ်တူ ကျနေတဲ့ သူတွေ အများကြီးပါလား
2026-02-11 10:31:59
20
hnin.sable.oo
Hnin Sable Oo :
ကိုယ်လဲ ကိုယ့်မိဘရဲ့ အဖိုးတန်လေးပဲ တန်ပြန်မရတဲ့ ချစ်ခြင်းဆို လှည့်ထွက်ခဲ့တာ အကောင်းဆုံးပဲ💗
2026-02-10 05:48:53
5
may228289
🌹🥀ခလေးလေး 🥀🌹 :
ပြန်ယူတင်မယ်နော်🥰
2026-03-20 15:28:03
1
myo.thandar.hlaing5
Myo Thandar :
အရာရာနဲ့ယှဉ်ရင်ကိုယ့်ကိုဆိုအမြဲ စွန့်ပစ်ဖို့ပဲတွေးတဲ့သူတယောက်ကို မပြတ်သားနိုင်ဘူး
2026-02-08 11:56:27
8
hnin.wutt.yee5941
Hnin Wutt Yee :
အရမ်းမှန်သော🥰🥰🥰🥰🥰
2026-03-21 13:17:34
1
rose.lady75
July July :
တော်လိုက်တာ 🥰🥰
2026-03-30 13:05:07
1
ayeyumon567
Aye you Mon(nge) Mogok Thu :
storyလေးတင်လို့ရလားသဲ"ရေ
2026-05-15 12:53:30
1
venusqueen193
꧁༒ 𝓝𝔂𝓮𝓲𝓷 ༒꧂ :
တော်တယ် အ့လိုလှည့်ထွက်နိုင်ရမယ်
2026-07-03 01:17:03
1
khin.thu.zar503
Khin Thu Zar :
သည်းခံနိုင်သလောက်ထိတော့သည်းခံမာပါ
2026-07-20 01:44:00
1
su40478
Htetsu🐾 :
တော်လိုက်တာ အမရာ
2026-07-19 16:16:17
1
shwewati65
𝓴𝓪𝔂🤍 :
ပြတ်သားနိုင်ခဲ့ပီ
2026-07-17 10:13:00
1
nayemaung
မပြောတော့ဘူး :
ယူမယ်နော်🥰🥰
2026-03-21 11:04:40
1
hhhh2110311
🐰ဂျပုမလေး🐰🤭 :
စာသားလေးပေးပါလားမမ🥰🥰
2026-03-31 12:10:52
1
khit.thit.nwe73
H. A. T. E :
ပြန်တင်မယ်နော်
2026-03-30 16:59:38
1
shwe.chit.thet
Shwe Chit Thet👸 :
အဲလိုဖြစ်ချင်ပီ🥺
2026-03-23 15:08:23
1
s165558
Theint Theint Moe :
🥰🥰🥰ပြန်တင်မယ်နော်မမ
2026-03-21 12:52:12
1
zin11460
ဘုရားပေးတဲ့ဆုလဒ် :
အဲဒါ အမှန်တရား🥰🥰
2026-03-27 05:56:54
1
sky377488
Yupa :
ငယ်ရွယ်တုန်း လှည့်ထွက်ကြပါနော်🥰🥰
2026-03-28 14:22:02
1
To see more videos from user @eimyatnoe967, please go to the Tikwm homepage.

Other Videos


About