@fhjnnznxkxkhjj: မလေးငွေ Rm 10 မြန်မာငွေ တစ်သောင်းကျပ် တချို့ကပြောတယ် အဲ့လိုတွေ တန်ဖိုးချင်းမယှဉ်ပါနဲ့တဲ့ ယှဉ်ရမယ် ယှဉ်ကိုယှဉ်ရမယ် အဲ့လိုယှဉ်ပြီး သတိနဲ့သုံးတက်မှ ပိုပြီးစုမိဆောင်းမိလိမ့်မယ် တချိို့က အခွန်ဆောင်ရတာမဟုတ်ပဲ ဖွန်ကြောင်ကြတာနဲ့ပဲ ၁လကို Rm ၅၀၀၊ ၆၀၀ လောက် ကုန်ကြတဲ့ သူတွေရှိတယ် သွားကြ စားကြ ပြောလိုက်တာနဲ့ ဝယ်ပေး စားချင်တယ်ဆိုတာနဲ့ ဝယ်ကျွေး တကယ့်ဘောစိကြီးတစ်ယောက်လို လူငယ်သဘာဝကိုနားလည်တယ် ဒါပေမယ့်ဖြစ်သင့်တာထက် ပိုကုန်ကျနေပြီဆိုရင်တော့ စဉ်းစားပါ တန်ဖိုးချင်းယှဉ်ပြီး မသုံးတက် ကိုယ့်ဘဝ ကိုယ့်အကြောင်းတွေကို မေ့ဖျောက်ထားတော့ တစ်လ တစ်လကို ကိုယ့်ငွေနဲ့ဆို ၇သိန်း လောက် သုံးမိရဲ့သား ဖြစ်နေပြီ ၇သိန်းဆိုတဲ့ငွေက မြန်မာပြည်က ကိုယ့်မိသားစုအတွက်ဆို ၂လစာ စားစရိတ်လောက် ရနိုင်သေးတယ် မြန်မာက ကုမ္ပဏီမှာလုပ်နေကြရတဲ့ ဝန်ထမ်းလေးတွေဆို ၁လကို ၂သိန်းခွဲ ၃သိန်းနဲ့ လုပ်နေကြရပြီး ၅သောင်း ၁သိန်းပိုအောင် ခြစ်ကုပ်စုနေကြရတာ မြင်နိုင်အောင် စဉ်းစားတက်အောင် ပြောပြပေးတာ အခြေအနေပေးတုန်း စုဆောင်းတက်မှ ပိုက်ဆံလာရှာတာ ဘယ်သူအထင်ကြီးအောင်မှ နေပြစရာ မလိုဘူး ဘယ်သူကမှလည်း အထင်မကြီးဘူး အထင်ဆိုတာ သူများစိတ်ထဲက အတွေးလေးပဲ သူများရဲ့အတွေး၊ အထင်တွေကို လိုက်ခံစားပြီး အကောင်အထည် ဖော်နေဖို့မလိုဘူး ပြည်ပကို ဘာလို့ထွက်လာတာ ကိုယ့်ဘဝ ကိုယ့်အကြောင်းကို ကိုယ်သာအသိဆုံး ကိုယ်က ဘယ်တော့မှ မြန်မာပြည် မပြန်တော့ဘူး မလေးရှားမှာပဲ တစ်သက်လုံး နေတော့မယ်ဆိုရင်တော့ ဘာမှ မပြောလိုဘူး မိသားစုတာဝန်တွေ ရှိသေးတယ် ပြန်အုံးမယ် ပြန်ချင်သေးတယ် ဆိုရင်တော့ တွက်တက်ရမယ် မြင်တက်ရမယ် ဒါမှ အပိုကုန်စရာတွေကို သတိလက်လွတ် မသုံးမိမှာ အဲ့လိုမတွေးခေါ် မစဉ်စားပဲ ငါ ၁လကို Rm 2500 , 3000 ရနေတာပဲ 800, 1000 လောက်သုံးတာ ဘာမှ မဖြစ်ပါဘူးဆိုပြီး ပိုးနေတဲ့ကောင်မလေးက အထင်တွေကြီးအောင် သူများတွေအထင်ကြီးအောင် သူဌေးလို သုံးပြနေရင်တော့ ပြန်တဲ့အခါကြမှသိမယ် သူဌေးဖြစ် မဖြစ်တော့ မသေချာဘူး ခဝေးဖြစ်နိုင်တယ်ဆိုတာလေးကိုတော့ စေတနာနဲ့ သတိပေးစကားလေး ပြောပါရစေကွဲ့... နော. တစ်ချို့ တချိုတွေက နွားလို ရှာပီး သူဠေး လိုသုံး လေလုံး ထွား အဲ့လို လူမျိုးတွေ ရှိသေးတယ်
♥️သဲငယ် ♥️
Region: MY
Monday 09 February 2026 14:23:19 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @fhjnnznxkxkhjj, please go to the Tikwm
homepage.