@sandarlwin935: "ချစ်နေဖို့ထက်ကိုယ့်အပေါ် စေတနာရှိဖို့လိုတယ်" ကိုယ်ရဲ့လက်တွဲဖော်တစ်ယောက်ဟာ ယောကျာ်းလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ ကိုယ်အပေါ် စေတနာရှိတဲ့လူမျိုးဖြစ်ဖို့လိုတယ်။ ချစ်တော့ချစ်တယ် ကိုယ့်အတွက် အတ္တကြီးနေတဲ့ လူမျိုးဖြစ်နေရင် စိတ်ဆင်းရဲရတယ်။ လူတစ်ယောက်ချစ်ဖို့ မချစ်ဖို့ထက် စေတနာ ရှိ၊ မရှိစကားပြောကြည့်ပြီး လေ့လာကြည့်ယုံနဲ့ အနည်းငယ် ခန့်မှန်းလို့ရတယ်။ ဒါပေမယ့် မသိစိတ်ကြောင့် လူတစ်ယောက်ကိုချစ်မိပြီ ဆိုရင် သူရဲ့ဆိုးတာတွေကို မမြင်နိုင်တော့တာပါပဲ။ ယောကျာ်းလေးတွေမှာ မိန်းကလေးတွေကိုကြည့်ရင် ပထမဆုံး လှတာလေးကို အရင်မက်ကြတယ်။ မဟုတ် လည်း အရည်အချင်းရှိတဲ့သူကို မက်ကြတယ်။ တစ်ချို့လူတွေကြတော့ ကိုယ့်အပေါ် စေတနာရှိတဲ့ မိခင်နဲ့တူတဲ့အမျိုးသမီး မျိုးကိုပဲရွေးကြတယ်။ မိန်းကလေးအများစုကတော့ မိခင်နဲ့ပိုတူကြတယ်။ ဒါ ပေမယ့် အကုန်လုံးတော့မဆိုနိုင်ဘူး။ တစ်ခါတလေကျတော့လည်း သူ့ဆီကဘာရမလဲဆိုတဲ့ စိတ်နဲ့ ချစ်နေကြတဲ့ သူတွေလည်းရှိတယ်။ နောက်ဆုံးကျတော့ အချစ်ဆိုတာထက် စိတ်နှလုံး ကောင်းပြီး ကိုယ့်အပေါ် တကယ်မေတ္တာထားပေးနိုင် တဲ့ အမျိုးသမီးမျိုးကို ရွေးချယ်ကြတာမှန်မယ်လို့ထင် တယ်။ ငွေကြေးတစ်ခု၊ အလုပ်တစ်ခု၊ ပြည့်စုံချမ်းသာမှုတစ်ခုနဲ့ အချစ်ကိုဖော်ပြလို့မရဘူး။ ကိုယ်လိုအပ်တာကို ဖြည့်ဆည်းပေးနေတဲ့သူနဲ့ လိုချင် တာကို ဖြည့်ဆည်းပေးနေတဲ့သူတောင် ချစ်တာခြင်းမ တူညီကြဘူး။ စေတနာဆိုတာ မရှိတဲ့ကြားကနေ မရရအောင်ဖန်တီး ပေးချင်နေတာမျိုး။ ဝင်ငွေအများကြီးရှိပြီး ဘာမှလုပ်မပေးတဲ့သူမျိုးထက် သူ့မှာရှိတဲ့ဝင်ငွေလေးနဲ့ကိုယ့်ကို ဖြည့်ဆည်းပေးတာမှ စေတနာရှိတယ်လို့ ခေါ်တယ်။ ချစ်တာချင်းတူကြပေမယ့် စေတနာကတော့ကွာတယ်။ တကယ်တော့လူတွေက ချစ်ရင် ဘာမဆိုကျော်ဖြတ်နိုင် တယ်လို့ ထင်ကြတယ်။ အချစ်ဆိုတာထက် စေတနာ မေတ္တာက ပိုလိုအပ်ပါတယ်။ သူလိုအပ်တာနဲ့ ကိုယ်လိုအပ်တာ သေချာသိပြီး နွေး ထွေးမှုပေးနိုင်ရတယ်။ သူကချစ်ပြတာကိုလိုရင် ချစ် ပြပေးတတ်ရမယ်။ ချစ်ကြပုံခြင်းမတူကြရင်တောင် နားလည်ကြရပါလိမ့်မယ်။ ဒါမှ အချစ်ရဲ့အဓိပ္ပာယ်နဲ့ အချစ်ရဲ့သက်ရောက်မှုတွေ ဟာ အသက်ထက်ဆုံး ရှိသွားကြပီး၊ အိုမင်းခြင်းအရွယ် အထိ ရှင်သန်သွားကြသည်ပေါ့... #Yitt🦋🌻 #crd #tiktokviral
စန္ဒာ🦋🌻
Region: MM
Friday 13 February 2026 12:19:37 GMT
Music
Download
Comments
nwayyumay3 :
လက်ထဲပိုက်ဆံ7000ဘဲရှိချိန်မှာတောင်သူ့အတွက်6000တန်ဒံပေါက်ဝယ်ပေးပြီးကိုယ်က1000ဖိုးဘဲမုန့်စားပြီးနေခဲ့ဖူးတယ်
အချစ်ဆိုတာစေတနာပါဘဲ🥰
2026-02-17 13:49:04
8
Yamin :
ကိုယ့်အတွက်တောင်ငဲ့မကြည့်ဘဲချစ်တဲ့သူမျိုးပါ ဘယ်တော့မှကိုယ့်တန်ဖိုးကိုသိသောသူနဲ့ဆုံနိုင်မလဲနော်😳
2026-02-17 14:09:47
4
💞💞 Kyawt Kyawt Mar💖💖 :
စာသားလေးcopyလေးယူချင်လို့ချပေးပါ့လား
2026-02-14 13:50:06
4
Thae Ko Ko 💕 :
ကိုယ့်ကို ကိုယ်ထက်
သူမသာ အေးချမ်းစေချင်တယ်
သူမသာ ပျော်ရွှင်စေချင်တယ်
သူမ သာ အဆင်ပြေစေချင်တယ်
🥰🥰🥰🥰
2026-02-23 04:46:11
2
[ Thu. Ya. Aung ] :
ကိုယ်ကိုတိုင်ခက်ခဲ့ရုန်းကန်နေရတဲ့အချိန်းမှာတောင် မင်းကိုကူညီတယ်ဆိုးရင် အဲ့ဒါက အကူညီမဟုတ်ပ့ဘူးနော် ဲဲ့ဒါကချစ်ခြင်းမေတ္တာပါနော် စားရေးဆရာမောင်သာချို''
2026-04-08 00:22:41
3
zayar min👻 :
စေတနာကိုနားမလည်တဲ့သူကိုကြတော့ရော ဘယ်လိုပြောမလဲ
2026-02-15 04:43:12
11
ꜱʜɪɴɴᴇ❤️🔥 :
ကို့အတွက်သာ မသုံးတာ
ကိုယ်ချစ်သူအတွက်ဆို ဒါလေး ဆို သူနဲ့လိုက်မှာပဲ ဒီဟာလေးသူစားဖို့၀ယ်သွားအုံးမှာပဲ ဆိုတဲ့အတွေးက ငါ့မှာဘာလို့ရှိနေပါလိမ့်😌
2026-02-15 06:22:17
5
Zar Chi(Tarot&bakery&handmade) :
ကိုဆိုဖုန်းဘေတထောင်တောင်နှမျောတာသူအတွက်ဆိုပိုက်ဆံချေးပီးဝယ်ပေးတာ🥺
2026-03-23 07:58:06
0
Mhawe🍀♐ :
ပြတ်သွားတာ နှစ်ချီနေပြီ ကျမအတွက်ဆိုပြီး ခုထိ သတိရတိုင်း ပစ္စည်းလေးတွေလာပို့နေတုန်း🥺
2026-03-24 16:52:37
1
ᥫ᭡ 𝓜𝓲𝓷 𝓣𝓱𝓲𝓽 ᥫ᭡ :
စာသားလေးယူသုဲးခွင့်ပြုပါနော်🙏
2026-04-14 00:11:40
1
Aye Myat♌ :
အမှန်ပါဘဲ ကိုယ်ဆိုတာနောက်မှပါ သူ့ကိုဘဲအရင်မြင်မိတယ်🥰
2026-04-07 07:09:35
1
Su Myat :
စာသားယူသုံးခွင့်ပြုပါရှင့်🥰
2026-02-17 05:45:46
1
Forward :
သိပ်မှန်တာပေါ့
ချစ်တယ် ပြောပြီး စေတနာ မရှိတာတွေ ရှိကိုရှိတာ
2026-03-14 15:05:49
1
☘️☘️🦋Žîñ Mîñ Ťĥŭ Ťĥŭ ƘŐ🦋☘️☘️ :
အမှန်ပါပဲ🥰ဒါမဲ့သူက😳
2026-02-18 03:39:25
1
🍒Tin Zar Win 🍒 :
:စာသားလေးcopyလေးယူချင်လို့ပ့
2026-02-18 10:54:34
1
♥..𝓓𝓪𝓿𝓲𝓭 :
အချစ်ဆိုတာစေတနာဆိုတာကိုတော့ယုံတယ်တစ်ချို့ကျတော့ပေါ့😆
2026-02-23 11:11:10
1
H.M.T :
စေတနာကောမေတ္တာရော အချစ်စစ်တွေပါပေးခဲ့တဲ့လူကြဘာလို့ပစ်ပယ်ခံရတာလဲဗျာ🥺🥺🥺🥺
2026-02-21 15:42:59
1
Soepaing :
ဟုတ်
2026-02-23 02:52:16
1
H.Z.M.🌷🌼 :
အဲ့လိုစိတ်နဲ့ပဲချစ်ပေးပါတယ်😔
2026-02-17 18:53:49
1
❤Sai❤Yan❤Naung😘 :
မှန်လိုက်တာဗျာယူသုံးလို့ရလားဗျ
2026-02-15 15:27:39
1
N 🇲🇲 :
ပြန်တင်ခွင့်ပြုပါ🥰
2026-02-15 15:22:52
1
monlay58328 :
copy နော်🥰
2026-02-14 11:39:43
1
🐉Khin Lay🐉pyay🐉 thu lay🐉 :
စားသားလေချပေးပါလား🥰🥰🥰
2026-02-14 13:22:03
1
Nant :
copyလေးယူပါရစေ🥰
2026-02-21 07:25:54
1
KOPAI007 :
❤️🖤💜ချစ်ဆုံးလေးရယ်😘😘😘
2026-02-15 03:46:41
3
To see more videos from user @sandarlwin935, please go to the Tikwm
homepage.