@nanda.krniawan:

Greinnan
Greinnan
Open In TikTok:
Region: ID
Sunday 15 February 2026 10:47:05 GMT
206
3
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @nanda.krniawan, please go to the Tikwm homepage.

Other Videos

ခုံနံပါတ်လဲထိုင်ပေးခဲ့မိလို့ အသက်ရှင်လွတ်မြောက်သွားခဲ့တဲ့ ညီလေးနဲ့ ကွယ်လွန်သွားခဲ့ရတဲ့ ခရမ်းသား ကိုကောင်းထက်ကျော် သီတင်းကျွတ်ပိတ်ရက်မှာ မိသားစုဆီ အလည်ပြန်ဖို့ ခရီးစခဲ့တဲ့ ခရမ်းမြို့နယ်သား ကိုကောင်းထက်ကျော်ဆိုတဲ့ လူငယ်လေးတစ်ယောက်အတွက်တော့ ဒီခရီးစဉ်ဟာ သူရဲ့ ဘဝခရီးလမ်းကို ရုတ်တရက် အဆုံးသတ်သွားစေခဲ့တဲ့ ရင်နင့်စဖွယ် အဖြစ်ဆိုးတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က အသက် ၃၈ နှစ်အရွယ် ကိုကောင်းထက်ကျော်ဟာ ပြင်ဦးလွင်ကနေ ရန်ကုန်ကို “နယူးမန္တလာထွန်း” ခရီးသည်တင် အိတ်စပရက်စ်ကားကြီးနဲ့ ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ကားဂိတ်က သူ့ကို ထိုင်ခုံနံပါတ် (၇) ကို ချပေးခဲ့ပေမဲ့ ကားပေါ်ရောက်ချိန်မှာတော့ ခုံနံပါတ် (၇) ရော (၈) မှာပါ ဘယ်သူမှ မရောက်သေးတာကြောင့် ကိုကောင်းထက်ကျော်က နံပါတ် (၈) နေရာမှာ ဝင်ရောက်ထိုင်ခဲ့မိပါတယ်။ အဲဒီနောက်မှာမှ ခုံနံပါတ် (၈) ပိုင်ရှင်ဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုသန်းထိုက်အောင် ကားပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ ကိုကောင်းထက်ကျော်က ၎င်းရဲ့ ခုံပေါ်မှာ ထိုင်နေတာကို တွေ့ရချိန်မှာ ကိုသန်းထိုက်အောင်က မခက်ခဲစေရန်
ခုံနံပါတ်လဲထိုင်ပေးခဲ့မိလို့ အသက်ရှင်လွတ်မြောက်သွားခဲ့တဲ့ ညီလေးနဲ့ ကွယ်လွန်သွားခဲ့ရတဲ့ ခရမ်းသား ကိုကောင်းထက်ကျော် သီတင်းကျွတ်ပိတ်ရက်မှာ မိသားစုဆီ အလည်ပြန်ဖို့ ခရီးစခဲ့တဲ့ ခရမ်းမြို့နယ်သား ကိုကောင်းထက်ကျော်ဆိုတဲ့ လူငယ်လေးတစ်ယောက်အတွက်တော့ ဒီခရီးစဉ်ဟာ သူရဲ့ ဘဝခရီးလမ်းကို ရုတ်တရက် အဆုံးသတ်သွားစေခဲ့တဲ့ ရင်နင့်စဖွယ် အဖြစ်ဆိုးတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က အသက် ၃၈ နှစ်အရွယ် ကိုကောင်းထက်ကျော်ဟာ ပြင်ဦးလွင်ကနေ ရန်ကုန်ကို “နယူးမန္တလာထွန်း” ခရီးသည်တင် အိတ်စပရက်စ်ကားကြီးနဲ့ ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ကားဂိတ်က သူ့ကို ထိုင်ခုံနံပါတ် (၇) ကို ချပေးခဲ့ပေမဲ့ ကားပေါ်ရောက်ချိန်မှာတော့ ခုံနံပါတ် (၇) ရော (၈) မှာပါ ဘယ်သူမှ မရောက်သေးတာကြောင့် ကိုကောင်းထက်ကျော်က နံပါတ် (၈) နေရာမှာ ဝင်ရောက်ထိုင်ခဲ့မိပါတယ်။ အဲဒီနောက်မှာမှ ခုံနံပါတ် (၈) ပိုင်ရှင်ဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုသန်းထိုက်အောင် ကားပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ ကိုကောင်းထက်ကျော်က ၎င်းရဲ့ ခုံပေါ်မှာ ထိုင်နေတာကို တွေ့ရချိန်မှာ ကိုသန်းထိုက်အောင်က မခက်ခဲစေရန် "ရတယ်အစ်ကို ထိုင်ပါ၊ ညီလေးက နံပါတ် ၇ မှာပဲ ထိုင်လိုက်မယ်" လို့ ယဉ်ကျေးစွာ ပြောဆိုခဲ့တာကြောင့် သူတို့နှစ်ဦးဟာ ခုံနေရာ လဲလှယ်ထိုင်ဖြစ်ခဲ့ကြပါတယ်။ ခရီးစဉ်ဆက်လက်လာစဉ် ပြင်ဦးလွင် မီးသတ်ကွေ့အရောက်မှာတော့ မထင်မှတ်ထားတဲ့ ကံဆိုးမိုးမှောင်ကျမှုနဲ့ ကြုံတွေ့ခဲ့ရပြီး ၎င်းတို့စီးလာတဲ့ နယူးမန္တလာထွန်း ကားကြီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရပါတယ်။ အဆိုပါ ဆိုးရွားတဲ့ ကားချောက်ထဲကျ မတော်တဆမှုကြောင့် နေရာလဲထိုင်ခဲ့တဲ့ ခရမ်းမြို့နယ်သား ကိုကောင်းထက်ကျော်ကတော့ အသက်ဆုံးပါးသွားခဲ့ရရှာပါတယ်။ သို့သော်လည်း ကိုကောင်းထက်ကျော်နဲ့ ခုံနေရာ လဲလှယ်ထိုင်ပေးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ကိုသန်းထိုက်အောင်ကတော့ ကံကောင်းထောက်မစွာနဲ့ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး အသက်အန္တရာယ်မှ အလွတ်အမြောက် ကင်းဝေးခဲ့ပါတယ်။ ကံကြမ္မာရဲ့ ဖန်တီးမှုကြောင့် သူနဲ့နေရာလဲထိုင်ပေးခဲ့ပြီး အသက်ဆုံးပါးသွားခဲ့ရတဲ့ အစ်ကိုဖြစ်သူအတွက် ကိုသန်းထိုက်အောင်က အလွန်တရာ စိတ်မကောင်းဖြစ်ကြောင်း ရင်ဖွင့်ပြောဆိုခဲ့ပြီး၊ ကွယ်လွန်သွားခဲ့တဲ့ ကိုကောင်းထက်ကျော်အတွက် နာရေးကိုတော့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ မိသားစုဝင်များက ထုတ်ဖော်ပြောကြားထားပါတယ်။

About