@koharzwu7j0: #အဌာနမေတံဂါထာတော် ရွတ်ဖတ်နည်း အဆင့်ဆင့် ************************************ အဋ္ဌာနမေတံ ဘိက္ခဝေ အနုဝကာသော၊ ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ(တေ) ဟောတု သဗ္ဗဒါ။ ပါဠိသံထွက်ရွတ်ဆိုနည်း **************** အတ်ထာနမေတံ ဘိတ်ခဝေ အနဝကာသော ယံ ပရူပက်ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ အနုပက်ကမေန ဘိတ်ခဝေ တထာဂတာ ပရိနိတ်ဗာယန်တိ အေတေန သစ်စဝတ်ဇေန သွတ်ထိ မေ(တေ) ဟောတု သဗ်ဗဒါ။ ဂါထာတော်အနက် ************** ဘုရားရှင်တို့ မည်သည် သူတပါးတို့၏ လုံ့လ ပယောဂဖြင့် သေရိုး ထုံးစံမရှိ။ အချိန်တန်မှသာ အလိုအလျှောက် ပရိနိဗ္ဗာန် စံတော်မူကြသည်။ ဤမှန်ကန်သော သစ္စာစကားကြောင့် တပည့်တော်အား ကောင်းကျိုးချမ်းသာ ဖြစ်ပါစေသတည်း... ဒီ အဌာနမေတံ ဂါထာသည် ****************** -အဆိုးတွေကို ကင်းလွှတ်စေတယ်... -ဘုရားရှင်ရဲ့ နှုတ်ထွက် ဂါထာဖြစ်တယ်... -ဂါထာကို တစ်ခေါက်ရွတ်တိုင်း ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုပွားများပြီးရွတ်ဆိုပါ... -အထူးအရေးကြီးတဲ့ဘေးအန္တရာယ်နဲ့ကြုံတွေ့နေရင် အခက်အခဲပြသနာနဲ့ကြုံတွေ့နေရင် တနေ့( ၁၀၈ ခေါက်) ရွတ်ဖတ်ပူဇော်ပါ... ရွတ်ဖတ်ပူဇော်ပြီးရင် - အကျွန်ုပ်သည် အဌာနမေတံ ဂါထာကို (၁၀၈ ခေါက်)ရွတ်ဖတ်ပွားများ ပြီးပါပြီ... ဤစကားသည်မှန်ပါတယ်... ဤမှန်တဲ့သစ္စာစကားကြောင့်... ဤမှန်တဲ့သစ္စာရဲ့တန်ခိုးကြောင့်လည်းကောင်း အဌာနမေတံ ရဲ့ တန်ခိုးကြောင့်လည်းကောင်း အဌာနမေတံ ဂါထာကိုရွတ်ဖတ်ပွားများရတဲ့ ကုသိုလ်ကောင်းမှုကြောင့် လည်းကောင်း အဌာနမေတံ ဂါထာကိုစောင့်ရှောက်နေကြတဲ့နတ်များရဲ့တန်ခိုးတော်ကြောင့်လည်းကောင်း အဌာနမေတံ ဂါထာ ကိုလာရောက်နာယူကြတဲ့နတ်များရဲ့တန်ခိုးတော်ကြောင့်လည်းကောင်း အခက်အခဲယနေ့ ယခု ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့ တန်ခိုးတေဇောအာနုဘော်အရှိန်အဝါကြောင့်လည်းကောင်း တပည့်တော်အခုလက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်း အနှောက်အယှက်အပိတ်အပင် အဟန့်အတား အန္တရာယ် ဆိုးတွေကနေ လွှတ်မြှောက်ပါစေ... ဘုရားတပည့်တော်ကြုံတွေ့နေရတဲ့ အဆိုးတွေကနေ လွှတ်မြှောက်ပါစေ...ဟု ဆုပန် သစ္စာဆိုပါ... ဆရာတော်အရှင်ဆန္ဒဓိက (ရွှေပါရမီတောရ) ****************************************** အလွန်အစွမ်းထက်သော" အဌာနမေတံ ဂါထာ" ရွတ်ဖတ်ပူဇော်ရန်အတွက်🙏 ၁။ နံနက် ၅း၀၀ ~ ၆း၀၀ အတွင်း ၂။ သောက်တော်ရေ (၅)ခွက် ဆီမီး (၅)တိုင် ဖယောင်းတိုင်(၅)တိုင် အမွှေးတိုင်(၅)တိုင် ပူဇော်ပြီး ၃။ ( ၅ )ပါးသီလခံယူပြီးလျှင် အောက်ပါ အဌာနမေတံ ဂါထာကို (၉)ခေါက် / (၂၇)ခေါက်ကို ရွတ်ဖတ်ပူဇော် ပါလျှင် (၁)လအတွင်း ထူးကဲသောအကျိုးများကို ခံစားရပါမည်။ ထိုဂါထာကို ရွတ်ဖတ်ပူဇော်နေသည့်ကာလအတွင်းးး * မည်သို့သော အောက်လမ်းအတက်ပညာမှမပြုစား မနှောင့်ယှက်နိုင်ပါ။ * မိမိ၏ အသက်ကို မည်သူမျှ နှုတ်ယူခွင့် မရနိုင်ပါ။ * ကုသ၍မပျောက်နိုင်သော ရောဂါများကိုလဲ ထူးခြားစွာပျောက်ကင်းနိုင်ပါသည်။ * မိမိ၏ လာဘ်လာဘကိုလဲ မည်သူမျှ မတားဆီး မပိတ်ပင်နိုင်ပါ။ ရှိပြီးသားစည်းစိမ်ဥစ္စာတို့သည်လည်း မပျောက်ပျက်နိုင်ရာ။ လာဘ်လာဘတို့သည်လည်း ထူးခြားစွာ ပွင့်လင်းလာပါသည်။ * မိမိ၏ ဉာဏ်ပညာ (ကံ ဉာဏ် ဝီရိယ)တို့ကိုလည်း မည်သူမျှ မတားဆီး မပိတ်ပင်နိုင်ပါ။ * မိမိ၏ ရှိပြီးသော ကိုယ်လက်အင်္ဂါအစိတ်အပိုင်း (လက္ခဏာကြီးငယ် အသွယ်သွယ်)တို့ကိုလည်း မည်သူမျှ မဖျတ်ဆီးနိုင်ပါ။ အန္တရာယ်ကင်းစွာ နေရပါသည်။ သေကံမရောက် သက်မပျောက်စေခဲ့သော/ အလွန်အစွမ်းထက်သော/ ဗုဒ္ဓစာပေကျန်းဂန်များမှ ဆင်းသက်လာသော ထိုဂါထာကို ဓမ္မဒါနအဖြစ် မျှဝေပေးလိုက်ပါတယ်သူတော်ကောင်းတို့.... မူရင်းရေးသားသူအား လေးစားစွာဖြင့် ကုသိုလ်ယူ ပြန်လည်မျှဝေပေးလိုက်ပါရစေရှင့်🙏 #ကုသိုလ်ယူမျှဝေပါ၏ဘုရား🙏🙏🙏 #ဗုဒ္ဓဘာသာ #ဓမ္မဒါန #foryoupage

SoneSiNaPhar🦂
SoneSiNaPhar🦂
Open In TikTok:
Region: MM
Monday 16 February 2026 06:00:17 GMT
3604
107
3
27

Music

Download

Comments

dawmyo72
user9027776596175 :
🙏🙏🙏
2026-02-16 06:36:13
1
nyikhant45
Deep💥 :
🥰🥰🥰
2026-07-08 23:37:48
0
ya.wi59
Zinmarnwee(anger lay) :
🙏🏻🙏🏻🙏🏻
2026-07-26 23:23:27
0
To see more videos from user @koharzwu7j0, please go to the Tikwm homepage.

Other Videos


About