@tamy.roldan20: jajajajaja me revienta un caliente

tamaraantonella26
tamaraantonella26
Open In TikTok:
Region: US
Wednesday 18 February 2026 00:13:03 GMT
240
11
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @tamy.roldan20, please go to the Tikwm homepage.

Other Videos

ဆက်ဆံရေးတွေမှာ အနစ်နာခံရ ၊ အရှုံးပေးရလို့ ပင်ပန်းရရင်တောင် … ဝမ်းမနည်းဘူး ။ စေတနာကို တန်ဖိုးမထားလို့ … ကျေးဇူးမတင်လို့ ဆိုပြီးလည်း နောင်တမရပါဘူး ။ ကိုယ့်ဘက်က ကောင်းခဲ့ရသလောက် ပြန်မငဲ့ညာလည်း အငြိုးတေးမထားတတ်ဘူး ။ အရာရာဟာ ကိုယ်ခွင့်ပြုခဲ့တာ ။ ကိုယ်ခွင့်ပြုလို့ ဖြစ်ခဲ့တာ ။ ဘယ်သူ့ ပယောဂမှမပါပဲ ကိုယ့်စိတ်ရဲ့အရောင်အတိုင်း ရှိခဲ့တာ ။ ဖြည့်ဆည်းလိုစိတ်ကလည်း ကိုယ်တိုင်မွေးမြူခဲ့တာ ။ အောက်ကျခံပြီး မေတ္တာပေးတာကလည်း ကိုယ်တိုင်ကြည်ဖြူခဲ့တာ ။ မိမိကိုယ်ကိုနိမ့်ချပြီး ဆက်ဆံခဲ့တာကလည်း … ကိုယ့်စိတ်အတိုင်း ဆုံးဖြတ်ခဲ့တာ ။ အရာရာဟာ ကိုယ့်စိတ်ရှိအတိုင်း နေခဲ့တာ ။ ကိုယ်ဆီက တစ်ခုခုပေးတာဟာ ကိုယ်ချစ်လို့ပေးတာ .. မေတ္တာရှိလို့ပေးတာ ၊ ကြည်ဖြူလို့ ပေးခဲ့တာ ။ ကိုယ်စိတ်မကုန်ခင်ထိ စိတ်ရှိသလောက် စေတနာထားခဲ့တာ ။ အဆုံးသတ်မှာ လူ့စိတ်က ဘယ်လိုပြောင်းလဲမယ်ဆိုတာ ကိုယ်မသိချင်ခဲ့ဘူး ။ အရာရာဟာ ဟန်ဆောင်ပြီး လူကောင်းလုပ်ခဲ့တာမှ မဟုတ်ပဲ ။ အဲဒီအတွက် Drama လည်း မခင်းဘူး ။ စိတ်ဆိုး ဒေါသလည်း မဖြစ်ဘူး ။ ဒါကိုတုံးအတယ်လို့လည်း မထင်စေချင်ဘူး ။ ကိုယ့်စိတ်ဟာ … ဒီအတိုင်းပဲမို့ … ။ သင်ယူခဲ့ဖူးတဲ့ အဆုံးမတွေဟာ လူကောင်းတစ်ဦးသာ ဖြစ်ချင်ခဲ့လို့ ။ ပြန်ရဖို့မျှော်လင့်တဲ့စိတ်နဲ့ စေတနာထားတတ်သူ မဟုတ်ခဲ့တာမို့ … ။ ကိုယ်ပေးနိုင်တဲ့ မေတ္တာနဲ့ နွေးအောင် နေထိုင်ခဲ့ပြီးသားပဲမို့ ။ ဒါပေမဲ့ ကိုယ်ယုံကြည်တာ တစ်ခုကလေ … စိတ်ကောင်းထားတဲ့သူဟာ ဆိုးတဲ့ ဘဝမှာ ကြာကြာမနေရဘူး ။ မကောင်းတဲ့သူတွေဟာ သူ့အလိုလို ထွက်သွားလိမ့်မယ် ။ ကောင်းတဲ့ စိတ်စေတနာကံကလည်း အချိန်တန် အကျိုးပေးလိမ့်မယ် ။ ဒီကံကြမ္မာဟာ ကိုယ့်ဘဝရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ ။ Happy Ending ဆိုတာ မရှိတဲ့ လူ့ဘဝမှာ .. တစ်နေ့နေ့တော့ အကြောင်းပြချက်တစ်ခုခုနဲ့ သေချာပေါက်ခွဲကြရမှာပဲ ။ အဲဒီအခါ အမြဲသည်းခံခဲ့တဲ့ကိုယ် … ကောင်းတာတွေချည်း ပေးချင်ခဲ့တဲ့ကိုယ် … လုံလောက်တာထက်ပို စေတနာထားခဲ့တဲ့ကိုယ်က ဝမ်းနည်းရတဲ့သူအဖြစ် ကျန်နေရစ်မှာမဟုတ်ဘူး ။ ဘာလို့ဆို ကိုယ်ဖြတ်သန်းခဲ့သမျှ နေ့တွေမှာ … လူတွေနဲ့ ပတ်သက်ရင် နောင်တမရှိလို့ ။ လူတွေဟာ ခွဲရပြီး … မှတ်ဉာဏ်တွေသာ ကျန်ခဲ့မှာ ။ ကျန်ခဲ့တဲ့ မှတ်ဉာဏ်တွေမှာ … သတိရတိုင်း အပြစ်ရှိစိတ်တွေသာ ခံစားနေရမဲ့သူဟာ ကိုယ်မဟုတ်ဘူး ။ ပေါ့ပါးတဲ့ စိတ်အစဉ်နဲ့ အေးအေးလူလူ ရှေ့ဆက်သွားနေမဲ့သူဟာ ကိုယ်ပဲ ။ ဒါကြောင့် ကိုယ်ကြည်ကြည်ဖြူဖြူ ပေးလှူခဲ့တဲ့ စိတ်စေတနာ နှင့် မေတ္တာ အတွက် … တန်ဖိုးထားမခံရလည်း … အသွားပြန် မရှိလည်း ယနေ့ချိန်အထိ အကြွင်းမဲ့ နောင်တကင်းလျက်ပါပဲ ။ #tharhtwe

About