@zayartbz7news: BNRAခေါင်းဆောင်ပိုင်းက သုဘရာဇာ နဲ့ ဒေါင်းညိုကို PDF တွေကထိန်းသိမ်းထားပြီး ကောင်းကောင်းမွန်မွန်ရှိနေကြောင်း ထုတ်ပြ ■BNRAတပ်ရင်း(၃)တပ်ရင်းမှူး ဗိုလ်မျက်လုံး လက်နက်ချပြီးမှ စစ်တပ်ထံ ထွက်ပြေး ဖေဖော်ဝါရီ-၂၀၊၂၀၂၆။အိမ်သွင်၊ရဲခေါင် /People's Spring BNRAအဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ သုဘရာဇာနဲ့ ဒေါင်းညို တို့ကို PDF တွေက ထိန်း သိမ်းထားပြီးအသက်ရှင်လျက်ရှိကြောင်း ရုပ်သံမှတ်တမ်းကို ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) တပ် ရင်းမှူး ဗိုလ်စွမ်းက ဒီကနေ့ဖော်ပြလိုက်ပါတယ် ။ ဒါပေမယ်ယ့် BNRAတပ်ရင်း(၃) တပ်ရင်းမှူး ဗိုလ်မျက်လုံးကတော့ PDF တွေဆီ လက်နက်ချပြီးမှ ထွက်ပြေးသွားပြီး အာဏာသိမ်းစစ်တပ်နဲ့ ပူး ပေါင်းပါသွားပါတယ်။ ပုလဲမြို့နယ်ထဲက BNRAစခန်းတွေကို PDFနဲ့ ပကဖတွေကစတိုက်တဲ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ သုဘရာဇာ၊ဒေါင်းညို နဲ့ ဗိုလ်မျက်လုံးတို့ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ သူတို့သုံးဦးကို PDFတွေက သတ်ဖြတ်လိုက်ပြီလို့ သတင်းအမှားတွေကိုNUGအစိုးရကို ဝေဖန်နေသူတွေကလည်း လူမှုကွန်ရက်ကနေဆက်တိုက်ဖြန့်ဝေနေကြပါတယ်။အလားတူ စစ်အုပ်စုဘက်ကလည်းကောလဟလတွေ လွှင့်နေတာပါ ။ "ဒေါင်းညိုနဲ့ကျတော်ကိုယ်တိုင်လည်း စကားပြောပြီးပြီ။ အေးဆေးပါပဲ။သုဘရာဇာက ဆားလင်းကြီးဘက်မှာ လက်နက်ချတာ။သူတို့ကို လိုအပ်တာစစ်ဆေးနေတယ်။ သတင်းမှားတွေ ဖြန့်နေကြတယ်။ ကျတော်တို့ပ ဥပဒေလွတ်လုပ်တဲ့အဖွဲ့အစည်းတွေမှ မဟုတ်တာ"လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုခေါင်းဆောင် ဒေါက်တာနန်းဝင်းက ပြောပါတယ်။ ပုလဲမြို့နယ်ထဲမှာကျန်ရှိနေသေးတဲ့ BNRA တပ်ဖွဲ့ဝင်တွေ PDF တွေနဲ့မပူးပေါင်းအောင် သတင်းမှားဖြန့်ဝေနေတာတွေကို သတိပြုကြဖို့ ဒေါက်တာနန်းဝင်းကဆက်ပြောပါတယ်။ သုဘရာဇာ နဲ့ ဒေါင်းညိုကို ထိန်းသိမ်းထားတဲ့ ရုပ်သံဖိုင်ကို ယင်းမာပင်ခရိုင်တပ်ရင်းမှူး ဗိုလ်စွမ်းက လူမှုကွန်ရက်မှာဖေဖော်ဝါရီလ၂၀ရက် မနက်မှာ တင်ထားပါတယ်။ " သုဘရာဇာနှင့်ဒေါင်းညိုအကောင်းပကတိအ တိုင်းပါ။အကြောက်တရားနဲ့သွေးမခွဲပါနဲ့။ဖြူစင် တဲ့နှလုံးသားနဲ့လူလိုဆက်ဆံထားပါတယ်"လို့ဗိုလ်စွမ်းက ရေးသားထားပါတယ်။ ဒေါက်တာနန်းဝင်းကလည်း "လတ်တလောမှာ ဆိုက်ဝါးတွေတအားပြန့်နေတယ်။ အကုန်လုံးက အလုပ်ရှုပ်တဲ့ကြားထဲက လူထုကို အသိပေးတာ" လို့ သုဘရာဇာနဲ့ဒေါင်းညိုရဲ့ရုပ်သံဖိုင် ထုတ်ပြန်တာနဲ့ပတ်သက်လို့ ပြောပါတယ်။ သုဘရာဇာနဲ့ဒေါင်းညိုဟာ စစ်အာဏာရှင်တော် လှန်ရေးအတွက်ဖွဲ့စည်းခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ -LPDF ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဗိုလ်နဂါးက စည်းရုံးပြီး BNRAမှာ ရာထူးတွေပေးထားတာပါ။ အလောင်းတော်ကဿပကြိုးဝိုင်းထဲမှာ ဆင်သတ်မှုနဲ့ အခြားသောရာဇဝတ်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ ဗိုလ်မျက်လုံးက ဖေဖော်ဝါရီလ၁၇ ရက် နေ့လယ်ပိုင်းမှာ PDF တွေဆီလက်နက်ချပူးပေါင်းခဲ့ပြီးမှ ပြန်ထွက်ပြေးသွားပါတယ်။ "ဗိုလ်မျက်လုံးကလက်နက်လာအပ်တယ်။ယုံကြည် မှုနဲ့ထားချိန် ထွက်ပြေးပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားတယ်"လို့ ဒေသတွင်းက တော်လှန်ရေးရဲ ဘော်တစ်ဦးကပြောပါတယ်။ မျက်လုံးထွက်ပြေးပြီးစစ်ကောင်စီနဲ့ပူးပေါင်းသွားတဲ့သတင်းမှန်ကန်တယ်လို့ ဒေါက်တာနန်းဝင်းကလည်းပြောပါတယ်။ BNRAတပ်ဖွဲ့မှာအင်အား အများဆုံး ၃၀၀၊၄၀၀ ခန့်ပဲရှိနိုင်တယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဒုဝန်ကြီး ဦးကျော်နီကခန့်မှန်းပါတယ်။ဖေဖော်ဝါရီ ၁၈ ရက်အထိ တပ်ဖွဲ့ဝင် ၁၅၀ ကျော်က လာရောက်ပူးပေါင်းတာ ၊ဖမ်းမိတာတွေရှိတယ်လို့ NUG ကထုတ်ပြန်ပါတယ်။ ဗိုလ်နဂါးနဲ့အတူ BNRA ရဲ့ စစ်ရေးတာဝန်ခံ ကိုလတ်နဲ့ကိုဖြိုး တို့ဟာလည်းဖေဖော်ဝါရီလ၁၈ရက်ညနေကတည်းကစစ်တပ်နဲ့ ပူးပေါင်းသွားတယ်လို့ စစ်ရေးသတင်း ရင်းမြစ်တွေကပြောပါတယ်။ဒါပေမယ့်စစ်တပ်က ကိုလတ် နဲ့ ကိုဖြိုးတို့ စစ်တပ်နဲ့ပူးပေါင်းတာကို စစ်ကောင်စီက မဖော်ပြပါဘူး။ နဂါးနဲ့ သူရဲ့မိသားစုဝင်တွေ အလင်းဝင်လာတယ်လို့ပဲဖော်ပြထားပါတယ်။ဗိုလ်နဂါးနဲ့ အနီးကပ်နေသူတွေအကြောင်း ဖော်ပြထားခြင်းမရှိပါဘူး။ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ဗိုလ်နဂါးနဲ့ နောက်လိုက်၁၅ဦးခန့်ကိုစစ်တပ်က ရဟတ် ယာဉ်နှစ်စီးနဲ့ ခေါ်ထုတ်သွားတာလို့ပြောပါတယ်။ ကိုဖြိုးဆိုသူဟာ ဗိုလ်နဂါးရဲ့ ယောက်ဖဖြစ်ပြီး BNRAရဲ့ ဘဏ္ဍာရေးတာဝန်ခံဖြစ်ပါတယ်။ ဗိုလ်နဂါးက ကိုဖြိုးရဲ့ နှမကို ယူထားတာဖြစ်ပါတယ်။ ကိုလတ်ဆိုသူကတော့ကရင်ပြည်နယ်ဘက်ကနေ ပုလဲနယ်ကို ရောက်လာပြီး ဗိုလ်နဂါးဦး ဆောင်တဲ့ BNRAမှာ စစ်ရေးတာဝန်ခံရာထူးယူထားသူဖြစ်ပါတယ်။ ကိုလတ်ဟာ တော်လှန်ရေးကာလအစောပိုင်းက ကရင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ သေ ဆုံးတဲ့စစ်သားအရာရှိအချို့ရဲ့ဘက်တံဆိပ်တွေနဲ့ရာထူးသတ်မှတ်ပေးထားတဲ့ကြယ်ပွင့်တွေကို ဖိနပ်မှာ တပ်ပြီးလေလံတင်ရာကနေငွေကြေးအမြောက်အများရရှိခဲ့ဖူးသူဖြစ်ပါတယ်။ နောက်ပိုင်းမှာ တော်လှန်ရေးရန်ပုံငွေတွေနဲ့ပတ်သက်ပြီး အငြင်း ပွားရာကနေ ဗိုလ်နဂါးဆီ ရောက်လာသူဖြစ်ပါတယ်။ ကိုလတ်ဟာ စစ်တပ်နဲ့ပူးပေါင်းသွားတယ်လို့သ တင်းထွက်ပြီးနောက်နေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ တောင် အညာကိုခေတ္တ နှုတ်ဆက်ကြောင်း ကရင် ပြည်နယ်မှာ ပြန်ဆုံမယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့စာရေးသားခဲ့ပါသေးတယ် ။ဒါပေမယ့် အဲဒီပို့စ်ကိုပြန်ဖျက်သွား
ZayarTBZ 7 News
Region: TH
Friday 20 February 2026 06:58:15 GMT
Music
Download
Comments
Sãñ sáñ wíñ :
နောက်ဆိုအစဖျောက်ခံရမှာ ခုကပင်ပေါ်ပြတာ
2026-02-20 07:29:09
198
မင်းခန့် အညာသား :
ငါနဲ့မတူ ငါရန်သူ အယုံကြည်ကို မရှိတော့တာ
2026-02-20 10:18:10
87
ကိုချင်းကြီး :
pdf ရွာထဲဝင်ရွာပျက် မြို့ပေါ်တက်မြို့ပျက် 🤭🤭🤭😘😘😘😘
2026-02-20 07:56:59
113
NTR :
video ကို ရက်စွဲအသံပြန်ထည့်ပြီး edit လုပ်ထားတာပါ သက်ရှိထင်းရှားမရှိလောက်တော့ပါ
2026-02-20 08:44:01
54
ဗန်ဗန် :
တော်လှန်ရဲဘော်အချင်းချင်း နွေးထွေးစွာစည်းရုံးဆက်ဆံ ပူးပေါင်းကြပါ။ ခေါင်းဆောင်လုပ်တဲ့နကား အသုံးမကျလို့ လမ်းလွဲကြရတာကို နားလည်ခွင့်လွှတ်ပြီး လက်တွဲခေါ်ပေးကြပါ။
2026-02-20 07:48:14
94
🤔🤔🤔 :
တော်လှန် ရေးကြီး ကအောင်pလား
2026-02-20 12:48:12
5
saytaman (ဖန်ခါးမြေ) :
သုဘရာဇာကမတူသလိုပဲဟ
2026-02-20 08:06:59
17
kokomyo :
အလကားတော်လှန်ရေး
2026-02-20 10:12:26
42
Khin mar Thi :
BNRAခေါင်းဆောင်တွေဖိုက်တင်းနော်။
2026-02-20 10:08:19
14
အနမ်းပန်း :
တကိုယ်တော်သုဘရာဇာဆိုတာအခွင့်သာရင်ဖြဲတယ်နော်
2026-02-20 08:10:30
9
Shwe Min :
အမြင်မတူငါရန်သူဖြစ်နေကြတာအောင်ပါလိမ့်မယ်အရေးတော်ပုံ😁😁😁
2026-02-20 10:34:57
14
မိုး တိမ်လွှာ :
ခဏကြာရင်တော့ဖျောက်လိုက်မှာပေါ့
2026-02-20 08:14:47
12
gambalar :
လက်နက်ကိုင်သွားရင်အဲ့လိုပဲ အချင်းချင်းလည်းစားတယ်🥴
2026-02-20 11:06:49
6
ko kaung :
ဆိုက်ဝါးတွေလုပ်ပြနေတာ 😂😂😂ပြီးရင် သိပြီးသားတွေပါကွာ😂😂😂😂
2026-02-20 08:21:45
8
山兵土匪 :
ဇာတ်တူသားစားပြီ
2026-02-20 07:32:23
10
kaung Nyi swan :
ပုလဲ ယင်းမာပင် တော်လှန်ရေက
အင်အားကြီးသူက အမှန်တရားပါ
2026-02-20 15:38:24
3
🙅♂️ချာတိတ်🔯✝💟ကမ်းနီသား☪💞 :
မဖြစ်သင့်ဘူး🥺🥺
2026-02-25 16:13:38
1
❤️Mike❤️(Ye . Thu) :
vdတစ်ခုက သုဘရာဇာပြောတာမှန်နေတာပဲကို
2026-02-27 10:00:55
0
myo lwin :
ခေတ်သစ် ဟင်္သါကိုးသောင်းသောအဖြစ်မခံနဲ့ညီလေးတို့အတူတူပူပေါင်းတိုင်ပင်ကျဆွေးနွေးအဖြေရှာကျပါကွာ....အချိန်ကြာလာသာနဲ့အမျှ စိတ်မခိုင်းတဲ့သူတွေ ခံယူချက်မပြင်းထန်တဲ့သူတွေ သန္ဓောမမှန်တဲ့သူတွေက လွင့်ထွက်သွားတတ်သာ သဘာဝပါပဲ....နောက်ဆုံးကျန်နေသူတွေကသော...ရဲရင့်သူတို့ စွန့်လွှတ်ပြီးတိုက်တဲ့ပွဲ အောင်မြင်ပါစေ....ပေါ့ကွာ
2026-02-20 07:43:05
7
Ko Htute :
ဇာတ်တူသားစားမှတော့ ဒီတော်လှန်ရေးမပျက်ပဲရှိပါ့မလား။
2026-02-22 00:55:00
1
John Ko :
လိုချင်တော့ဒီမိုကရေစီ မင်းမဲ့စရိုက်နဲ့ပြည့်ကြီးသီချင်းစာသားလိုပဲ
2026-02-20 10:30:55
4
Chaw Su :
အဲ့လိုဒါအချင်းချင်ဖြစ်ပြနေလိုက်ပြည်သူတွေရဲယုံကြည်ချက်ကိုတစစီရိုက်ချိုနေကြတာဘယ်လိုယုံကြည်ရမှာလဲ
2026-02-20 09:50:42
4
⏏Hein Htet :
kia ကျွန်ဘဝက လွတ်တာပေါ့
2026-02-21 11:54:10
1
thu kha :
တလရကပျက်သွားပြီ
အချင်းချင်းသွေးကွဲပြီးတဖြေး
ဖြေးပျောက်ကွယ်သွားတော့မယ်
2026-02-20 12:13:50
3
Ko Linn :
လူမှန်တွေက. တစ်ကယ်သူရဲကောင်းတွေ
အဖမ်းခံရတာစိတ်နာလို့မဆုံးပြီး
2026-02-20 09:40:40
4
To see more videos from user @zayartbz7news, please go to the Tikwm
homepage.