@the.king.of.sky.7: အရပ်သားများကို ပစ်မှတ်မထားရန် တအာင်းအရပ်ဘက်အဖွဲ့များ တောင်းဆို ၂၄ ၊ ၂ ၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ တအာင်းတပ်(TNLA) နဲ့ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်တွေအကြား စစ်ရေးတင်းမာနေမှုမှာ ဒေသခံတွေကို ပစ်မှတ်မထားဖို့ တအာင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက်က တောင်းဆိုလိုက်ပါတယ်။ နှစ်ဖက် စစ်ရေးအခြေအနေတွေကြားမှာ ဒေသခံပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးတာ၊ လမ်းပိတ်ဆို့တာတွေ မလုပ်ဖို့ကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန် တောင်းဆိုကြတာပါ။ လက်ရှိမှာ လက်နက်ကိုင်အချင်းချင်းကြား ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကြောင့် အရပ်သားပြည်သူတွေဟာ ဓားစာခံသဖွယ် ဖြစ်နေပြီး သွားလာခွင့် ကန့်သတ်ခံရတာတွေနဲ့ ကုန်စည်စီးဆင်းမှု ပိတ်ဆို့ခံနေရတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါကြောင့် မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ပြည်သူလူထုအပေါ် အပြုသဘောမဆောင်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်နဲ့ အမြန်ဆုံးဖြေရှင်းကြဖို့ တအာင်းအရပ်ဘက်အဖွဲ့၆ ဖွဲ့က ထုတ်ပြန် တိုက်တွန်း တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ပ်(TNLA)နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့ဟာ အာရက္ခတပ်တော် (AA) နဲ့အတူ ၂၀၁၉ ဇွန်လမှ စတင် ဖွဲ့စည်းခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။ #TNLA #MNDAA

The Shan Land Military
The Shan Land Military
Open In TikTok:
Region: TH
Tuesday 24 February 2026 14:33:50 GMT
59050
812
18
89

Music

Download

Comments

daniel.aung03
Daniel Aung :
မလုကြနှင့်
2026-10-30 04:31:57
1
maphaw64
MaPhaw :
ဘာလို့သူမိားခေါင်းကိုပဲရိုက်နေဒါလဲလူသားအချင်းချင်းကို
2026-09-30 12:56:06
1
user723855375
ZawZaw :
ဘာတွေလု့နေတာလဲ ဘယ်သူမှမရဘူး
2026-10-08 13:17:27
1
typing234567gu
Țÿpīñĝ...... :
သေနတ်နဲ့ရိုက်ကြတာလား😳
2026-08-08 14:41:00
0
user9990281461106
ဆောင်း😘 :
လက်တစ်ဝါးစာနေရာလေးထဲမှာတောင်နှစ်ဖွဲ့လုနေတာနိုင်ငံတစ်ခုလုံးရရင်တွေးတောင်မတွေးရဲဘူး
2026-10-09 18:33:25
3
kyawsan.win635
Kyawsan win :
မလုပ်ကြပါနဲ့ဗျ ငါတို့က သွေးသောက်ညီကိုတွေလေ ဆိုးတူကောင်းဖက် အတူတည်ဆောက်လာကြတဲ့ ငါ့တို့ရဲ့ရင်းနီး ချစ်ခင်မှု့တွေကို ဘာမဟုတ်တာလေးနဲ့ ချေဖျက်ကြတော့မလို့လား။ တိုက်ပွဲတွေမှာ ငါတို့အတူ ကြော့ချင်းကပ်ပြီး ငတ် တလှည့် ပြတ်တလှည့်နဲ့ ဆိုးတူကောင်းဖက် ဒီသံယောဇဉ်တွေကို ဒီဟာလေးနဲ့ချေဖျက်လိုက်ကြတော့မလို့လား။ ပါးစပ်လေးနဲ့ အကောင်းညိှလို့ ရတာပဲလေ။
2026-10-28 13:04:50
0
4.thar83
😜မောင်လူရိုး✌️😜✌️😜 :
ရဂ
2026-10-03 13:11:29
0
kyawnaing.tun.and
kyaw :
မင်အောင်လိုင်ထက် ေတောင်ပိုးဆိုးနေပီုး😂😂တော်လှန်ရေကလဲ
2026-10-30 15:08:24
0
yarzar147258
it‘s shwekyinyo talking about :
ငလျင်တုန်းက mndaaက ဈေးရှေ့မှာအလှူခံတာ tnlaက အလှူမခံခိုင်းတာ။နယ်မြေလုတာမဟုတ်ဘူး
2026-10-05 22:37:42
0
may.may.khaing49
Thu Rein Soe :
2026-10-31 15:43:48
0
myomyo78293169697
Myo Myo :
[Big LOL][Big LOL][Big LOL]
2026-10-26 12:55:28
0
ddbbe3
ddbbe3 :
😢😢😢😢😢
2026-03-06 00:23:20
0
lawy..a.pwint
Lawy. A pwint :
😏
2026-10-01 15:26:35
0
lawy..a.pwint
Lawy. A pwint :
😁
2026-10-01 15:26:36
0
lawy..a.pwint
Lawy. A pwint :
😂
2026-10-01 15:26:37
0
htetmin4262
HtetMin :
🥰🥰🥰
2026-10-31 07:18:06
0
kyie.kyie34
Kyie Kyie :
🥰🥰🥰
2026-11-01 07:40:38
0
To see more videos from user @the.king.of.sky.7, please go to the Tikwm homepage.

Other Videos


About