@paolanguagebykksandsts: ပအိုဝ်းအလံတော် အရောင်ကုဒ်များ တစ်ပြေးညီဖြစ်ရေး အဆိုပြုလွှာ လေးစားအပ်ပါသော ပအိုဝ်းအမျိုးသား အဖွဲ့အစည်းအကြီးအကဲများ၊ စာယဉ်တော်များ၊ ဒီဇိုင်နာများ၊ ပအိုဝ်းလူငယ်များနှင့် ပအိုဝ်းတစ်မျိုးသားလုံးရှိ မိဘပြည်သူအပေါင်းတို့ခင်ဗျား၊ လာမည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် (တပေါင်းလပြည့်နေ့)တွင် ကျရောက်မည့် (၇၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို မြန်မာနိုင်ငံအနှံ့အပြားရှိ ပအိုဝ်းအရပ်ဒေသများ၊ ခမ်းကောင်၊ ခမ်းဒွမ်နှင့် တိုင်းတစ်ပါးရောက် ပအိုဝ်းညီအစ်ကိုမောင်နှမအားလုံးက စည်းကားသိုက်မြိုက်စွာ ကျင်းပကြမည်ဖြစ်ပါသည်။ ဤသို့ ပအိုဝ်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်စွာ ကျင်းပကြသည့် နေ့ထူးနေ့မြတ်ကြီးတွင် ကျွန်တော်အနေဖြင့် ပအိုဝ်းအမျိုးသားအလံတော်နှင့် ပတ်သက်၍ အရေးကြီးသော အကြောင်းအရာတစ်ခုကို တင်ပြအဆိုပြုလိုပါသည်။ ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်ခေတ်၊ နည်းပညာခေတ်ဖြစ်ပါသည်။ ကျွန်တော်တို့၏ ပအိုဝ်းအမျိုးသားအလံတော်ကို လူမှုကွန်ရက်များ၊ ဝက်ဘ်ဆိုက်များ၊ မိုဘိုင်း App များ၊ ဗီဒီယိုဖိုင်များ၊ ပရင့်ထုတ်ကုန်များနှင့် အလံထုတ်လုပ်မှုများတွင် တိကျမှန်ကန်စွာ အသုံးပြုနိုင်ရန် တရားဝင် သတ်မှတ်ထားသော Hex Code Colour များ ရှိရန် လိုအပ်လှပါသည်။ လက်ရှိတွင် ပအိုဝ်းအမျိုးသားအလံတော်၏ အရောင်များအတွက် တစ်ဦးတစ်မျိုးစီ ကွဲပြားနေသော အရောင်ကုဒ်များကို အသုံးပြုနေကြရသည်မှာ အားနည်းချက်တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် ပအိုဝ်းတစ်မျိုးသားလုံးအတွက် တစ်သမတ်တည်းဖြစ်မည့် တရားဝင် Hex Code Colour များကို သုတေသနပြု အတည်ပြုသတ်မှတ်သင့်ပြီဟု ကျွန်တော် အလေးအနက် အဆိုပြုအပ်ပါသည်။ ကျွန်တော်၏ ကိုယ်ပိုင်လေ့လာတွေ့ရှိချက်များအရ ပအိုဝ်းအမျိုးသားအလံတော်အတွက် အောက်ပါ Hex Code Colour များသည် သင့်လျော်မည်ဟု ယူဆမိပါသည်။ အရောင် ကိုယ်စားပြုအဓိပ္ပါယ် Hex Code အစိမ်း နုပျိုလန်းဆန်းခြင်း၊ အေးချမ်းသာယာခြင်း #007236 အပြာ သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း #231F75 အနီ ရဲရင့်ခြင်း၊ သူရဲကောင်းဆန်ခြင်း #ED1C24 အဖြူ (ကြယ်) ရှေ့သို့အစဉ်တိုးတက်ခြင်း၊ လွတ်လပ်ခြင်း #FFFFFF သို့သော် ... ဤ Hex Code များသည် တရားဝင်စံနှုန်း မဟုတ်သေးဘဲ ကျွန်တော်၏ လေ့လာတွေ့ရှိချက်များသာ ဖြစ်ပါသည်။ ထို့ကြောင့် ပအိုဝ်းအဖွဲ့အစည်းအကြီးအကဲများ၊ စာပေပညာရှင်များ၊ ဒီဇိုင်နာများနှင့် ပအိုဝ်းလူငယ်များအနေဖြင့် အချိန်ရသည့်အခါ ဤအရောင်များကို သုတေသနပြု၍ စည်းဝေးဆွေးနွေးပြီး တစ်သမတ်တည်း သတ်မှတ်ထားသင့်ပါသည်။ ဤသို့ သတ်မှတ်နိုင်ပါက ... ဒစ်ဂျစ်တယ်မီဒီယာ (လူမှုကွန်ရက်၊ ဝက်ဘ်ဆိုက်၊ App များ) ပရင့်ထုတ်ကုန်များ (စာအုပ်၊ မဂ္ဂဇင်း၊ ပိုစတာ) အလံထုတ်လုပ်မှုများ (အထည်အလိပ်၊ ပလတ်စတစ်) တို့တွင် အလံ၏ အရောင်များ တစ်ပြေးညီ ဖြစ်သွားမည်ဖြစ်ပြီး ပအိုဝ်းအမျိုးသားအလံတော်၏ ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှုကို ပိုမိုထင်ဟပ်စေမည်ဖြစ်ပါသည်။ ထို့ကြောင့် မေတ္တာရပ်ခံအပ်ပါသည်။ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတွင် သို့မဟုတ် မကြာမီကာလအတွင်း ပအိုဝ်းအမျိုးသား အဖွဲ့အစည်းအကြီးအကဲများ၊ စာယဉ်တော်များ၊ ဒီဇိုင်နာများ၊ ပညာရှင်များ ပါဝင်သည့် အစည်းအဝေးတစ်ရပ် ကျင်းပပြီး အောက်ပါကိစ္စရပ်များကို ဆွေးနွေးအတည်ပြုပေးပါရန် ရိုသေစွာ တင်ပြအပ်ပါသည်။ ၁။ ပအိုဝ်းအမျိုးသားအလံတော်အတွက် တရားဝင် Hex Code Colour များကို သုတေသနပြု သတ်မှတ်ပေးရန်။ ၂။ သတ်မှတ်ပြီးသော Hex Code Colour များကို ပအိုဝ်းတစ်မျိုးသားလုံး တစ်ပြေးညီ အသုံးပြုနိုင်ရေး တရားဝင်ထုတ်ပြန်ကြေညာပေးရန်။ ၃။ ဒစ်ဂျစ်တယ်မီဒီယာများ၊ ပရင့်ထုတ်ကုန်များနှင့် အလံထုတ်လုပ်မှုများတွင် အလံတော်အား စနစ်တကျ အသုံးပြုနိုင်ရေး လမ်းညွှန်ချက်များ ချမှတ်ပေးရန်။ ဤကိစ္စရပ်အတွက် ပအိုဝ်းညီအစ်ကိုမောင်နှမအားလုံး၏ ထင်မြင်ယူဆချက်များ၊ သိရှိထားသည့် ပအိုဝ်းအမျိုးသားအလံ၏ အရောင်ကုဒ်များ ရှိပါက ယခုပို့စ်အောက်တွင် မျှဝေပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အားလုံးပဲ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ရိုသေလေးစားစွာဖြင့် ခွန်ကျော်စိန်(ခွန်နောင်ဗွေခမ်း) #khunkyawsei

PaˈO Language by KKS & STS
PaˈO Language by KKS & STS
Open In TikTok:
Region: MM
Thursday 26 February 2026 11:06:13 GMT
16627
655
10
19

Music

Download

Comments

nanayemoe6
Nan Aye Moe :
💕💕💕💕💕
2026-03-28 16:25:57
1
nanayemoe6
Nan Aye Moe :
💕💕💕💕💕
2026-03-28 16:12:53
1
nanayemoe6
Nan Aye Moe :
@
2026-03-28 16:25:50
1
nann.kham85
Nan Khan Out ❤🇬🇲🌼💐 :
🥰🥰🥰
2026-03-02 06:55:02
1
khunkhamlay166
KhunKhamLay :
👍👍👍👍👍
2026-03-01 07:28:53
1
nannlay661
🩵 𝒩𝒶𝓃𝓃 ℒ𝒶𝓎🖤🇬🇲🇳🇱 :
💙💙💙
2026-02-26 14:44:34
1
7_a_8_fam_6_
𝐀 ꘘ𝐀Ꮇ (ခွန်ပဲင်ႏခမ်း) :
🥰🥰🥰
2026-02-26 11:19:12
1
minhtet23232
🐉ℤ𝕀ℕ 𝕄𝕀ℕ ℍ𝕋𝔼𝕋 🇬🇲 :
😘🥰🥰🥰🇬🇲🇬🇲🇬🇲
2026-02-26 11:45:07
1
user9940170741457
Ar Kar :
🥰🥰🥰
2026-02-26 23:54:09
1
user157019810292696
mgkying :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-02-27 13:42:07
1
To see more videos from user @paolanguagebykksandsts, please go to the Tikwm homepage.

Other Videos


About