@zaw.min.thant8: တိမ်မြုတ်ပျောက်ကွယ်လုလုဖြစ်သောနက္ခတ်၁၂ပါးနဲ့အဟောပညာများ📖📖📖 ******************************************************* ✒️တွက်နည်းလေးက လွယ်ပါတယ် ။ မိမိမွေးဖွားတဲ့ မြန်မာခုနှစ်သက္ကရာဇ်ထဲကနေ { ၁ } ( - ) ပြီး ( ၁၂ )နဲ့ { ÷ } ရမှာဖြစ်ပြီး အကြွင်းအလိုက် နက္ခတ်နဲ့ဟောကိန်းတွေ ဖတ်ကြည့်နိုင်ပါတယ် ။ ✒️ဥပမာ.... ၁၃၆၈ - ၁ = ၁၃၆၇ ၁၃၆၇ ÷ ၁၂ = ၁၁ ကြွင်းတာမို့ "ခြင်္သေ့မင်းနက္ခတ်"ဖြစ်ပါတယ် ။ "နက္ခတ်နှင့်ဟောကိန်းများ" { ၁ }ကြွင်း = ကြွက်မင်း🐁 🐁 အိမ်ထောင်ဆက် များတတ်ပါတယ် ။ အိမ်ထောင်ဖက်အပေါ် သစ္စာစောင့်သိမှုနည်းပြီး အချစ်ရေး နဲ့ အိမ်ထောင်ရေးမှာ ကံမကောင်းတတ်ပါဘူး ။ အိမ်ထောင်ရေးမှာ နာမည်ဆိုး တွင်တတ်ပါတယ် ။ { ၂ }ကြွင်း = #နွားမင်း🐂 🐂 မာန နဲ့ ယုံကြည်မှု အပြည့်ရှိပါမယ် ။ စိတ်သဘောထား ဖြောင့်မတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိပါမယ် ။ တည်ကြည်ဖြောင့်မတ်ပြီး လက်တွေ့သမားစစ်စစ်ဖြစ်ပါတယ် ။ စိတ်ကူးစိတ်သန်း အလွန်ကောင်းကာ အောင်မြင်တတ်ပါတယ် ။ { ၃ }ကြွင်း = = 🐯စေတနာကောင်းပြီး စိတ်ကောင်းရှိပါတယ် ။ ကျေးဇူးတရားနားလည်ကာ အလှူအတန်းရက်ရောတတ်ပါမယ် ။ အသက်ရှည်ပြီး တရားဘာဝနာမှာ မွေ့လျော်ပါတယ် ။ ဘုန်းတန်ခိုးကြီးကာ သြဇာတိက္ကမလည်း ကြီးပါမယ် ။ { ၄ }ကြွင်း = 🐰စိတ်ဓာတ်ထက်မြက်ပါမယ် ။ တင့်တယ်ခန့်ငြားတဲ့ အဆင်း နဲ့ အသံရှိပါမယ် ။ အလှပ နဲ့ အနုပညာမက်မောပြီး အကျိုးပေးပါတယ် ။ အရွယ်သုံးပါးမှာ အထစ်အငေါ့တွေကြုံခဲ့ပြီး အသက်ရှည်စွာ နဲ့ ဂုဏ်သတင်းကျော်ဇောကာ လူချစ်လူခင် ပေါများတတ်ပါတယ် ။ { ၅ }ကြွင်း = 🐉သည်းခံစိတ်နည်းပါးပြီး အမျှက်ဒေါသကြီးပါမယ် ။ ပေါက်ကွဲလွယ်တတ်ကာ ပြဿနာတွေကြားမှာ ပျော်ချင်တဲ့သူရယ်ပါ ။ စိတ်ကြမ်း လူကြမ်းနဲ့မို့ အမှု့အခင်းတွေလည်း မကြာခဏ တွေ့ကြုံရတတ်ပါတယ် ။ ကာမဂုဏ်လည်း လိုက်စားလွန်းတတ်ပါမယ် ။ { ၆ }ကြွင်း = 🐍မွေးရပ်မြေကနေ စွန့်ခွာပြီး တိုင်းတပါးထိသွားကာ စီးပွားရှာဖွေ နေထိုင်လုပ်ကိုင်တတ်ပါမယ် ။ အကျိုးလည်း ပေးပါမယ် ။ ခရီးသွားလုပ်ငန်း နဲ့ ကုန်သွယ်လုပ်ငန်း အကျိုးပေးပါတယ် ။ တခါတရံ တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုသလို လုပ်ကိုင်တတ်တာကြောင့်မို့ သတိရှိပါမှ အထူး ကံကောင်းနိုင်ပါမယ် ။ { ၇ }ကြွင်း = 🐴 ရိုးသားတည်ကြည်ကာ အမှန်တရားကို မြတ်နိုးပါမယ် ။ သစ္စာရှိ ကတိတည်ပြီး စိတ်မြန်ကိုယ်မြန်စိတ် ရှိပါမယ် ။ မှန်တာလုပ်ပြီး ဟုတ်တာပြောလွန်းလို့ လူမုန်းလည်း များတတ်ပါတယ် ။ အကုသိုလ်အလုပ်လုပ်ရမှာကို အလွန်ရှက်ကြောက်တတ်ပြီး ကောင်းရောင်း ကောင်းဝယ်နဲ့ ကြီးပွားတတ်ပါတယ် ။ { ၈ }ကြွင်း = 🐐အလှူအတန်း ဝါသနာပါ ပါမယ် ။ အကြီးအကဲအနေနဲ့ ခေါင်းဆောင်ရတတ်ပါတယ် ။ ပရဟိတ နဲ့ သာသနာပြုတတ်တာကြောင့် ဂုဏ်သတင်းလည်း ကျော်ဇောတတ်ပါတယ် ။ သည်းညည်းခံတတ်တာမို့ လူအများက ချစ်ခင်တတ်ပါမယ် ။ { ၉ } ကြွင်း = 🐒 စိတ်ဂဏာမငြိမ်ပါ ။ ပေါ့ပါးပျော်ရွှင်စွာနဲ့ နေထိုင်တတ်ပါတယ် ။ အသုံးအဖြုန်းကြီးပြီး အကြွားဝါလည်း ကြီးတတ်ပါတယ် ။ ဘဝမျိုးစုံ ကျင်လည်ရတတ်ကာ ငွေရှာလည်း ကောင်းပါမယ် ။ အပြောအဟောကောင်းပြီး စိတ်ဆိုးလွယ် စိတ်ပြေလွယ်တတ်ပါမယ် ။ { ၁၀ }ကြွင်း = 🐓အရွယ်မတိုင်မီ မိဘမဲ့ခဲ့ရတတ်ပါတယ် ။ စိတ်ထိခိုက် ခံစားလွယ်တတ်ပါမယ် ။ စိတ်ဒဏ်ရာတွေကြောင့် အဆိုးမြင်တတ်ပါမယ် ။ နေရာတိုင်းမှာ ပြဿနာရှာလိုပါမယ် ။ သနားစရာနဲ့ ရွံမုန်းစရာ လူတစ်ယောက်အဖြစ် သတ်မှတ်ခံရတတ်ပါတယ် ။ { ၁၁ }ကြွင်း = 🦁 ကိုယ့်ကျိုးစွန့်ပြီး အများအကျိုးကို ဆောင်တတ်ပါမယ် ။ အပေါင်းအသင်း နဲ့ သူငယ်ချင်းတွေကို ကူညီတတ်ပါတယ် ။ အမှတ်သညာကြီးပြီး ရဲရင့်တည်ကြည်ပြတ်သားကာ ပညာသားပါပါ ကလဲ့စား ချေတတ်ပါမယ် ။ { ၀ } ကြွင်း = 🐘 ဆင်ဖြူတော်စီးကာ ထီးနှစ်လက်ရပါတယ် ။ အစစရာရာ သာလွန် ကောင်းမွန်ပါမယ် ။ အရွယ်သုံးပါးစလုံး ကံဇာတာကောင်းပြီး ဘုန်းတန်ခိုးကြီးပါမယ်။ #ကောင်းမှု့တစ်ခုနေစဥ်ပြု # #ရွတ်ပါဖတ်ပါအကျိုးများမှာ # #မူရင်းသက်ဆိုင်သူအားလုံးcrd #
Zaw Min Thant
Region: MM
Tuesday 03 March 2026 06:41:05 GMT
Music
Download
Comments
Shwe :
၀ ကြွင်း ၊
၁၃၅၇ -၁ = ၁၃၅၆ ÷ ၁၂ = 0 ,
ဘဝမှာ လိုချင်တာ မှန်သမျှ ၊ လွယ်လွယ်နဲ့ မရဖူးပါ ။
2026-03-16 03:06:24
12
✡ 𝓜𝓸 𝓚𝓲 ✡ :
မြန်မာခုနှစ်မသိဘူး 2003ပါ
2026-04-29 08:48:16
1
Aster♎ :
ကျားမင်း
2026-04-25 02:31:24
1
သ :
မိသားစုဝင်တွေထဲက
အသက် ၆၀ ကျော်
တွေကို လက်တွေ့
စမ်းသပ် တွက်ကြည့်ပါတယ်
ပြောသလောက် မမှန်ပါ...
2026-03-07 15:23:58
6
" EPC King🤪🤴 " :
မြန်မာခုနှစ်သက္ကရာဇ်ကိုမသိဘူးဖြစ်နေတယ်🥺🥺
2026-03-08 17:08:29
1
မဆုံသောလမ်း(ဧရာဝတီ) :
ဆယ်ယောက်တစ်ယောက်တော့ မှန်မှာပေါ့
2026-03-08 02:13:40
5
Htet_Lwin_Oo2 :
4ကြွင်းတယ်ဗျ
2026-04-16 09:28:57
1
NAY TOE :
8
2026-04-16 18:10:26
1
နွယ်ပင်လေး🌺 :
၁၁ကြွင်း မှန်ပါတယ်
2026-04-21 08:40:04
1
𝓜𝓲𝓷 𝓴𝓸 𝓴𝓸(ရွှေပညာ) :
၄ကြွင်း🥰
2026-04-13 16:12:55
1
Shinezan :
၂ကြွင်း မှန်ပါတယ်။
2026-04-16 08:22:01
1
wai :
1361ကတော့
2026-04-11 10:50:51
1
San Maung :
မှန်သလိုပဲ
2026-03-31 05:54:24
1
thu ya aung :
၁၃၆၉
၁၃၆၉-၁
၁၃၆၈÷၁၂
၀ ကြွင်း
2026-04-23 13:06:04
1
Yee May :
၃ကြွင်းပါ
2026-04-09 13:45:08
1
Ko G Fatt :
1354-1=1353 ÷12=3,
🧐🧐🧐
2026-03-19 05:15:30
1
Daw Win Win Maw :
ကျေးဇူးပါ
2026-03-26 01:52:26
1
မောင်ဌေးလှ :
မှန်ပါတယ် 11ကြွင်း
2026-04-09 06:08:29
1
I am the only king my life👸 :
11ကြွင်း
2026-03-23 09:25:58
2
ThuRain :
7
2026-03-12 16:36:03
1
⚡N😍L😘T🥰 :
၂၃ကြွင်းဘာယူမလဲ
2026-04-12 05:57:10
1
ChawChaw :
1ကြွင်းမှားပါတယ်
2026-03-23 19:48:56
1
ဝလုံး :
ကျေးဇူးပါ
2026-03-14 03:30:56
1
chit ko :
113.ဆိုရင်ဘာကိုယူရတာလည်းဆရာ
2026-03-18 13:50:42
1
အန်ကယ်စိုး :
2026-03-11 02:58:28
1
To see more videos from user @zaw.min.thant8, please go to the Tikwm
homepage.