@sawyarzar80: ဘာပဲဖြစ်ဖြစ် ချစ်ခဲ့တာပဲလေ... ဘာကိုမှ အပြစ်မတင်တော့ပါဘူး။ ဆုံတွေ့ခြင်းတွေပြီးရင် ခွဲခွာခြင်းတွေလာတတ်တယ်ဆိုတာကို အမှုမဲ့ အမှတ်မဲ့ နေခဲ့မိတာ ။ ဘယ်တော့မှ ဝေးသွားမှာမဟုတ်ဘူးဆိုပြီး တစ်လောကလုံးကို ပတ်ပြီး ကြွားခဲ့မိတာ ။ ငါတို့ ချစ်ခဲ့တာ ဘယ်လောက်ရှိပြီဆိုတဲ့ နေ့ရက်တွေကိုပဲ ရေတွက်နေခဲ့မိတာလေ ။ တစ်နေ့ကျရင် ဝေးသွားရလိမ့်မယ်ဆိုတဲ့အတွေး ယောင်လို့တောင် မရှိခဲ့တဲ့ ကိုယ့်မှာ ဘာကိုမှ ပြင်ဆင်ချိန်မရခဲ့ဘူး။ အနာဂတ်ဆိုတာကြီးကို စိတ်ကူးယဥ်နေမိတဲ့အချိန် မင်းနဲ့အတူ အဲ့ဒီ အနာဂတ်ကြီးက ပျောက်ကွယ်သွားခဲ့တယ် ။ တစ်နေ့ကျရင်ဆိုပြီး စိတ်ကူးယဥ်နေမိတဲ့အချိန် မနက်ဖြန်ဆိုတာတောင် မရှိချင်တော့လောက်အောင် ပြိုလဲသွားခဲ့ရတယ် ။ ဘာပဲဖြစ်ဖြစ်... မင်းရှိနေတုန်းက မင်းကို ချစ်ခဲ့မိတာပဲလေ... မင်းမရှိတော့ပါလားဆိုတဲ့ အရှိတရားကိုလဲ လက်ခံရဲတဲ့ အသိတရားတွေတော့ ရှိရမှာပေါ့ ။ အများကြီး မျှော်လင့်ထားမိတဲ့ ကိုယ့်အတွက်တော့ အဲ့ဒီအမှန်တရားကို လက်ခံဖို့ အချိန်တွေ အများကြီး လိုနေပါသေးတယ် ။ အိပ်မက်မက်လို့ကောင်းနေတုန်းမှာ အနိုးခံလိုက်ရသလို ငူငူငိုင်ငိုင်ကြီး ဘဝထဲ ရပ်နေမိတာကလွဲရင် အရာအားလုံးဟာ ပုံမှန်ပါပဲ မနက်ကျရင် နေထွက်တယ် ညနေကျရင်နေဝင်တယ် ပြီးတော့ မင်းကို လွမ်းရင် ငိုတယ်လေ ။ အနည်းဆုံးတော့... ငါ တတ်နိုင်တာထက်ပိုပြီး ချစ်ပေးခဲ့တာပဲဆိုတဲ့ စိတ်နဲ့ ဖြေနိုင်အောင် ကြိုးစားပါသေးတယ် ။ ဒါပေမယ့် ငါဒီလောက်ချစ်ခဲ့တာကိုတောင်မှ လို့ တွေးမိရင် အလိုလို ဝမ်းနည်းလာခဲ့ပြန်ရော... မင်းကို အပြစ်လဲ မတင်ရက်ခဲ့သလို အပြစ်လဲ မြင်မနေတော့ပါဘူး... မင်းမှ မမှားခဲ့ပဲလေ တကယ်မချစ်တဲ့ လူတစ်ယောက်အနားမှာ ဘယ်သူကများ အချိန်အကြာကြီးနေမှာလဲလို့... ငါတော့ မှားတယ် ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးတဲ့ အချစ်မျိုးနဲ့ မင်းကိုမှ ရူးခဲ့မိတာ ။ အနည်းဆုံးတော့... ငါ အတတ်နိုင်ဆုံး ချစ်ခဲ့တာပဲဆိုတဲ့ စိတ်နဲ့ ဖြေပါတယ် ။
Saw Zar🤕⚽️
Region: MM
Sunday 08 March 2026 06:24:26 GMT
Music
Download
Comments
You can call me Naung 💜♎ :
💜
2026-03-27 08:34:53
0
Zun”💕 :
ဟာ"ဆရာလေးရာ😣
2026-03-08 06:38:11
0
saw mp :
😳😳😳
2026-03-08 12:26:04
0
Saw Thit 🤕🥷 :
🥰🥰🥰
2026-03-09 02:50:58
0
Snow wah :
100%
2026-05-18 03:54:42
0
To see more videos from user @sawyarzar80, please go to the Tikwm
homepage.