@www.crossmart.shop: 🚀 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 ဟာ မြန်မာနိုင်ငံမှာ လူကြိုက်များပြီး လူသုံးအများဆုံး Platform တစ်ခုဖြစ်လာတာနဲ့အမျှ လုပ်ငန်းရှင်တွေကလည်း Telegram မှာ Channel တွေထောင်ပြီး ဈေးရောင်းကြတာဟာ တကယ်ကိုကောင်းတဲ့ Idea တစ်ခုဖြစ်ပါတယ်။ 🛍️ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 ဆိုတာကလည်း အမြဲလူစည်ကားနေတဲ့ရပ်ကွက်တစ်ခုလို့တောင် တင်စားလို့ရပါတယ်။ ဒီတော့ Telegram မှာ Channel ထောင်ပြီးဈေးရောင်းတာက Customer တွေအတွက် VPN လည်းမလိုတော့ ပိုပြီးလွယ်ကူလျင်မြန်သွားစေတာပေါ့။ ❌ ဒါပေမယ့် Telegram Channel တစ်ခုတည်းနဲ့ Run မယ်ဆိုရင် အားနည်းချက်တစ်ချို့လည်းရှိနေပါတယ်။ ဥပမာ ကိုယ်လိုချင်တဲ့ပစ္စည်းတွေကို အဝေးကြီးဆွဲတင်ဆွဲချပြီး ရှာရတာမျိုး၊ သိချင်တာတစ်ခုခုရှိရင်လည်း Customer တွေရဲ့ မေးခွန်းကို ချက်ချင်းမဖြေနိုင်လို့ တစ်ခြားသူတွေဆီရောက်သွားတာမျိုးတွေပေါ့။ ✅ ဒီတော့ Channel အပြင် Telegram Bot ကိုပါ Telegram E-commerce တစ်ခုအနေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ Telegram ဆိုင်ခွဲလေးတစ်ခု ဖြစ်သွားမှာ အသေအချာပါပဲ။ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐄-𝐜𝐨𝐦𝐦𝐞𝐫𝐜𝐞 ဆိုတာဘာလဲ ❓ 🏷️ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐄-𝐜𝐨𝐦𝐦𝐞𝐫𝐜𝐞 ဆိုတာက သာမန် 𝐄-𝐜𝐨𝐦𝐦𝐞𝐫𝐜𝐞 ရဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞𝐬 အားလုံးကို အစုံအလင်ပါဝင်စေပြီး မြန်မာနိုင်ငံရဲ့ လူအစည်ကားဆုံး Platform တစ်ခုဖြစ်တဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 ဆိုတဲ့ Digital မြို့လေးထဲမှာ ကိုယ်ပိုင်ဆိုင်ခွဲလေး ဖွင့်လှစ်ကာ လုပ်ငန်းတစ်ခုလုံးကို အလိုအလျောက်စနစ်နဲ့ လှည့်ကြည့်စရာမလိုအောင် လုပ်ဆောင်ပေးနိုင်တဲ့ 𝐄-𝐜𝐨𝐦𝐦𝐞𝐫𝐜𝐞 𝐁𝐨𝐭 တစ်ခုဖြစ်ပါတယ်။ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐄-𝐜𝐨𝐦𝐦𝐞𝐫𝐜𝐞 က ဘာတွေလုပ်ပေးနိုင်လဲ? ✅ မိတ်ဆွေတို့လုပ်ငန်းရဲ့ ကုန်ပစ္စည်းများကို အလိုအလျောက်စနစ်နဲ့ ဈေးရောင်းပေးနိုင်မယ်။ 🛒 ပစ္စည်းတွေရွေးချယ်တာ၊ ပစ္စည်းတွေဝယ်ကအစ Order တင်တာတွေအဆုံး Admin တွေအနေနဲ့ လှည့်ကြည့်စရာမလိုဘဲ လုပ်ဆောင်ပေးနိုင်မယ်။ 🧾 Customer တွေအနေနဲ့ ပစ္စည်းဝယ်ခြင်း အောင်မြင်ပါက Order Slip ကို ထုတ်ပေးနိုင်မယ်။ 📈 နေ့စဉ်၊ လစဉ် ရောင်းရငွေတွေကို စာရင်းဇယား အတိအကျ ပြုစုပေးပြီး အလိုအလျောက် Report ပြုလုပ်ပေးနိုင်မယ်။ 🛍️ E-commerce ဆိုသည့်အတိုင်း Add to Cart ပါဝင်မှာဖြစ်ပြီး အပြင်မှာ ဈေးဝယ်သကဲ့သို့ သို့မဟုတ် အခြား E-commerce တွေမှာ ဈေးဝယ်သကဲ့သို့ ပစ္စည်းတွေကြည့်ရင်း ခြင်းထဲထည့်ထားပြီး နောက်ဆုံးမှ ပေါင်းရှင်းလို့ရတဲ့ Feature ပါဝင်မယ်။ 💳 Payment တွေကို စိတ်ကြိုက်ထည့်သွင်းလို့ရမယ်။ 💬 သင့်ရဲ့ Bot ထဲမှာတင် Customer နဲ့ အပြန်အလှန် စကားပြောဆိုနိုင်မယ်။ 🤖 24/7 နာရီလုံး Customer တွေရဲ့ မေးခွန်းတွေကို Admin အစားဖြေပေးမယ်။ 🎁 ကိုယ်ရဲ့ဈေးဆိုင်ကို လူပိုသိစေမယ့် Giveaway feature လေးတွေပါဝင်မယ်။ 📢 Customer အားလုံးကို အသိပေးစာ၊ ပရိုမိုးရှင်းကဲ့သို့ Messenge များ ပေးပို့နိုင်မယ်။ ✨ Features တွေကို တကယ်တမ်းချရေးမယ်ဆိုရင် အင်မတန်ကိုများပြားတဲ့အတွက် ဒီလောက်ပဲ ရေးပါတော့မယ်။ ဒီတော့ အကျဉ်းချုပ် ပြောရမယ်ဆိုရင် 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐄-𝐜𝐨𝐦𝐦𝐞𝐫𝐜𝐞 ဆိုတာ 𝐄-𝐜𝐨𝐦𝐦𝐞𝐫𝐜𝐞 ရဲ့ အင်္ဂါရပ်အားလုံး အပြည့်အစုံပါဝင်မှာဖြစ်ပါတယ်။ #Telegram #Ecommerce #onlineshopping #telegrambot #teleshop

E-commerce Myanmar
E-commerce Myanmar
Open In TikTok:
Region: MM
Monday 09 March 2026 02:29:16 GMT
3489
183
1
5

Music

Download

Comments

khingshinn3
san🥰🥰😘😘 :
@
2026-04-13 23:01:53
0
To see more videos from user @www.crossmart.shop, please go to the Tikwm homepage.

Other Videos


About