@khvy180207: #xuhuong #fyp

Khánh Vy 🎀
Khánh Vy 🎀
Open In TikTok:
Region: VN
Tuesday 10 March 2026 02:52:54 GMT
1318
113
1
20

Music

Download

Comments

truong.duy
[OK] Truong Duy :
😳😳😳
2026-03-10 04:48:47
0
To see more videos from user @khvy180207, please go to the Tikwm homepage.

Other Videos

တရုတ်နိုင်ငံမှာ လူပုံစံစက်ရုပ်တစ်ရုပ်က ဘက်ထရီအားသွင်းဖို့ဆိုပြီး ပိုက်ဆံတောင်းခံ ~~~~~ အောက်တိုဘာ ၁၅၊ ၂၀၂၆ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်က လမ်းဘေးတစ်နေရာမှာ လူပုံစံစက်ရုပ်တစ်ရုပ်ဟာ ဘက်ထရီအားသွင်းဖို့ ပိုက်ဆံမရှိဘူးဆိုပြီး လမ်းသွားလမ်းလာတွေဆီက ပိုက်ဆံတောင်းခံခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ စက်ရုပ်ဟာ လမ်းဘေးမှာ ဒူးထောက်ပြီး လက်နှစ်ဖက်ကို ပူးကာ ဖြတ်သန်းသွားလာသူတွေကို ဦးညွှတ်နေခဲ့တာပါ။ စက်ရုပ်ဘေးမှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်ကနေလည်း ဘက်ထရီအားသွင်းဖို့ ပိုက်ဆံမရှိကြောင်းနဲ့ လျှပ်စစ်မီတာခအတွက် ကူညီပေးကြဖို့ တောင်းခံနေခဲ့တဲ့ရုပ်သံဟာလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်း လူမှုကွန်ယက်ပေါ်ကို ပျံ့နှံ့လာခဲ့ပါတယ်။ စက်ရုပ်ရှေ့မှာ ငွေသားထည့်နိုင်တဲ့ ဗန်းတစ်ခုနဲ့ QR Code တစ်ခုကိုလည်း ထားရှိထားပြီး လမ်းသွားလမ်းလာအချို့က ငွေကြေးလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ ဒီစက်ရုပ်ဟာ တရုတ်စက်ရုပ်ထုတ်လုပ်ရေးကုမ္ပဏီ ယူနီထရီး ရိုဘော့တစ်ရဲ့ G1 အမျိုးအစား လူပုံစံစက်ရုပ်ဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒါပေမဲ့ စက်ရုပ်ကို ဘယ်သူက ထိန်းချုပ်ထားသလဲ၊ ဘာရည်ရွယ်ချက်နဲ့ ပိုက်ဆံတောင်းခံခိုင်းထားသလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။  အခုလိုလုပ်ဆောင်မှုဟာ ကြော်ငြာအစီအစဉ်တစ်ခုလား၊ ဖျော်ဖြေရေးအစီအစဉ်တစ်ခုလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ... #တရုတ်နိုင်ငံ  #လူပုံစက်ရုပ်  #ယူနီထရီးရိုဘော့တစ်  #ငွေတောင်း  #ဒေါနအလင်း

About