@aziza.bi4: ဆုတောင်းမှားခဲ့ကြတာ ဖြစ်လိမ့်မယ် ဒါမှမဟုတ် နောက်ကျခဲ့ကြတာဖြစ်မယ် မင်းပြောသလိုပဲပေါ့ ... ကိုယ်တို့က ဘ၀တခုခုမှာ ဆုတွေအတူတူတောင်းဖူးကြလိမ့်မယ် ။ ဘ၀ဆက်တိုင်း ဆုံခွင့်ရပါစေဆိုတဲ့ ဆုတောင်းပဲဖြစ်ဖြစ် ၊ ဘ၀အဆက်ဆက် ချစ်ခွင့်ရပါစေဆိုတဲ့ ဆုတောင်းပဲ ဖြစ်ဖြစ် တောင်းဖူးကြလိမ့်မယ် ။ ဒါပေမယ့် အဲ့ဒီမှာ ကိုယ်တို့ မေ့သွားတာကလေ ... ချစ်ခွင့်ဆိုတဲ့နောက်မှာ ပေါင်းဖက်ခွင့်လေး ဖြည့်ပြီးဆုတောင်းဖို့ မေ့ခဲ့ကြတယ်ထင်ပါတယ် ။ ဒီဘ၀မှာ ... ချစ်ခွင့်လေးတောင် အချိန်အကန့်အသတ်နဲ့ ဖြစ်သလို ... အနားရှိခွင့်လေးက စိတ်တောင်မကူးရဲ့တဲ့ အိပ်မက်လေးဖြစ်တာတောင် အဲ့ဒီ တနေ့နေ့ဆိုတဲ့ အချိန်တွေရောက်လာရင် ကိုယ့်ကိုယ်ကိုယ် လမ်းပျောက်မသွားအောင် အတော်လေး ကြိုးစားရဦးမယ်ထင်တယ် ။ ဒါပေမယ့် မင်းကို မေ့နိုင်သွားဖို့ဆိုပြီး တကူးတက ကြိုးစားဖြစ်မှာမဟုတ်သလို သတိတရရှိလာရင် မင်းရှိတဲ့အရပ်ဆီ ကိုယ် ပြေးကြည့်ရင်း ပျော်နေတာလေးတွေ့ရင် ကိုယ်လည်း လိုက်ပြုံးဖြစ်ဥိးမှာပါ ။ အချိန်လေး နည်းနည်းလေးသာ နောက်ပြန်ဆုတ်ခွင့်ရခဲ့ရင်လို့ ... တွေးကြည့်သေးတယ် ဒါပေမယ့် အဲ့ဒီတုန်းကဆုံခဲ့ကြရင်လည်း ကိုယ့်ကို မင်း ချစ်ချင်မှ ချစ်ခဲ့မှာလို့တွေးမိတော့ အခုချိန်မှာ ဒီတိုင်းလေး ရှိနေခြင်းက ပိုအဆင်ပြေပါတယ် ။ ဂရုစိုက်နော် ... မျက်နှာလေးငြိုးနေရင် မပျော်မယ့် လူတယောက် ဒီလောကကြီးမှာ ရှိနေတယ်ဆိုတဲ့အကြောင်းလေး သိထားစေချင်သလို မင်းငိုတဲ့အခါ ကိုယ်နေတဲ့အရပ်တွေမှာ မိုးတွေပြိုသလို အဆင်မပြေဖြစ်တတ်တဲ့ လူသားလေး သက်ရှိထင်ရှား ရှိသေးတဲ့အကြောင်း သိစေချင်တယ် ။ နှောင့်ယှက်ဖြစ်မှာမဟုတ်ဘူး ... ဒါပေမယ့် မငေးကြည့်တော့ဘူးဆိုပြီး အာမခံရဲတဲ့အထိတော့ ကိုယ့်စိတ်ကိုယ် မနိုင်ဘူးရယ် ။ မင်းကို ချစ်ပါတယ်ဆိုတဲ့နောက်မှာ ... ကိုယ့်အတ္တတွေက ဖြူပါတယ် ။ မင်းကို ပျော်စေချင်တယ် ပြုံးစေချင်တယ် ပြီးတော့ ... ဘယ်အရာကြောင့်ပဲဖြစ်ဖြစ် အဆင်ပြေပြေလေးပဲ ဖြစ်စေချင်သလို ရွေးချယ်ခြင်းတိုင်းက မင်းအတွက် ပျော်ရတာမျိုးပဲ ဖြစ်စေချင်တယ် ။ ကိုယ်တို့က ... ဆုတောင်းမှားခဲ့ကြတာ ဖြစ်မှာပါ ။ ဆုံခွင့်လည်း ရှိခဲ့ကြတယ် ချစ်ခွင့်လည်း ရှိခဲ့ကြတယ် .... ဒါပေမယ့် .... ကိုယ်တို့က အချိန်တန်တဲ့အခါ တယောက်ရဲ့ နှလုံးသားထဲမှာ တယောက်ကို သိမ်းထားပြီး တဘ၀စာ ရှေ့ဆက်ရမှာပါပဲ ။ လွမ်းနေမယ်နော် ... ပြီးတော့ ... သတိတရလေး ရှိနေမယ် .... အဆင်မပြေတဲ့အခါပဲဖြစ်ဖြစ် တယောက်တည်း အထီးကျန်ရတဲ့အခါပဲဖြစ်ဖြစ် ကိုယ် အမြဲရှိနေမယ်ဆိုတဲ့ ကတိလေးကိုတော့ မှတ်ထားစေချင်တယ် ။ 🤍👍 ပြီးတော့ အဲ့ဒီကတိလေးက မင်းအတွက် တသက်စာမို့ ကိုယ် ရှီနေပါမယ် ။ 👍🤍 ဆုံခဲ့ကြတယ်နော် ... ချစ်ခဲ့ကြတယ်နော် ... ပြီးတော့ သိမ်းထားခဲ့ကြတယ် ... ဒီအခိုက်အတန့်လေးကို#🌻🌻🌻 @Nant pitiwaiw
🌻🕌 Aziza bi 🕌🌻
Region: SG
Tuesday 10 March 2026 08:15:41 GMT
Music
Download
Comments
🆅🅸🅴🆆🆂 & 🆁🅴🆅🅸🅴🆆🆂 :
u wrote enough excellent 👌🏻
2026-03-13 22:09:02
0
dipupenang13 :
Penang 🥰
2026-03-10 16:26:07
1
Han Ni 💚ဆူး💚 :
🖤🖤🖤
2026-03-10 08:32:40
1
☠️Kelly☠️ :
🥰😇where is this sissy
2026-03-10 09:41:57
1
M🥰C😘13💛4💞2024💗 :
❤️❤️❤️
2026-03-11 08:58:36
1
💔Broken 💔💔💔 Heart 💔🇧🇩 :
💐💐💐
2026-03-10 13:48:07
0
🕌❤️Bay Be win🕋❤️ :
😳😳😳😳😳
2026-03-10 08:42:04
1
❤️NANDAR💚 :
🥰🥰❤️❤️❤️
2026-03-10 08:57:09
1
🤎 LuLu Phaw 🤎 :
🌷🌷🌷
2026-03-10 08:51:56
1
babylay1500 :
💕💕💕💕💕💕💕💕💕
2026-03-10 08:31:19
0
F▶●─ꜱᴀʟɪᴍ─×͜+T❤ :
😳😳😳
2026-03-10 15:56:42
1
To see more videos from user @aziza.bi4, please go to the Tikwm
homepage.