@contentcreatorsmyanmar: YouTube မှာ ဒေါ်လာရှာဖို့ဆို video အရှည်နဲ့အတိုဆိုပြီးတော့ ပုံစံ (၂) မျိုးနဲ့သွားလို့ရပါတယ်။ ဒီ Post ထဲမှာတော့ Short တွေပဲ သီးသန့်တင်ပြီး View တက်ချင်တဲ့သူတွေ၊ Channel အသစ်စမယ့်သူတွေအတွက် View များမယ့် Tips (၅) ချက်ကို မျှဝေပေးပါမယ်။ ခုပြောမယ့်အချက်တွေကဖုန်းနဲ့ဆို ပိုစုံတာမို့ ဖုန်းနဲ့တင်တာမျိုးလုပ်ကြည့်ပါ။ (1) Thumbnail စိတ်ကြိုက်ရွေးမယ် ဖုန်းနဲ့တင်တဲ့အခါ ကိုယ့်ဗီဒီယိုထဲက အလှဆုံး ဒါမှမဟုတ် လူစိတ်ဝင်စားဆုံးအပိုင်းကို Thumbnail အဖြစ် ရွေးလို့ရပါတယ်။ အကယ်၍ ဗီဒီယိုထဲမှာ ဆွဲဆောင်မှုရှိတဲ့ Hook ပုံ မပါဘူးဆိုရင်လည်း video မှာ ညှပ်ထည့်ပြီး အဲဒီနေရာကို Thumbnail ရွေးနိုင်ပါတယ်။ (2) Trending Song ထည့်မယ် Shorts Feed မှာ ပေါက်ချင်ရင် နာမည်ကြီးနေတဲ့ Trending သီချင်းတွေကို နောက်ခံမှာ တိုးတိုးလေး ထည့်ပေးတာက YouTube Algorithm အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ ကိုယ့် Content နဲ့ လိုက်ဖက်မယ့် သီချင်းကိုတော့ ရွေးတတ်ဖို့ လိုပါမယ်။ (3) စာသားကို တိုတိုနဲ့ လိုရင်းပဲရေးမယ် Short ရဲ့ Title က နှစ်ကြောင်းလောက်ပဲ အရင် မြင်ရတာပါ။ ဆိုတော့ ရှည်ရှည်ဝေးဝေး မရေးဘဲ ပထမဆုံး မြင်ရတဲ့ စာသားမှာတင် လူတွေကို နှိပ် ကြည့်ချင်လောက်အောင် ရေးပေးပါ။ (4) Related Video နဲ့ ချိတ်မယ် ကိုယ့်ရဲ့ Shorts ကြည့်ပြီးရင် Channel ထဲက ဗီဒီယိုအရှည် (Long-form) တွေဆီပါ View တွေရောက်သွားအောင် Related Video ဆိုတဲ့ Feature ကို သုံးပြီး ချိတ်ဆက်ပေးထားပါ။ ဒါမှ View တွေ ဆင့်ပွါးရပြီးတော့ ကိုယ့် Channel လည်း မြန်မြန် Growth ဖြစ်မှာပါ။ (5) Description နဲ့ Category ကို သေချာရွေးမယ် YouTube ရဲ့ AI က ကိုယ့်ဗီဒီယိုက ဘာအကြောင်းလဲဆိုတာ သိဖို့အတွက် Description ထဲမှာ သက်ဆိုင်ရာ Keyword တွေကို ထည့်ရေးပေးရသလို၊ Category ကိုလည်း မှန်မှန်ကန်ကန် ရွေးပေးဖို့ လိုပါတယ်။ ဒါမှ ကိုယ့် Content ကို စိတ်ဝင်စားမယ့်သူတွေဆီကို YouTube က ပို့ပေးမှာပါ။ ဒီအချက်တွေကတော့ YouTube Shorts နဲ့ ပတ်သက်ပြီး လက်တွေ့မှာအသုံးဝင်တဲ့ Tips တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ YouTube မှာ View များ ၊ ပိုက်ဆံများဖို့ဆိုတာ ဒီထက်ပိုပြီး နက်နဲတဲ့ Strategy တွေနဲ့ တခြား shortcut နည်းလမ်းလေးတွေသိထားဖို့လိုပါတယ်။ YouTube အကြောင်းကို အခြေခံကနေစပြီး ဒေါ်လာရှာနိုင်တဲ့အထိ လက်တွေ့ကျကျ လမ်းညွှန်ပေးမယ့်နေရာတစ်ခုရှာနေတယ်ဆိုရင်တော့ CC Online Program ဆိုတဲ့ သင်တန်းလေးမှာ AI နဲ့ Video ဖန်တီးတာတွေကအစ သင်ခန်းစာ အစုံလင်ကိုထည့်ပေးထားပါတယ်။ အသေးစိတ်သိချင်တယ် ၊ စာရင်းသွင်းအပ်နှံချင် တယ်ဆိုရင်တော့ အသေးစိတ်သိဖို့နဲ့ အပ်နှံချင်ရင်တော့ Bio က link ထဲဝင် ၊ Start နှိပ်ပြီး သိချင်တာတွေမေးမြန်းနိုင်ပါတယ်။ #ContentCreationMyanmar #CCOnlineProgram #CC #YouTube #TikTok
Content Creation MM
Region: MM
Wednesday 11 March 2026 14:28:27 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @contentcreatorsmyanmar, please go to the Tikwm
homepage.