@poki_bibi: ကမ္ဘာကြီးက ရန်ကုန်လောက်ပဲကျယ်ရင် သိပ်ကောင်းမှာနော်။ ကိုယ်က အင်းလျားကန်ဘောင်မှာ ထိုင်နေ တုန်း မင်းက မြန်မာပလာဇာမှာ သူငယ်ချင်းတွေနဲ့ မုန့်စားနေတာမျိုး။ အဲလောက်ပဲ ဝေးခဲ့ရင်ကောင်းမယ်။ Junction City မှာ မျက်စိလည်ပြီး မချိန်း ထားဘဲ တစ်ယောက်ကိုတစ်ယောက် တွေ့ရတာမျိုး။ အဲလောက်ပဲ တိုက်ဆိုင်ရင်ကို သိပ် ကောင်းမယ်။ ကမာရွတ်ကျောင်းရှေ့နဲ့ ကျောင်းရှေ့(ဓမ္မာရုံ) လွဲတာမျိုး။ အဲလောက်ပဲ လွဲခဲ့ရင် ကောင်း မယ်။ ဦးထွန်းလင်းခြံလမ်း နားမှာ ရစ်သီရစ်သီလုပ် တတ်တဲ့ ကိုယ့်ကို YBS (၁၃၁) ပေါ်ကနေ အမှတ် မထင် မြင်လိုက်တာမျိုး။ လှမ်းမခေါ်နိုင်တဲ့ အကွာအဝေးက အဲလောက်ပဲ ဖြစ်သင့်တယ်။ ခွဲကြရတယ်ဆိုတာကလည်း ဘက် စ်ကားလာလို့ လက်ပြနှုတ်ဆက်ရတာမျိုးလောက်ပဲ လိုချင်ခဲ့တယ်။ ရွှေတိဂုံတို့၊ဝန်ကြီးများရုံးတို့၊အာကာသ ပြတိုက်တို့ သွားချင်တဲ့မင်းနဲ့ အားအားရှိကမ်းနားမှာထိုင်ချင်တဲ့ကိုယ်နဲ့။ သဘောထားကွဲလွဲတာတွေ အဲတာလောက်ပဲဖြစ်ခဲ့ရင် ကောင်းမယ်။ ချိန်းထားတဲ့အချိန် မရောက်လာတဲ့ သူငယ်ချင်းတွေကို စိတ်ဆိုးပြီး မှတ်တိုင်က နေ ထပြန်တော့မယ့် ကိုယ့်လက်ကို ဆွဲထားခဲ့သလိုမျိုးသာ ဆွဲထားခဲ့ရင် ကိုယ်အဲဒီအနားမှာဆက်ရှိနေနိုင်ဦးမလား။ ကိုယ့်နှလုံးခုန်သံဆီက အထပ်ထပ်ရေရွတ် နေတဲ့ မင်းနာမည်လည်း တဖြည်းဖြည်းနဲ့ စီး ချက်တွေနှေးပြီး မှေးမှိန်ကုန်တယ်။ ကိုယ့်တရားနဲ့ကိုယ် အဓိပ္ပါယ်ဖွင့်ရတာ တောင် တွေဝေနေမိတယ်။ ခံနိုင်ရည်ရှိလောက်မယ့် အကွာအဝေးမျိုးပဲ ပေးခဲ့ရင် သိပ်ကောင်းမယ်။ အခုတော့ ကိုယ်သိပ်ကြိုက်တဲ့ အဝါရောင် ထီးလေးလည်း ကျပျောက်ခဲ့ရတယ်။ #ရိုးဇီcrd

May
May
Open In TikTok:
Region: MM
Thursday 12 March 2026 06:21:14 GMT
67066
2472
23
194

Music

Download

Comments

sawnainghtoo16
poppy :
တချို့ကျပြန်တော့လဲ ရန်ကုန်မြို့ကြီးကဘဲ ဆယ်ကမ္ဘာလောက် ကျယ်သလားလို့တောင် ပြန်မဆုံကျပြန်တော့ဘူး😌😌
2026-03-21 02:28:15
4
leona327g
Lynn Lynn ( အဟောင်းဆိုင် ) :
တစ်ခါမှ မမန့်ဘူးဗျာ ဒီတစ်ခါ မမန့်တော့ဘူး
2026-03-25 13:25:35
3
prothwmzlfl
Phoo Phoo :
🥰🥰🥰🥰🥰
2026-03-24 11:31:21
1
carlozncb
Wai Lynn Htet :
ကိုယ်သဘောကျရတဲ့ ကဗျာဆရာတစ်ယောက်ရေးခဲ့သလိုပါပဲ ။ ရန်ကုန်ဟာ ကျဥ်းပါတယ် ဒါပေမယ့် ပြန်မဆုံနိုင်တော့ဘူး 💔 ။
2026-03-24 15:44:50
1
hnine0709
🐰 Rini 🐰 :
ရန်ကုန်လောက်မကျယ်တဲ့နယ်မြို့လေးကဟိုဘက်ရပ် ကွက်နဲ့ဒီဘက်ရပ်ကွက်တောင်မဆုံနိုင်ကြတာနှစ်ဆယ်ချီနေကြတာပါ
2026-04-05 12:47:21
1
deepvain_empty3
Vain. :
ဘယ်လိုတောင်လဲကွာ
2026-04-11 06:21:27
1
kiki_08z
⋆˚ Kiki𝜗𝜚˚ :
တစ်ရပ်ကွက်ထဲနေပီးလမ်း၁လမ်းဘဲခြားတာကို မတွေ့ခဲ့တာကြာပါပီ
2026-04-22 08:31:27
1
user25506315050331
KoHtet :
copyလေးချပေးပါ့လားဗျpkz
2026-03-24 16:54:52
0
10sec69
10Secs :
Damn bro
2026-03-26 01:59:14
0
nan.win.ko
🇯🇵キング勝利🇯🇵 :
စာသားလေးပေးပါလားဗျာ😘😘
2026-03-26 05:58:06
0
kaka_cita7
KaKa_Cita :
မျက်အိမ်ထဲက မိုးတွေကို ဘာနဲ့ကာပါ့မလဲ ဒီလိုလေးပါ ဆက်ဆုံးရင်ကွက်တိ(ကိုယ်ဘာကိုယ်တွေးမိရင်း စိတ်ကူးကြည့်တာသာဖစ်ပါတယ်ဗျ)🙃
2026-03-27 11:24:28
0
zinminhtut494
ZMT ♎ Libra :
သီချင်းနံမည်လေးသိချင်လို့ပါဗျ🥰
2026-03-27 16:47:46
0
hlaowneml779
𝐊𝐡𝐢𝐧 ᥫ᭡ :
စာလေး copy လိုချင်လို့ပါရှင့်🥰
2026-04-06 13:56:22
0
To see more videos from user @poki_bibi, please go to the Tikwm homepage.

Other Videos


About