@may.phoo1449: ဖတ်နေစဉ်အတောအတွင်းmoodပေါင်းစုံနဲ့ဖတ်နေရသောစာအုပ် ဖတ်ခဲ့ဖူးသမျှစာအုပ်တွေထဲမှာအကြိုက်ဆုံးသောစာအုပ် စာအုပ်ခေါင်းစဉ်ကိုဖတ်ပြီးတစ်မျိုးဖြစ်နေနိုင်ပေမယ့်တစ်ခန်းနှစ်ခန်းဖတ်ပြီးတာနဲ့လွှတ်မချနိုင်လောက်တဲ့အထိဖြစ်ခဲ့တယ် “အိမ်ထောင်ပြုတယ်ဆိုတာ ချမ်းသာတစ်ပဲ ဆင်းရဲတစ်ပိဿာ”တဲ့ တကယ်လည်းဟုတ်ပါတယ်(ဒီစာအုပ်ဖတ်ပြီးသံဝေဂလည်းရမိသွားတယ်) “ပူဆွေးခြင်း၊ငိုကြွေးခြင်း၊ကိုယ်ဆင်းရဲခြင်း၊ပြင်းစွာပင်ပန်းခြင်းဆိုတာတွေဟာချစ်ခြင်းကြောင့်ဖြစ်တယ်။ချစ်ခြင်းလျှင်အမွန်အစရှိတယ်။”လို့မြတ်စွာဘုရားဟောတော်မူတယ် အဲတာကို ကန့်ကွက်တဲ့သူကြွယ်ရဲ့အထင်ဟာ”ချစ်ခြင်းဟာနှစ်သက်ခြင်း၊ဝမ်းမြောက်ခြင်း”ဖြစ်တယ်။ ယနေ့ခေတ်ဖောက်လွဲဖောက်ပြန်ဖြစ်နေကြတဲ့ကိစ္စတွေဟာအဲဒီကာမတဏှာဆိုတဲ့ဘီလူးကြောင့်ပေါ့ဆိုတာဒီစာအုပ်ဖြတ်ပြိးသိလာခဲ့ရတယ်။ ကာမတဏှာဟာသိပ်ကြောက်ဖို့ကောင်းတယ်။”သူ့နဲ့သာတွေ့ရရင်ရပြီ၊ညီမအရင်းကိုတောင်စွန့်ပစ်နိုင်လောက်တဲ့အထိ၊ကိုယ့်သားအရင်းကိုတောင်ပြန်သတ်ရလောက်တဲ့အထိ၊”ပြင်းထန်ပါလားပေါ့ ယောင်္ကျားဆိုရင်ဘယ်ယောင်္ကျားကိုမဆိုကြောက်ရွံ့၊မုန်းတီး၊အိမ်ကယောင်္ကျားအတင်းပေးစားရင်ကြိုးဆွဲချသေမယ်ဆိုတဲ့အကြည်ကလေးဟာ ကိုမြင့်ဆွေဆိုတဲ့ ယောင်္ကျားကိုမြင်ပြီး”ကိုမြင့်ဆွေကတော့အဲလိုယောင်္ကျား(မိန်းမကိုမရိုက်မနှက်၊မဆဲမဆို၊ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံ)တတ်တဲ့ယောင်္ကျားမဟုတ်တဲ့အတွက်ကြောင့်လည်းအတင်းမရမကလက်ထပ်ချင်ခဲ့တာပေါ့(ဒါပေမယ့်လည်း ဘယ်လိုပဲ အတူနေရဖို့ကြိုးစားကြိုးစား နောက်ဆုံး ကံစီမံရာအတိုင်းသွားကြရတာပါပဲ။ဖြစ်လာမဲ့ကိစ္စတွေကဖြစ်ကိုဖြစ်လာမှာမို့ ဘယ်အရာမှတားဆီးလို့မရပါဘူး)အဲတာကြောင့်မို့ “ငါကျမှဘာလို့လာဖြစ်ရတာလဲ”ဆိုတဲ့မေးခွန်းတွေအစား “ဒီလိုဖြစ်တာဟာ ဒီလိုဖြစ်ဖို့ကံပါလာလို့ (ဉပမာ အလိမ်ခံရတယ်တို့ဆိုရင် အတိတ်ဘဝကကိုယ်လုပ်ခဲ့လို့ဆိုပြီးနှလုံးသွင်းဆင်ခြင်ပြီး ကိုယ်တို့ဒါကိုရှောင်လွဲလို့မရဘူးဆိုတာကိုပါ ဆင်ခြင်တတ်ဖို့လိုပါတယ်။) နောက်ဆုံးအချက်အနေနဲ့ကတော့ “ငါမရှိရင်ငါ့ယောင်္ကျားနောက်အိမ်ထောင်ပြုသွားမလား၊ငါမရှိရင်ငါ့လက်အောက်ငယ်သားတွေအဆင်မှပြေပါ့မလား၊ငါမရှိရင်ငါ့သားသမီးတွေဘယ်လိုနေထိုင်စားသောက်ပါမလဲ၊ ငါဆိုတဲ့အစွဲကိုဖျောက်ပြီးသေရင်တောင်နောက်ဆံတင်းပြီးငဲ့ကွက်တဲ့စိတ်နဲ့မသေဖို့မြတ်စွာဘုရားကဲ့ရဲ့တော်မူထားပါတယ် ကဲစာဖတ်သူတွေကတော့ ကိုယ်တိုင်ဖတ်ကြည့်ပါ တကယ်လည်းသံဝေဂတရားနဲ့အတူတစ်နေ့ကိုယ်လည်းဒီလမ်းသွားရမယ်ဆိုတာကိုပါဆင်ခြင်မိလာပါလိမ့်မယ် ဟောဒီလောကကြီးမှာဘယ်အရာမှမမြဲပါဘူး မမြဲတဲ့င်္သခါရတရားကိုလက်ကိုင်ထားပြီးလက်ခံသင့်တာလက်ခံပြီး စွန့်လွှတ်သင့်တာစွန့်လွှတ်တတ်ရပါမယ်🍃 #ဦးနု #ကာမတဏှာ #စာပေချစ်သူ #fyp #viral
May♡
Region: TH
Thursday 12 March 2026 12:15:41 GMT
Music
Download
Comments
Maung Gyi & Notes :
စာအုပ်ချစ်သူများ Gpလေးဖွဲ့ထားတယ်
ပါကြအုံးမလား✨❤️
2026-03-13 04:20:50
239
🇲🇲Hlaine Lay(Nattalin)🇸🇬 :
YouTube မှာနားထောင်ပြီးပါပြီ တကယ့်အနှစ်တွေပါ အဲဒါနားထောင်ပြီးဘဝမှာဘယ်လိုနေထိုင်ရမလည်းဆိုတာပိုသိလာပြီးရည်းစားမထားဘဲတစ်ယောက်တည်းနေတာပိုအေးချမ်းတယ်လို့သတိထားမိတယ်☘️
2026-03-13 04:10:00
261
P’S (🌻) :
စာသားလေး ချပေးပါလားရှင့် copyလေးပြန်ယူချင်လို့ပါ crdပြန်ပေးပါ့မယ် မ
2026-07-18 16:22:19
0
🌻thu,zar🌻♐ :
တကယ်ကောင်းပါတယ် ၂ခါလောက် နားထောင် ပီးပီး
အဲ့ထဲက ဘဝကြီးကို ဘယ်လိုတရားနဲ့ဖြတ်သန်းရမလဲဆိုတာပါ
သိခွင့်ရခဲ့တယ် ဦးနုကို လေးစားပါတယ်
2026-03-12 13:43:50
56
Yu🖤 :
တစ်ချို့ကစာအုပ်နာမည်ကြည့်ပီး ဘာစာအုပ်ကြီးလဲတဲ့အဖုံးပဲမကြည့်နဲ့ အထဲစာတွေကိုအရင်ဖတ်ကြည့်ပါလို့ပြောလိုက်တယ်
2026-03-13 03:55:44
9
𝓝𝔂𝓮𝓲𝓷 𝓜𝓰💌💌 :
၀ယ်ချင်လို့
2026-03-13 11:27:49
1
한나 🍵🍀 :
ဒီစာအုပ် ဖတ်နေတာ ဖတ်ရတာအရမ်းသဘောကျတယ် ဒီစာအုပ်ဖတ်ရတာမပြီးသေးပေမဲ့ ဘုရားတရားလဲပိုလုပ်လာဖြစ်တယ် ဖြစ်သမျှကိုလဲ သည်းခံန််ိုင်စွမ်း ရှိလာတယ် ဖတ်ရတာမရပ်နိုင်လောက်အောင်လဲ ရည်းစားထားချင်စိတ်လဲ မရှိတော့သလို သီလရှင် ဝတ်ချင်စိတ်လဲ ပိုပြီးကြီးထွားလာတယ် မခင်မေ တရားဟော တာ သဘောကျလို့ စိတ်လဲ တော်တော်အေးချမ်းပါတယ် စာအုပ်တစ်ဝက်စာဘဲ ဖတ်ရသေးပေမဲ့ လူလဲစိတ်အေးချမ်းမှုနဲ့ ဘုရားတရား ပိုလုပ်ဖို့ နိုးစော်ပေးတယ် နောင်တရတာတစ်ခုက အဖတ်နောက်ကျတာပဲ🍀🍀🍀🙏
2026-03-13 00:59:38
23
I GOT FOR YOU :
ဘယ်မှာဝယ်ရလဲဗျ🥰🥰
2026-03-30 08:47:20
1
Zan :
အဲ့စာအုပ်သွားဝယ်တာ ဒါပဲရလာလို့တူတူပဲပြောတာပဲ ဟုတ်လားဟင် 🥺 ဒါလေးက အဓိက မခင်မေအကြောင်းရေးထားတာ တူလားဟင်
2026-05-21 00:54:49
1
Thae Thae :
ဦးနုရဲ့ငရဲဆိုချိုနဲ့လားစာအုပ်လေးလည်းကောင်းတယ်meကတော့နှစ်အုပ်လုံးဖက်ပြီးပြီကြိုက်လို့အမြဲအားတိုင်းထပ်ဖက်တယ်
2026-04-17 16:10:17
1
🧚♀️ N 하린 ဟာရီန်း 💜 :
ဘယ်မှာ၀ယ်လို့ရပါသလဲရှင့်
2026-03-18 08:35:26
1
🇲🇲pk-7 pk-7🇲🇾 :
တော်တော်ကောင်းတာလေးနော်
2026-06-03 14:19:47
1
#စက္က (official account) :
တကယ်ကောင်းတဲ့စာအုပ်ပါ
2026-05-28 00:53:34
1
Šmîlë :
ဖတ်လို့ ေကာင်းတယ်ဗျ စိတ် ေွေနူးညံ့သွားသလို ခံစားရတယ်
2026-05-14 15:31:06
2
❤️Baby🫠 :
ကြိုက်တယ် ဖတ်ကြည်ချင်တယ် နောက်ထပ် စာပ်ုက်လေး ချပေးပါအုန်း
2026-05-30 02:09:08
1
yiyi1628t7p :
အရမ်းကောင်းသော လေးပါ….🧠📚
2026-06-08 18:53:53
1
Maung Lwin🍀 :
ဖတ်နေပါတယ် နည်းနည်းပဲဖတ်ရသေးတယ် အဲ့နောက်ပိုင်းစိတ်ချမ်းသာပြီးလောဘာဒေါသတွေ မရှိတော့ဘဲ ဘဝက အရမ်းကိုအဓိပ္ပယ်ရှိစွာနဲ့ရှင်သန်တတ်လာပြီ🥰🥰🥰🥰🥰
2026-05-31 10:52:06
1
yu ki :
ကိုယ်လိမ္မာလာတာစာအုပ်ညွှန်ပေးတဲ့ဖေဖေကောင်းလို့လဲပါတယ်
2026-05-22 16:07:41
1
☠Min Ko Oo👺 :
fav ပါဘဲ့ဗျာ အရမ်းကြိုက်ခဲ့ရပါတယ် တန်ဖိုးရှိတဲ့ စာအုပ်တစ်အုပ်ပါဘဲ့ အခုထိလည်း ခဏခဏနားထောင်နေပါသေးတယ်😍😍
2026-05-20 01:47:07
1
! :
လိုချင်တယ်🥺🥺
2026-03-13 05:39:46
1
KaKa :
မခင်မေ 🥰
2026-03-14 13:54:48
1
TinTinWin :
စာအုပ်ဘယ်မှာဝယ်လို့ရလဲရှင်
2026-03-17 03:21:14
1
YKK🌻 :
ကျေးဇူးပါနော် share ပေးလို့နားထောင်ဦးမယ်
2026-03-15 04:24:22
1
To see more videos from user @may.phoo1449, please go to the Tikwm
homepage.