@kkt10183: တရားအနှစ်ချုပ် ခန္ဓာငါးပါးမှာတရားရှာခြင်း(အနိစ္စလက္ခဏာ နှင့် ဒုက္ခလ္ခဏာ) မြတ်စွာဘုရားက တရားသိဖို့ ခန္ဓာငါးပါးမှာပဲ ရှာခိုင်းတာပါ ခန္ဓာငါးပါးရဲ့ သဘာဝတရားသည် ဖောက်ပြန်ပျက်စီးနေသော သဘောသာရှိပါတယ် အတိတ်ကံကြောင့် ရလာတဲ့ အကျိုး ခန္ဓာငါးပါးကို ကံ စိတ် ဥတု အဟာရ ဆိုတဲ့ အကြောင်းတရားလေးပါး ထောက်ပံ့ပြုပြင်ပေးနေတဲ့ အကြောင်းကြောင့် အကျိုးတရားအနေနဲ့ ခန္ဓာငါးပါး ဖြစ်လာခြင်းသည် ရှင်ခြင်း(ဇာတိ) ပျက်ရခြင်းသည် သေခြင်း(မရဏ) သဘောမှာ ခန္ဓာ့သဘာဝတရားသာ ဖြစ်ပါတယ် အကြောင်းကင်းပြီး ဖြစ်လာတဲ့ အကျိုးတရား တစ်ခုမှမရှိပါ အကြောင်းကြောင့်ဖြစ်လာတဲ့ အကျိုးတရား မှန်သမျှဟာ ပျက်ကို ပျက်ရမှာပါ မြတ်စွာဘုရားက မမြဲခြင်းတရားကိုမြင်စေချင်လို့ ခန္ဓာငါးပါး ရုပ်နာမ် သဘာဝကို အကြောင်းအကျိုးနဲ့ စဥ်းစားဆင်ခြင်သုံးသပ်ခိုင်းတာပါ ခန္ဓာ့သဘာဝ မမြဲခြင်းတရားကို မြင်ပြီး ဥာဏ်က လက်ခံနိုင်မှ သေခြင်းတရားကို လက်ခံတာပါ မြတ်စွာဘုရားရှင်သည်ပင် သေခြင်းတရားကို မလွန်ဆန်နိုင်ခဲ့ပါ မြတ်စွာဘုရားက ခန္ဓာငါးပါးကို ဖြစ် တည် ပျက် လို့ ဟောခဲ့ပါတယ် ဖြစ်ခြင်း(ဇာတိ) နှင့် ပျက်ခြင်း(မရဏ) ကြား မသေခင် ရှင်ဆဲကာလကို တည်ကာလ လို့ ဟောခဲ့ပါတယ် မြတ်စွာဘုရားက ဇာတိ ရလာရင် ဘာကြောင့် အိုခြင်း နာခြင်း သေခြင်း ဖြစ်ရတဲ့ အကြောင်းတရားကို သိအောင် ရှာခိုင်းပါတယ် ခန္ဓာငါးပါး သဘာဝတရားသည် ဖောက်ပြန်ပျက်စီး မမြဲနေလို့ ကံ စိတ် ဥတု အဟာရ ဆိုတဲ့ အကြောင်းတရားလေးမျိုးနဲ့ ပြုပြင်ပေးနေရတာပါ ပြုပြင်ပေးနေတဲ့ အကြောင်းတရားလေးမျိုး မမြဲနေလို့ အကျိုးခန္ဓာငါးပါး မမြဲရတာပါ ခန္ဓာငါးပါးက ၁၀၀%ပျက်နေတာကို ကိုယ်ဘက်က ၁၀၀% မပြုပြင်ပေးနိုင်လို့ ပြုပြင်ရင်းနဲ့ပဲ အိုခြင်း နာခြင်း ဖြစ်လာရတာပါ မပြင်နိုင်တဲ့အဆုံး. သေကြရမှာပါ ကိုယ့်ရဲ့ တနေ့တာ အလုပ်တွေကိုပဲ စဥ်းစားကြည့်ပါ ဘာကြောင့်ပြုပြင်ပေးနေရတာလည်းဆိုရင် ခန္ဓာငါးပါးဟာ ဖြစ်လိုက် ပျက်လိုက် အစားထိုးလိုက် နဲ့ တပျက်တည်းပျက် သေနေလို့ ရှင်လျှက်နဲ့သေနေတဲ့ မသာကိုယ်ကထွက်သမျှတွေဟာ မတင့်မတယ် ရွံရှာစရာတွေဖြစ်နေတာပါ ခန္ဓာရလာရင် ပြုပြင်ပေးရတဲ့ဒုက္ခ ဘယ်လိုပင် ပြုပြင်ပေးပေး အို နာ သေ မလွတ်တဲ့ဒုက္ခ ခန္ဓာရလာခြင်းဟာ ဒုက္ခခံဖို့ သက်သက်ဆိုတာကို မြတ်စွာဘုရားက မြင်စေချင်တာပါ သေပြီးရင်လည်းမအေးသေးပဲ ပြုထားမိတဲ့ ကံတွေကြေင့် ဘဝတစ်ခု ခန္ဓာတစ်ခု ရပြီး ဒီလိုပဲ ပြုပြင်ပေးရင်းနဲ့ မပြင်နိုင်တဲ့အဆုံး သေကြရဦး မှာပါ ဘယ်ဘဝခန္ဓာရရ အို နာ သေ မလွတ်လို့ ဒုက္ခ ချည်းပဲဆိုတာကို ကိုယ်ပိုင်ဥာဏ်နဲ့မြင်အောင်ကြည့်မှ ဒုက္ခရောက်နေတဲ့ဘဝခန္ဓာတွေကို မလိုချင်တော့မှာပါ ခန္ဓာငါးပါးရဲ့ သဘာဝတရားသည် မမြဲ ဆင်းရဲ သဘောပဲရှိပါတယ် ဒီအကြောင်းအရာတွေကို 5.2.2026 (၅၁)ကြိမ်မြောက် ၁၀ရက်တရားစခန်း ပဥ္စမနေ့မှာ နာယူနိုင်ပါပြီရှင် 🌿🏵🙏🏵🙏🏵🙏🏵🌿 Credit to ဓမ္မစစ် ယောဂီ
Kyi Kyi Thin
Region: MM
Friday 13 March 2026 04:51:20 GMT
Music
Download
Comments
Thu Zar :
🙏🙏🙏 သာဓု သာဓု သာဓု ပါဘုရား
2026-03-15 17:03:06
4
Lynn Lynn Thi :
သာဓုသာဓုသာဓုပါဘုရား မှန်လိုက်တာ ဘုရားရှင်ဟာမဟာကရုဏာကြီးလွန်းလို့သူသိခဲ့တဲ့သံသရာလွတ်ကြောင်းတရားကိုအားလုံးသိပါစေဆိုပြီးပြခဲ့တာ နိဗ္ဗန်ရောက်ဖို့ဆိုတာ ပါရမီတွေများစွာကိုဖြည့်ကျင့်ရမယ် ဘုရားရှင်တို့မည်သည်ပါရမီဆယ်ပါးအပြားသုံးဆယ်ဖြည့်ကျင့်သွားတယ်
2026-03-17 04:18:26
1
❄️❄️❄️❄️❄️🙂🎄🎧🎤👄📀🌷🍂♥️❤️ :
Breygvhetgyghgy6/(2549!)6
2026-03-21 06:28:37
0
Aung Aung :
မှန်လှပါဘုရား
2026-03-14 06:46:59
2
soe lwin :
သာဓု သာဓု သာဓု 🙏🙏🙏
2026-06-02 06:06:27
0
HML in Japan :
ကျေးဇူးတရားကြီးမားလှပါတယ် အရှင်ဘုရား🙏🙏🙏
2026-06-02 15:30:42
0
ဘိုအောင်တင် :
သာဓု သာဓု သာဓု
2026-05-22 03:12:12
0
ဗိုဗို☕ :
🙏🙏🙏
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏
2026-05-22 09:57:30
0
Nwe :
မှန်ပါဘုရာ
2026-03-17 08:53:39
1
umyintkyaw73 :
သာဓုသာဓုသာဓုပါ
2026-03-15 02:19:29
1
T. Yu.K :
🙏 ကျေးဇူးကြီးမားလှပါတယ်ဆရာတော်ဘုရား
2026-03-19 04:51:13
0
Tin Tin Myint :
သာဓု သာဓု သာဓုပါဘုရား
2026-03-16 01:42:17
1
user1802943120682 :
နမောဗုဒ္ဓဿ သာဓုသာဓုသာဓုပါအရှင်ဘုရား🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-03-13 21:51:32
1
U Nay Lin :
ရှိခိုးပါ၏ဘုရား
2026-03-15 04:48:20
1
Kyaw Aung :
သာဓုသာဓုသာဓုပါဘုရား
2026-03-15 07:52:05
2
oOZin :
တရားကိုများများနာကြားကြပါ
သာဓုသာဓုသာဓုပါ
2026-04-23 00:03:05
1
U Thet Naing :
မသိတဲ့သူများပါတယ်ဘုရား
2026-03-14 13:54:19
1
U Myo Win :
သာဓုသာဓုသာဓု။
2026-03-16 02:12:49
1
AA :
သာဓုသာဓုသာဓုဆရာတော်ဘုရားကြီးသက်ရှည်ကျန်းမာပါစေ
2026-04-25 08:49:05
0
Khin Thet :
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏
2026-04-26 02:27:00
0
UOo :
🙏🙏🙏မှန်လှပါဘုရား🙏🙏🙏
2026-04-30 03:04:00
0
hla myaing :
မျှဝေခွင့်ပြုပါဘုရား🙏
2026-04-30 05:34:11
0
hhost :
သာဓုသာဓုသာဓုပါဘုရား
2026-05-04 16:44:30
0
Daw Aye yin :
🙏🙏🙏ပါဘုရား
2026-05-12 09:14:26
0
maymay7427 :
မှန်လှပါဘုရား🙏🙏🙏
2026-03-19 04:52:10
0
To see more videos from user @kkt10183, please go to the Tikwm
homepage.