@kachin753: ဆရာကြီးဦးရန်အောင်၏ အသုံးဝင်ဆေးနည်းများ ✍ ✅ရေချိုးနည်း ● ရေမချိုးမီ ရေတစ်ခွက်ကြိုတင်သောက်ပါ။ ● ရေမချိုးမီ ဆီးအရင်သွားထားပါ။ ● ရေမချိုးမီ ခြေဖဝါးကို ဆားပွတ်ပါ။ ● ရေချိုးသည့်အခါရေကိုအစွန်းအဖျားမှစ၍လောင်းပါ။ ● သိပ်အေးတဲ့ရေကို မချိုးရ ။ ● သိပ်ပူတဲ့ရေကိုလည်းမချိုးသင့် ။ ● နွေရာသီမှာ မနက်၇နာရီကစပြီး နေပြထားတဲ့ရေနဲ့ နံနက် ၁၁ နာရီမှာ ချိုးပေးပါ။ ● အကယ်၍ သိပ်အေးရင် အခါးရွက်ပြုတ်ရည်ကို ကိုယ်အပူချိန်နဲ့မျှရုံချိုးသင့်ပါတယ်။ ● ဆပ်ပြာကိုလည်း ရှားစောင်းလက်ပတ် မန်ကျည်းတို့ပါဝင်တဲ့ ဆပ်ပြာကိုသုံးပါ။ ● ရေချိုးပြီးတဲ့အခါ ခြောက်အောင်သုတ်ပါ။ ● သနပ်ခါးရေကျဲကို နေ့စဉ် မှန်မှန် လိမ်းပေးပါ။ ၂။နှာခေါင်းပိတ်ပြီးသလိပ်ထွက်ခြင်း အသားယားခြင်း နားသိပ်မကြားခြင်း မနက်ပိုင်း နှာခေါင်းပိတ်ပြီးသလိပ်ထွက်ခြင်း အသားယား နားသိပ်မကြားရခြင်း ✅နေထိုင်စားသောက်ပုံ ... ခရမ်းမှ ၈၅ နှစ်အမေအတွက် ယားတယ်ဆိုတာ -အခါးဓာတ်နည်းတာ ရေချိုးသည့်အခါ အခါးသုံးရမယ် ။ ခရမ်းမှာ ကန့်ကလာပေါတယ် ကန့်ကလာရရင် ကန့်ကလာကိုပြုတ်ပြီးရေချိုးပေးကန့်ကလာကို ဟင်းချိုချက်သောက်ရင် နှာပိတ်တာ အလွယ်လေးထွက်သွားမယ်။ ဒီလိုအချိန်မှာ အားဆေးတွေများများတိုက်ရင် အရွယ်နဲ့မမျှ အစာမကြေပဲ အားမရှိအဲဒီလိုရောဂါဘက်ကိုယိုင်သွားတတ်။ အားဆေးကိုတတ်ကြွမ်းတဲ့ဆရာညွန်သည့်အတိုင်းတိုက်ပါ - မလိုအပ်ပဲဆေးတွေတိုက်ရင် ဆေးပိတာများတယ်။ ကြိုတင်သတိထားမှာက အိပ်ရာနာ Bed Soreကိုသတိထားပါ - အသက်ကြီးလာရင်ခြေထောက်ဖော. မျက်နှာအမ်း အိပ်ရာနဲ့ထိတွေ့တာများတဲ့အပိုင်း အိပ်ရာနာ နီရဲလာရင် ကွမ်းသီးကို သွေးလိမ်းပါ ။ ခြေထောက် လက်တွေ ယောင်တာဖောတာဖြစ်ရင် ကနဖော့ရိုးနီ ( ရေကနဖော့)ကိုပြုတ်တို့ သုပ် ချဉ်ရေချက် ကျွေး (အာကာသကောင်းတာကိုကျွေးပါ)မကျည်းရည်နဲ့သုပ်စားသင့်တယ်။ ငါကြိုက် ( ရှောင်ခိုင်းရင်မရှောင်) ရောဂါကြိုက် ( ချဉ်ခြင်းတပ်တာ) ဓာတ်ကြိုက် ( သူ့အတွက်အကျိုးပြုတာ) ● နားသိပ်မကြားရတာ - အသက်ကြီးတဲ့အခါ အာရုံကြောအားနည်းတယ်နားအောက်ခြေတဝိုက် ပစောက်ပုံ ( နားရှေ့ကနေ နားနောက်ထိ ) ကရမက်ရည်ကျဲကျဲလေးကို လက်ဖျားမှာဆွတ်ပြီး လက်နှစ်ဖက်နဲ့ စုံပွတ်ပေးပါ ။ ●တခါပွတ်ရင် ၇ ကြိမ်လောက် စုံပွတ်ပါ - ကနဖော့ကျွေးရင်လည်းပြန်ကြားလာနိုင်ပါတယ်။ သတိထားရမှာက အိပ်ရာနာမဖြစ်ဖို့ပါ။ ၃။ အပူထုတ် ရေချိုးနည်း လူတွေမှာ ငုတ်လှောင်အောင်းနေတဲ့ အပူတွေ ရှိပါတယ် ။ဒီ အပူတွေကို ရေချိုးပြီး မထုတ်ရင် အန္တရာယ်ရှိပါတယ်။ အောင်းပူတွေကို စနစ်တကျမထုတ်ဘဲ ကန်ထွက်နေမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ရေချိုးနည်း မှန်ဖို့လိုပါတယ်။ ရောဂါ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လူတိုင်းအတွက် အောင်းပူတွေ ထွက်စေမယ့် (အနှိပ်မခံဘဲ )အပူထုတ်နည်းကို ပြောပြပါမယ် ။ ၁ - ရေမချိုးခင် အပူထုတ်နည်း.. မန်ကျည်ရေ ခပ်ကျဲကျဲ ခပ်ပါးပါးလေးခန္ဓာကိုယ်တခုလုံးကို ပွတ်ပါ ။ ၂ - ဆားနည်းနည်းဖြင့် - ဘယ်ခြေဖဝါးကို ညာလက်ဖဝါးနဲ့ /ညာခြေဖဝါးကို ဘယ်လက်ဖဝါးနဲ့ အလျားလိုက်အကြိမ် ၅၀ ခန့် ပွတ်ပါ ။ ၃ - ၁၀ မိနစ်ကြာမှရေချိုးပါ ။ ၄ - ရေချိုးရာမှာ ဝုန်းကနဲ ရေတန်းမချိုးပါနဲ့ ခြေရေလက်ရေ ကိုဖြစ်သလို စ မလောင်းပါနဲ့။ ပေါင်အလယ် လက်မောင်းအလယ် အဆီရှိတဲ့နေရာမှာ အပူခိုတာမို့ပေါင်အလယ် လက်မောင်းအလယ်က စလောင်းပြီး အစွန် အဖျားတွေကိုလောင်းပါ ။ ပြီးတော့ မျက်နှာသစ်မယ် - တစ်ကိုယ်လုံး ချိုးမယ် - ဒီလို စိတ်ရှည်လက်ရှည် ချိုးပေးရင် အပူတွေ တစိမ့်သိမ့်ထွက်စေပါတယ်။ အထူးမှတ်သားရမှာက - ဆားပွတ် ပြီး ရေချိးပါ - ရေမချိုးဖြစ်ပဲ ဆားမပွတ်ပါနဲ့ - ည အခါ ညစ်ပေလို့ ခြေထောက်ကို ရေဆေးရင်လည်း ခြောက်အောင်ပြန်သုတ်ပါ။ ဒီလို မဟုတ်ရင် မျက်စိနာတတ်တယ် မျက်ဝတ်တွေ ထွက်တတ်ပါတယ် ။ ၄။အိပ်ရာဝင်လေရှူပြီးမှ အိပ်ပါ✅ ညစဉ် အိပ်ရာထဲရောက်လျှင် ပက်လကအနေအထားနဲ့ ခေါင်းအုံးမပါစေပဲခြေလက်တို့ကို ဆန့်ထားပြီး စိတ်ကိုလျှော့ထားပါ။ အသက်ကို မှန်မှန်ဖြည်းဖြည်း တဝကြီး.နှာခေါင်းဖြင့်ရှူသွင်းပါ - ပါးစပ်မှ အကုန် ပြန်ထုတ်ပါ. - ၂၁ ကြိမ်ခန့် ပြုလုပ်ပါ တစ်လခန့် ကြာလာပါက အိပ်ရာထတွင် ပေါ့ပါး ကြည်လင်လာသည်ကို တွေ့ရပါမည်။ newfun crd
တော်ဝင်တိုင်းရင်းဆေးမျိုးစုံ
Region: MM
Saturday 14 March 2026 05:44:28 GMT
Music
Download
Comments
Yin Min Hlaing :
ကျေးဇူးပါဆရာ
2026-03-21 04:20:55
1
Rackee :
ကျေးဇူးတင်ပါတယ်ကျမဘယ်လက်မြှောက်မရဘာလုပ်ရမလဲ
2026-04-02 03:56:07
1
Daw Than Than Su :
ကျေးဇူးတင်ပါတယ်ဆရာကြီး
2026-03-26 04:22:24
1
pyone :
ဟုတ်ကဲံပါကျေးဇူးတင်ပါတယ်ရှင့်
2026-04-06 10:17:51
1
phyuphyuthein65 :
ကျေးဇူးတင်ပါတယ်ဆရာကြီးရှင့်
2026-03-21 12:17:11
1
Nan Wut Yi Tun :
ကျေးဇူးပါဆရာကြီး🥰🥰🥰
2026-03-20 07:39:14
1
မုဒိတာ :
ကျေးဇူးတင်ပါတယ်ဆရာကြီး
ကျန်းမာ သက်ရှည်ပါစေ
🙏🙏🙏🙏🙏
2026-03-21 08:47:29
1
ကိုထွန်း :
ကျေးဇူးတင်ပါတယ်🥰🥰🥰🥰🥰
2026-05-14 02:04:06
1
jf :
ကျေးဇူးပါ ဆရာကြီးရှင့်။
2026-03-24 00:28:52
1
khin Latt swe :
🥰🥰🥰ကျေးဇူးပါရှင့်
2026-03-14 07:32:31
1
Daw Ohnmar Soe :
ကျေးဇူးပါဆရာ
2026-03-14 08:32:11
2
爱• 𝑳𝒆𝒐✯ :
ကျေးဇူးပါ
2026-03-17 02:25:00
1
အကိုမောင် :
မင်္ဂလာပါဆရာကြီး
🥰🥰🥰🥰🥰🥰🥰🥰🥰
2026-03-21 06:43:14
1
papae1158 :
ဟုတ်ကဲ့ကျေးဇူးပါဆရာ🙏🙏🙏
2026-03-18 04:35:31
1
ChoCho :
ကျေးဇူပါ🥰🥰🥰🥰🥰
2026-03-14 08:29:38
1
Sai Soe Nyunt :
Thanks very much sayar 😊🥰👍
2026-03-21 14:57:01
1
pen quen🇲🇲🇲🇲🇲🇲 :
🥰🥰🥰🥰🥰🥰ကေျးဇူးပါရှင့်
2026-04-07 01:25:08
1
Myint Myint Htay :
မဂ်လာပါဆရာ❤️🥰🥰
2026-03-25 08:11:16
1
chan pyae 🥰 :
ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး 🙏🙏🙏
2026-03-14 13:04:27
1
Aung :
ဘယ်ဘက် ပေါင်ခြံကြား အူကြတာ ဘယ်လိုဆေးသုံးရမလဲ ဖြေပေးပါဆရာ
2026-05-29 14:21:40
0
Yin Yin Hlaing :
ဆရာကြိးရှင့်
ဂေါက်ရောဂါ (ယူရစ်အက်စစ်များ )
အတွက်ဘယ်လိုနေထိုင်စားသောက်ရမလည်း တင်ပေးပါရှင်
ဆေးနည်းလေးယောသိပါရစေရှင့်🙏🙏🙏🙏
2026-08-02 10:13:57
1
Saung :
ဆရာရေ အရေပြားလေးဘက်နာဖြစ်နေလို့ ဆေးနည်းလေးပြောပြပေးပါအုံးရှင့်
2026-08-01 01:51:42
0
U Myo :
ဆရာကြီးခင်ဗျာ...
ကျွန်တော်ဟာဆရာကြီးအမြဲပြောပြ
နေတဲ့မြန်မာ့ဆေးနည်းများကိုအမြဲဘဲ
ကြည့်ရှု့နေသောပင်လုံပရိတ်သတ်တ
ဦးဖြစ်ပါတယ်ခင်ဗျာ အခုနှစ်ထဲမှာ
ကျွန်တော်အိပ်ယာမှထလျှင်ခြေဖဝါး
ထဲမှဆူးကနဲဖြစ်ကာနာကျင်နေပါတယ်အတော်ကြာကြာလေးလမ်းလျှောက်လိုက်တော့ပြောက်သွားပါတယ်ခင်ဗျာခင်ဗျာ မည်သည့်ရောဂါမျိုးများဖြစ်ခြင်နေလို့ပါလဲခင်ဗျာအစားအသောက်များဆောင်ရန်ရှောင်ရန်များရှိလျှင်ဖြေကြားပေးစေလိုပါတယ်ခင်ဗျာကျွန်တော့အသက်ကတော့ (64) ထဲရောက်နေပါပြီခင်ဗျာ ဆရာကြီးတို့ပင်လုံအဖွဲ့သားများကျမ္မာ ချမ်းသာကြပါစေ။
2026-07-28 03:37:24
0
Khaing sabal :
အသဲအေၾကာင္
2026-09-02 04:09:31
0
ပင်မြင့်စံပန်း :
Z
2026-06-11 08:07:11
1
To see more videos from user @kachin753, please go to the Tikwm
homepage.