@useryuxuan12: အစ်မတစ်ယောက်ပြောဖူးတာလေး သဘောကျလို့။ "ရှင်သန်ရတဲ့ ပတ်ဝန်းကျင်တွေ မတူလို့ အကျင့်စရိုက်တွေလည်း မတူကြဘူး" ဆိုတဲ့ စကားလေးလေ။ ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတရားကို ကောင်းမွန်စွာ သင်ကြားခဲ့ရတဲ့သူနဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားမတတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ကြီးပြင်းခဲ့ရတဲ့သူနဲ့ အကျင့်စရိုက် စိတ်နေစိတ်ထားတွေဟာ ဘယ်လိုမှ မတူကြဘူး။ "အစ်မတို့က ကိုယ့်အပေါ်ကောင်းတဲ့သူဆိုရင် အမြဲတမ်း တန်ဖိုးထားပြီး ရှင်သန်သွားကြတာဆိုပေမဲ့ လူတစ်ချို့ကတော့ ကိုယ့်အပေါ်ကောင်းတဲ့သူဆိုရင် ငါအသုံးချလို့ရတဲ့သူ၊ ခိုင်းလို့ရတဲ့သူလို့ တွေးကြတာ" တဲ့။ အဲ့စကားက တကယ်မှန်တာနော်။ ဘဝမှာ လူတွေအမျိုးမျိုးနဲ့ကြုံကြရတယ်။ ကိုယ့်အပေါ် တကယ့်ကို ကောင်းပေးကြတဲ့သူတွေ ရှိသလို၊ ကိုယ်ကကောင်းပြီး ကိုယ့်အပေါ် ပြန်ကောင်းပေးကြတဲ့ အသွားအပြန် ရှိတဲ့ စေတနာ မေတ္တာတွေနဲ့လည်း ကြုံခဲ့ဖူးတယ်။ ကိုယ့်မှာ ၁၀၀၀ ရှိလို့ ၁၀၀ပေးတာမျိုး မဟုတ်ဘဲ ၁၀၀ပဲရှိတာကို ၁၀၀လုံးလုံး ပေးခဲ့ပေမဲ့လည်း စော်ကားခံလိုက်ရတဲ့ စေတနာ မေတ္တာတွေလည်း ရှိခဲ့ဖူးတော့ လူတိုင်းအပေါ် အပြည့်အဝ ကောင်းပေးလို့မရမှန်း သိလာခဲ့တယ်။ အဲ့ဒါကြောင့် ခုနောက်ပိုင်း ဘယ်သူ့အပေါ်မှာမှ မျှော်လင့်ချက်တွေ မထားဘူး။ အထူးသဖြင့် "သူကတော့ ငါ့ကို ဒီလို မလုပ်လောက်ပါဘူး" ဆိုတဲ့ မျှော်လင့်ချက် ပိုမထားဘူး။ ကိုယ်ကတော့ "ငါဒီလောက် ကောင်းပေးရက်နဲ့ လုပ်ရက်လိုက်လေခြင်း" လို့ တွေးပေမဲ့ လုပ်ရပ်လို့ လုပ်သွားတာက သူ့စရိုက်လေ။ အခုနောက်ပိုင်း ကိုယ်တိုင်အဆင်ပြေဖို့ကို အရင်တွေးတယ်။ ကိုယ့်ကြောင့် တစ်ဖက်သူ မထိခိုက်ဖို့ပဲ ဦးစားပေးတယ်။ ကျန်တာ ကိုယ့်အတွက်ကိုယ်ပဲ တွေးတော့တယ်။ မဖိတ်ခေါ်တဲ့အရပ်၊ မကြိုဆိုတဲ့ အရပ်တွေကို မသွားဘဲနေတယ်။ အသွားအပြန်မရှိတဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ဖြစ်လာပါတယ်။ အပေါ်က အစ်မပြောသလိုပဲ "စိတ်ကျန်းမာဖို့" အတွက်လေ...🤍#crd

Yu Xuan
Yu Xuan
Open In TikTok:
Region: MM
Monday 16 March 2026 08:10:18 GMT
131450
8464
50
246

Music

Download

Comments

chartate287
🌈🐷PaPa🐷🌈💚❤ :
မမစာသားလေးကမန့်ထဲမာမတွေ့လိုပါရှင့်🥺
2026-04-27 15:20:09
1
htetshineaung028
H :
အရင်က အမ တယောက်ရှိခဲ့ဖူးတယ် ကျနော့်အပေါ်လည်း အရမ်းကောင်းခဲ့တယ် သူကပြောတယ် တွေ့တွေ့ခြင်း မင်းအပြုံးလေးတေကို စွဲလမ်းခဲ့တာပါတဲ့ ကျနော်က ညနေဘက် အလုပ်ပီးတာနဲ့ သူ့ဆိုင်မာ အအေးနဲ့မုန့်တေဝယ်နေကျပေါ့ သူကျနော့်ကို မြင်မြင်ခြင်းချစ်တယ်ဆိုတာ မယုံခဲ့ဘူး သူနဲ့တွဲတဲ့အချိန် တခြားသူတယောက်နဲ့ခိုးတွဲချင်တွဲဖို့ထိနားလည်ပေးခဲ့တယ် အဲ့တုန်းကတော့ ကျနော့်ဘက်က အရာရာပေါ့ပေါ့တန်တန်ပဲတွေးခဲ့တယ်ကျနော်အလေးမထားခဲ့မိဘူး နောက်တော့ကျနော် အလုပ်ပြောင်းသွားခဲ့တယ် သူက အဲ့အထိ အဆက်သွယ်မပျက်ခဲ့ဘူး ညဘက်တေလည်း viberမာ စကားတေအများကြီးပြောဖြစ်ခဲ့တယ် ကျနော်က ငယ်သေးတော့ သူ့မေတ္တာတေကို နားမလည်တက်ခဲ့ဘူး သူကပြန် ချစ်ပေးပါ မင်းချစ်ရင်ရပီတဲ့လေ ဒါပေမဲ့ကျနော် သူ့ကိုပြန်မချစ်ခဲ့ဘဲ တခြားတယောက်ကိုရွေးခဲ့လိုက်တယ် နောက်တော့ ကျနော်ရွေးချယ်လိုက်တဲ့ အရာက အမှားမှန်းသိလိုက်တဲ့ အချိန် သူကျနော့်အနားကထွက်သွားခဲ့ပီ အဲ့ချိန်ကစပြီး ကိုယ့်အပေါ်ကောင်းခဲ့တဲ့သူတွေကို နှစ်ဆပြန်ကောင်းဖို့ရယ် ဘဝမှာ ချစ်တယ်လို့ဝန်ခံဖို့ ကို့ကိုချစ်တဲ့သူ၊ကိုချစ်တဲ့သူကိုချစ်ကြောင်းမပြောမိခဲ့လို့ နောင်တရလာခဲ့တယ် တကယ်တော့ ဘဝက တိုတိုလေးပါ ကိုချစ်တဲ့သူကို ချစ်တယ်လို့ပြောဖို့ ချစ်ဖို့ ကျနော့်လို ဝန်မလေးကြပါနဲ့နော်
2026-03-27 17:31:20
22
anyein412
Nyein 🍓 :
ချစ်ခြင်းမေတ္တာကိုတန်ဘိုးမထားတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပေမဲ့ ကိုယ်တိုင်ကတော့ဘယ်ဆက်ဆံရေးမဆိုအဆုံးထိကောင်းပေးရမယ်လို့တွေးပြီးအကောင်းဆုံးနေထိုင်ခဲ့ပေမဲ့ ဘဝမှာဆုံတွေ့သမျှဆက်ဆံရေးအမျိုးမျိုးကကိုယ့်အပေါ် အဆိုးဆုံးတွေဘဲဖစ်ခဲ့တယ်100ဘဲရှိတာတောင်1000ရအောင်ပေးခဲ့ပေမဲ့ပြန်ရသမျှကစိတ်ဒဏ်ရာချည်ပါဘဲ မိသားစုနဲ့ဖစ်ဖစ် အပေါင်းသင်းနဲ့ဖစ်ဖစ် ဒီစာလေးဖတ်မိတော့ ကိုယ့်စိတ်ကျန်းမာဖို့တစ်ချို့အရာတွေစွန့်လွှတ်ဖို့တွေးမိတယ်❤️❤️❤️
2026-03-27 02:09:57
3
yadanarpone7
💥💦Ma Gyi Pone💦💥 :
အမစာလေးယူသုံးခွင့်ပေးပါလား🥰
2026-03-21 11:12:27
1
ayemyaoo25
Aye🪐 :
စာလေးcopy ချင်လို့ပါရှင့်🥺
2026-03-26 15:52:30
2
yaminn.htun
Yamintun :
စာလေးယူသုံးခွင့်ပေးပါလား
2026-04-04 13:38:52
1
khainghnin.wai59
(Ma Plug)☘️🩵 :
စာလေးယူမယ်နော်
2026-04-19 01:54:27
1
user802028367
Müt¥ fųnķ :
ဘုရားရောက်သေးတယ်မတွေ့ပါဘူး
2026-04-16 14:43:28
0
thwetun123
Thwe Htun🦦🤎 :
စာသားလေး ပြန်ယူသုံးမယ်နော် မ🥰
2026-03-27 06:58:26
1
butterfly.9048
Zara :
စာသားလေးယူသုံးခွင့်ပေးပါလားရှင့်
2026-03-26 19:09:41
2
lone.lone6609
💙 Lone 🦄 :
စာသားလေ ယူမယ်နော်အသဲ
2026-03-26 09:20:20
1
may.nan90
May Noung :
မှန်လိုက်တာ အဲစကားလေးတွေ🥰🥰🥰
2026-03-27 12:23:02
1
ei.khaing.phyoe08
💜💜Ei khaing phyoe 💜💜 :
ယူမယ်နော်🥰🥰
2026-03-28 14:43:42
1
kyilae199728._
🌷Kyi Lae Lae Win ♍ (Official) :
စာသားလေးယူတင်မယ်နော်❤️
2026-03-25 15:59:38
1
shweyi2163
shwe yi💜 :
စာလေးcopy ချင်လို့ပါရှင့်😍
2026-03-26 15:19:01
1
khin.wut.hmone4
Khin Wut Hmone :
မမစာသားလေးပို့ပေးလို့ရလား🥺
2026-03-25 08:22:01
1
ashernoral
T :
စာလေးcopyမယ်နော်🤎
2026-03-22 06:10:58
1
yaryar8498
yaryar8498💐🎀🎀♓🙆‍♀️ :
စာသားလေးယူမယ်နော်အမရှင့်
2026-04-05 09:34:15
1
tiktok.comttji7
Virgo :
အရမ်းသဘောကျစာသားကို
2026-03-30 11:34:24
1
only.me271
Only Me :
ယူမယ်နော်
2026-03-27 10:43:06
1
thethtarshwesin71
Htar🪼 :
စာလေးcopyချင်ပါတယ်ရှင့်💞
2026-03-24 17:17:09
1
useryuxuan12
Yu Xuan :
မန့်ထားတာလေးရ်ှပါတယ်နော် ခွင့်တောင်းစရာမလိုဘဲပေးပါတယ်ရှင့်
2026-03-26 15:20:01
3
sxin95
. :
စာလေးယူမယ်နော်မမ🥰
2026-03-27 12:06:39
1
zinmaraye8772
Z🪼 :
ငါဒီလောက်ကောင်ပေးပါရက်နဲ့ ကိုယ်မကြားဘူထင်ပီး ကိုယ်မိသာစုကိုကဲ့ရဲ့နေတာကျလွန့်တာပေါ့😑
2026-03-27 09:12:00
1
khin20824
khin🐻 :
စားသားလေယူသုံးခွင့်ပေးပါနော်မမ
2026-03-31 02:05:47
1
To see more videos from user @useryuxuan12, please go to the Tikwm homepage.

Other Videos


About