@zoeclark32: #fyp

zoeclark32
zoeclark32
Open In TikTok:
Region: US
Tuesday 17 March 2026 11:31:00 GMT
534
2
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @zoeclark32, please go to the Tikwm homepage.

Other Videos

ကျမတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အချစ်ဆိုတာမျိုးက မြတ်စွာဘုရားရှေ့မှာ ဒူးထောက်ရင်း အဲဒီလူရဲ့ နာမည်လေးကို တိုးတိုးလေးရေရွတ်၊ မေတ္တာသုတ်အမွှန်းလေးကို အခေါက်ခေါက်ရွတ်ဖတ်ပြီး
ကျမတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အချစ်ဆိုတာမျိုးက မြတ်စွာဘုရားရှေ့မှာ ဒူးထောက်ရင်း အဲဒီလူရဲ့ နာမည်လေးကို တိုးတိုးလေးရေရွတ်၊ မေတ္တာသုတ်အမွှန်းလေးကို အခေါက်ခေါက်ရွတ်ဖတ်ပြီး "သူ့ကို အဆင်ပြေပါစေကြောင်း" ဆုတောင်းပေးတတ်ကြတာမျိုး။ မြတ်စွာဘုရားကတော့ "ချစ်ခြင်းသည် ပူလောင်ခြင်း" လို့ မျက်မှောက်ထင်ထင် ဟောကြားတော်မူခဲ့ပေမဲ့ ကျမတို့ကတော့ အဲဒီအပူကိုပဲ နိဗ္ဗာန်အမှတ်နဲ့ ရင်ခွင်ထဲ အတင်းပွေ့ပိုက်ထားမိကြတယ်။ ဘုရားစင်ရှေ့မှာ လက်အုပ်ချီရင်း ဒီဘဝ ဝဋ်ကျွတ်ဖို့ထက် နောက်ဘဝမှာပါ အဲဒီလူနဲ့ ထပ်ဆုံပါရစေလို့ ဘုရားလည်း သက်ပြင်းချမိလောက်မယ့် အတ္တဆုတောင်းတွေကို မိုက်မိုက်မဲမဲ တောင်းနေမိတာ။ မြတ်စွာဘုရားနဲ့ ကျမတို့ လွဲခဲ့ကြတာ အဲဒီနေရာပဲ။ ဘုရားက ဥပေက္ခာပြုဖို့ သင်ပေးပေမဲ့ ကျမတို့ကတော့ အဲဒီလူ့မျက်နှာလေး မြင်ရဖို့ဆို လောကကြီးတစ်ခုလုံးကိုတောင် ကျောခိုင်းရဲကြသူတွေ။ ရူးသွပ်တယ်ပဲပြောပြော၊ အချစ်ကြီးတယ်ပဲဆိုဆို... "ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘီသနံ" ဆိုတဲ့ မေတ္တာသုတ်တော်လာ ပါဠိစာသားလေးကို အစချီပြီး ရင်ဘတ်ထဲမှာ သူ့မျက်နှာလေးကိုပဲ ထပ်ခါထပ်ခါ မြင်ယောင်ရင်း တိုးတိုးလေး ရွတ်ဖတ်ပူဇော်နေမိတယ်။ ကျမရဲ့ နှလုံးသားထဲက စီးဆင်းသွားတဲ့ မေတ္တာအလင်းတန်းတွေက အဝေးက အသက်ထက်မြတ်နိုးရတဲ့ အမျိုးသားဆီသို့သာ ရောက်ရှိလို့ ပူလောင်မှုဟူသမျှ ကင်းစင်ပြီး အေးချမ်းခြင်းတွေပဲ သက်ရောက်ပါစေ။ အမြဲတမ်း စိတ်အေးချမ်းပါစေ... ချစ်ရသောရေ。。。。。 #fyp #miss #Love#mandalay #rain

About