@ar_kar_myo_sat4: မိသားစုမှာ အငယ်ဆုံးဆိုတဲ့သူတွေအရွယ်ရောက်လာကြတဲ့အခါ သူတို့လေးတွေမှာ မျက်လုံးမိတ်လိုက်တိုင်း ဝင်လာတဲ့အတွေးတစ်ခုရှိတယ်။ ပထမ လောကကြီး အကြောင်းကို သိမ်မသိသေးတဲ့အရွယ် မှာတော့ ဘာအပူပင် အခက်ခဲတွေမှမရှိခဲ့ကြဘူး။ အဲ့အချိန်မှာဆို အထက်က အကြီးတွေဟာ အကိုကြီးအဖအရာ၊အမကြီး အမိအရာ ဆိုတဲ့အတိုင်း မိသားစုတစ်လုံးဝမ်းရေးအတွက် သူတို့က ရည်မှန်းချက်တွေကိုနောက်မှာထားပြီးအောက်ကလူတွေ ထမင်းမငတ်ဖို့ ကိုကြိုးစားပေးခဲ့ကြတယ်။ အဲ့အချိန်မှာတော့ အငယ်ဆုံးလူတွေကတော့ ဘဝမှာ ပေါ့ပေါ့ပါးပါး ပျော်လို့ကောင်းတုန်း ရင်ခုန်လို့ကောင်းတုန်းပေါ့။ နောက်ဆုံး အကြီးဆုံးတွေဟာ သီးချိန် ပွင့်ချိန်တန်ပြီး အိမ်ထောင်တွေကျသွားကြတဲ့အခါမှာတော့ မိသားစုတာဝန်တစ်ခုလုံးဟာ အငယ်ဆုံးတွေရဲ့ ပုခုံးပေါ်ရောက်လာကြပါတော့တယ်။အာ့အချိန်မှာ အငယ်ဆုံးဆိုတဲ့သူတွေဟာ Challenge(စိန်ခေါ်မှု) ကြီးကြီးမားမားတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။ အထက်ကအကြီးတွေကတော့ ဝမ်းရေးအတွက်တာဝန်ကျေပေးခဲ့ကြပြီးတော့ အငယ်ဆုံးတွေရဲ့တာဝန်ကတော့ မိသားစုတစ်ခုလုံးကိုပြောင်းလဲပေးဖို့ တာဝန်ဖြစ်လာခဲ့ပါတယ်။ အာ့အချိန်မှာ အငယ်ဆုံးဆိုတဲ့သူတွေဟာ မျက်လုံးမှိတ်လိုက်ချိန်တိုင်းဝင်လာတဲ့ အတွေးတစ်ခုက ဒီမိသားစုကိုဒီလိုဘဝကနေ ငါကိုယ်တိုင် မပြောင်းလဲပေးနိုင်ရင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ လာပြီးပြောင်းလဲ ပေးရန်မရှိတော့ဘူးဆိုတဲ့ အတွေးတစ်ခုဟာ အမြဲတမ်း ညသန်ခေါင်ယံကျော်လာကြပါတယ်။ ဒါကြောင့် အငယ်ဆုံးတွေဟာ အရွယ်ရောက်လာကြတဲ့အခါ သူများတွေထက်ပိုပြီး ရင့်ကျက်လာတက်ကြတယ် တချို့ဆိုရင် လုံးဝတိတ်ဆိတ်သွားတက်ကြတယ်။ "မိသားစုတစ်ခုမှာ အဲ့ဒီမိသားစုပြောင်းလဲပေးမယ်သူ တစ်ယောက်တော့ပါတယ်" ဆိုတဲ့စကားဟာ အငယ်ဆုံးတွေကိုရည်ရွယ်ပြီးပြောခဲ့ကြတယ် ထင်ပါရဲ့.... အငယ်ဆုံးဆိုတဲ့ဂုဏ်ဟာအကြီးမားဆုံးတာဝန် တစ်ခုကို ဖန်တီးရန်အတွက်ဖြစ်တည်လာတယ်ဆိုတာ နားလည်လာတဲ့အချိန်ဟာ အငယ်တွေဟာ ရုတ်တရက်အကြီးဖြစ်ကြတဲ့အချိန်ပါပဲ။ အစကတည်းက ပြီးပြည့်စုံနေကြတဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းနေလို့မရဘူးဆိုတာသိလာကြတယ်။ ဒါကြောင့်သူများတွေသုံးနိုင်ဖြုန်းနိုင်တာကိုအားမကျပဲ "ဘဝ"မှာ ဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတာပဲ စဉ်းစားလာတက်ကြတယ်။ တကယ်ပါ မိသားစုတစ်ခုလုံးပြောင်းလဲဖို့ဆိုတာ အငယ်ဆုံးတွေနဲ့ဆိုင်ပါတယ် အကြီးဆုံးတွေရဲ့ တာဝန်မဟုတ်တော့ပါဘူး အကြီးတွေရဲ့တာဝန်က အငယ်တွေကိုအစပျိုးပေးဖို့ရယ်ပါ။ ဒါဟာဂိမ်းတစ်ခုလိုပါပဲ နောက်ဆုံး Game over အဆင့် ရောက်ဖို့မတွက် ပထမဆုံး အခန်းတွေက အတွေ့အကြုံနဲ့ Supportတွေပေးတယ်။နောက်ဆုံး တိုက်ရတဲ့အခန်းကတော့ တကယ့်ကို ပြင်းပြင်းထန်ထန်ပါပဲ။Game over ဖြစ်နိုင် မဖြစ်နိုင်တာကနောက်ဆုံး#crd #foryou

_ 𝙼𝚐 𝙰𝚛𝚔𝚊ꪶ
_ 𝙼𝚐 𝙰𝚛𝚔𝚊ꪶ
Open In TikTok:
Region: MM
Wednesday 18 March 2026 13:12:33 GMT
1157
86
0
3

Music

Download

Comments

There are no more comments for this video.
To see more videos from user @ar_kar_myo_sat4, please go to the Tikwm homepage.

Other Videos


About