@dingar09778733356: #ရေတွင်းလုံးဝမရှိသေးသော ဘုန်းကြီးကျောင်း တောရကျောင်းမှ သည် နိုင်ငံတော်အဆင့် သံဃမဟာနယကဆရာတော်ကြီး ပေါ်ထွက်ခဲ့သည့် တောရကျောင်း။ မြန်မာပြည်မှာ အားလုံးနီးပါး သတိထားမိတဲ့ နာရေးယပ်တောင်တွေမှာ ပါတဲ့ ကဗျာ ပဲ့ကိုင်ရှင်ဆရာတော်ကြီး ရဲ့ တောရကျောင်း ** တနေ့ကွယ် သေနယ်သို့ တခါကူး မေ့လျော့ခါသေဘူးမထင်ပါနဲ့ နေကွယ်တာအချိန်များလျှင် သေနယ်ရွာ တကြိမ်သွားရမယ် တားလို့ရဘူး၊ ရှည်မဝေးပြီးဘူး သေဘေးရယ်တဲ့ နီးလုပြီ ကိလေသာ ညှော်အငွေ့တွေနဲ့ ပျော်၍သာ နေမိမှားကြရင် သွားလိမ့်အောက်ဆီ ** ပဲ့ကိုင်ရှင် ဆရာတော်ကြီးရဲ့ တောရကျောင်း ဆီသို့ အလိုအပ်ဆုံးဖြစ်သော ရေတွင်းတူးဖော်ကုသိုလ်ပြုပါမည်။ တန်ဖိုးရှိလှတဲ့ သံဝေဂ ကဗျာလေးပါ။ ကိုဒင်းဂါး ရေ အပူပိုင်းဒေသမှာ ရေအမှန်တကယ်ခက်ခဲ ရေရှားပါးတဲ့နေရာတွေ့ရင် ပြောပြပေးပါအုံး လှူချင်လို့ပါ ဆိုတဲ့ မိတ်ဆွေများအတွက် နေရာစုံ သေချာလေးပတ်ရှာပြီး ယခု ရေအရှားပါးဆုံး နေရာလေး တွေ့ရှိပါသည်။ နေရာလေးကတော့ သာသနာတော်အတွက်လည်း အကျိုးများ တန်ဖိုးမဖြတ်နိုင်တဲ့ နေရာ၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် အတွက်လည်း ကျေးငှက်ပေါင်းစုံပျော်ပါးတည်ရှိကာ တန်ဖိုးရှိလှတဲ့နေရာ။ ကျောက်ပန်းတောင်း မြို့ အထွက် လေး ပုဂံ သွား လမ်းပေါ် မှာတည်ရှိတဲ့ တရားအားထုတ်လို့ကောင်း အေးချမ်းလှတဲ့ #မြောက်ဂူကျောင်းတောရ ပါ။ ထိုကျောင်းမှာ ရဟန်း သံဃာ ၁၀ ပါး ၊ ကျောင်းသား ၃ ယောက် တရားစခန်းအချိန် ဆို ယောဂိ နှစ်ရာဝန်းကျင် တရားစခန်း ဝင်ကြပါသည်တဲ့။ အရှားပါးဆုံးကတော့ ရေပါ။ ရေတွင်း ရေကန် လုံးဝမရှိသေးပါခင်ဗျာ။ ရေကား ပုစဥ်းတစီး နှစ်သောင်းနှစ်ထောင်ကျပ်ဖြင့် ဝယ်ကာ သုံးနေရပါသည်တဲ့။ ထိုတောရကျောင်းလေးကို စတင်တည်ထောင်သွားတာကတော့ သာသနာတော်အတွက် တန်ဖိုးရှိလှ ဆရာတော်ကြီးပါ။ #ဆဌသံဂါယနာတင်ပွဲ မှာ ပါဝင်ခဲ့တဲ့ #ဘဒ္ဒန္တပဏ္ဍိတ အဂ္ဂမဟာသဓ္ဓမ္မဇောတိကဓဇ နိုင်ငံသံဃမဟာနာယကဆရာတော်ကြီးပါ။ ထိုဆရာတော်ကြီး ဟာ မင်းကွန်းဆရာတော်ကြီး နှင့်လည်း အလွန်ရင်းနီးပြီး မင်းကွန်းဆရာတော်ကြီး လည်း မြောက်ဂူကျောင်းတောရဆီသို့ ယခင်က ရောက်ဖူးတဲ့ တောရကျောင်းလေးပါ။ ကျောင်းဝန်းကြီး တခုလုံးမှာလည်း အင်ကြင်းပန်းပင်ကြီးများ နှင့် မွှေးပျံ့နေပြီး ကျေးငျက်ပေါင်းစုံ လည်း တည်ရှိတဲ့ တောရကျောင်းလေးပါ။ ရေတွင်း ရေကန် သာ အောင်မြင်သွားရင်တော့ အလွန်သာယာလှတဲ့ နေရာတခု ဖြစ်သွားမှာပါ။ ရေအဆင်ပြေသွားရင် တရားအားထုတ်လို့ကောင်းတဲ့ တောထဲ တောရကျောင်းလေးဆိုတော့ သံဃာတော်များလည်း ပိုမိုများလာနိုင်ပါသည်။ တူးရမည့် ပေအနက်ကတော့ ပေ တစ်ထောင်ဝန်းကျင် လေးလက်မခွဲတွင်း ၁၀ ကောင်အား ရေမြုပ်ပန့်ချရပါမည်။ တောရကျောင်း တောထဲ လျှပ်စစ်မီးမရလို့ ဆိုလာတပ်ဆင်ရပါမည်ခင်ဗျာ။ ကုန်ကျငွေ သိန်း **၇၀၀** ဝန်းကျင် ကုန်ကျပါမည်။ တရားစခန်းယောဂိ နှစ်ရာကျော် ရောက်ရှိလာမည့် သကြင်္န် အမှီ ပြီး စီး ဖို့ ယခုရက်ပိုင်း ပိုက်ဆိုင်၊ ပန့်ဆိုင်၊ ဆိုလာဆိုင်တွေက အကြွေးယူပြီး တူးဖို့ စီစဥ်ထားပါသည် ခင်ဗျာ။ သာသနာတော်အတွက်လည်း အကျိုးများတန်ဖိုးရှိ၊ ဂေဟစနစ် အတွက်လည်း အကျိုးများစွာဖြစ်ထွန်းမည့် အလိုအပ်ဆုံး နေရာမှာ ပေါ်ထွက်လာမည့် ရေတွင်းတတွင်းပါပဲခင်ဗျာ။ မိတ်ဆွေအားလုံး ထာဝရကုသိုလ် စုပေါင်းပါဝင်လို့ရပါသည်ခင်ဗျာ။ #အားလုံးကုသိုလ်ထပ်တူရပါစေ ရေနံ့သာဒင်းဂါးညီနောင်များသစ်ပင်စိုက်၊ရေကန်ဖော်၊ဇရပ်ဆောက်၊ရေချမ်းစင်တည်အဖွဲ့ ရေနံ့သာ ဒင်းဂါး Kpay /Wave /AYA/ CB Pay 09971193355 Wai Lin Tun
ရေနံ့သာ ဒင်းဂါး
Region: MM
Friday 20 March 2026 11:12:22 GMT
Music
Download
Comments
Aye Aye :
🙏🙏🙏🌸🌸🌸လှူအုံးမယ်မောင်လေးရေ
2026-03-20 11:33:54
4
min zaw Vintage အထည် :
နိုင်သလောက်လေးလှူပါမယ်💓💓💓
2026-03-23 05:55:10
1
HayMannHtun :
လှူပါအုံးမယ်ရှင်
2026-03-25 09:35:17
0
U Lay :
သာဓု သာဓု သာဓုပါ အောင်မြင်ပါစေလှ
လှူနိုင်ရပါလို၏ ဆုတောင်းပါတယ်
2026-05-13 02:22:42
0
SKTR :
တတ်နိုင်သမျှလှူချင်ပါတယ်
2026-03-25 04:54:21
0
Ko Win :
သာဓုသာဓုပါ
2026-06-10 15:08:46
0
ခင်လေး🌹🌹 :
အားလုံးကိုယ်စားကျေးဇူးတင်ပါတယ်လို့ပြောပါရစေ။
2026-04-17 00:05:22
1
uhtein🥰 :
🥰🥰🥰Good😌Good🥰🥰🥰လေးစါး
2026-03-25 09:02:33
1
Tecno Snowy :
ရပ်ကွက် ဒေသ နေရာလေးတွေ ထည့်ပြောပေးပါ အမြဲတမ်း 🥰🥰🥰🥰🥰🥰🥰🥰🥰
2026-03-25 04:57:24
0
user47223319328364 :
သာဓုပါကိုဒင်ငါးကျေးဇူးပါ
2026-03-20 15:45:40
0
MgGYi :
သာဓု၃ခါပါဗျ
2026-03-20 14:41:22
1
Daw Moe Moe :
ရေတွင်းအောင်မြင်ရင်ပိုပြီးသာယာမယ့်ကျောင်းတော်ပုံစံလေးပါ...အောင်မြင်ပါစေ။🙏🙏🙏🙏🙏🙏🙏🙏
2026-04-10 09:32:52
1
U Min Min Tun :
သာဓုသာဓုသာဓုပါကို
2026-03-20 11:52:21
0
Piouyk :
ကောင်းတယ်အကို
2026-03-20 12:38:45
0
UNH :
လှုမယ်ဗျာ
2026-03-20 14:04:32
1
Chit San Mg :
သာဓု သာဓု သာဓုပါ
2026-04-05 11:02:16
0
ွလမ်းပေါ်ကမင်းသားကြီး :
လေးစားပါတယ်ရေနံ့သာဒင်းဂါးရေ💐💐💐
2026-03-20 13:43:17
0
Yan Naing cyclist :
ငယ်ငယ်ကရောက်ဘူးတယ်
2026-03-20 13:30:45
0
ukhinmaungtin1 :
သာဓု သာဓု သာဓု
2026-03-23 05:41:41
0
Daw Tin Hme :
ရေအောင်ပါစေ
2026-03-29 10:18:37
0
Soe Naing :
သာဓု သာဓု သာဓုပါရေအောင်ရင်လဲတင်ပေးပါ
2026-07-02 11:15:30
0
Nyunt Maung :
မြင်ရ ကြားရတာနဲ့တင် ပီတိဖြစ်ရပါတယ်
2026-03-30 06:13:23
0
Kyaw Gyi :
လှူပါမည် အစ်ကို
2026-03-20 11:58:52
0
yenaingoo830 :
သာဓု သာဓု သာဓုပါ။
2026-05-13 10:30:21
0
268874 :
🙏🙏🙏🙏🙏🙏🙏🙏
💙💙💙💙💙💙💙💙
2026-03-23 06:29:19
0
To see more videos from user @dingar09778733356, please go to the Tikwm
homepage.