@yu.ko691: #crd ငါတို့တွေက တကယ်ထူးဆန်းတယ် အကျပ်အတည်းနဲ့ ကြုံလာရင် ကယ်ကြပါ ကူညီကြပါအုံးဆိုတဲ့ စကား ထက် အမေ့ကိုပဲ အရင်ရှာကြတယ်။ တကယ်တော့ အမေကို ငယ်ကတည်းက ရင်ထဲစွဲခဲ့ပုံရပါတယ်။ လမ်းမှာခလုတ်တိုက်တာကအစ အမေ့ ကိုအရင်တတယ်။ အလုပ်မှာပင်ပန်းတဲ့အခါတိုင်း အမေ့အိမ်ကိုပဲ ပြန်ချင်ကြတယ်။ အမေ့အရိပ်မှာ အမေ့ရင်ခွင်မှာ ခိုနားချင်ကြတယ်။ ဖြစ်သလိုစားလိုက်ရတဲ့ထမင်းတစ်နပ်တိုင်းမှာအမေ့လက်ရာကို တမ်းတကြတယ်။ ငယ်ငယ်ကတော့ ထမင်းစားမကောင်းတိုင်း ဂျီကျခဲ့ကြတယ်။ အမေ့ကို ရန်လုပ်ခဲ့ကြတယ်။ တကယ်တော့ အမေချက်ကျွေးတဲ့ ထမင်းဟင်းလောက် မနွေးထွေးတာ ဘဝကိုတစ်ယောက်တည်းရုန်းကန်မှ သိလာခဲ့ရတယ်။ ဗိုက်ဆာလာတဲ့အခါ အဆင်သင့်စားနိုင်ဖို့ အမေရှိနေတာက ဘယ်လို ကံကောင်းခြင်းပါလိမ့်.. အမေနဲ့အဝေးမှာ ရောက်သွားမှ အမေ့လက်ရာက အကောင်းဆုံးဆိုတာ နားလည်လာခဲ့တယ်။အမေရဲ့လက်ရာမှာ ချစ်ခြင်းမေတ္တာတွေ အပြည့်ပါတယ်လေ .. အမေချက်ကျွေးတဲ့ထမင်းဟင်း အမေလိမ်းပေးတဲ့သနပ်ခါး အမေရွေးပေးတဲ့ အဝတ်အစား အမေဆုံးမခဲ့တဲ့ အဆုံးအမ တကယ်တော့ကိုယ့်မှာ အမေ့ရဲ့ ခြေရာလက်ရာချည်းပဲ ဖြစ်ခဲ့တယ်။အရွယ်ရောက်လာတော့အမေနဲ့အဝေးကို ရောက်လာခဲ့တယ်။ အမေလက်ရာမစားရတာ ဘယ်လောက်ကြာပြီလဲ အမေနဲ့မတွေ့ရတာရော ဘယ်ချိန်ကတည်းကပါလဲ... တကယ်လို့ အလုပ်ပိတ်ခဲ့ရင် အချိန်ရခဲ့ရင် အမေ့လက်ရာစားရဖို့ အိမ်ကိုခဏလောက်ဖြစ်ဖြစ် ပြန်ချင်တယ်။ အမေချက်ကျွေးတဲ့လက်ရာစားရဖို့ အကြိမ်အရေအတွက် ဘယ်လောက်ကျန်သေးတယ်ဆိုတာ ငါတို့တွေမသိနိုင်ဘူးလေ အမေက ငါ့တို့ဘဝတွေအတွက် ဘဝရဲ့အစ အမြဲနံပါတ်တစ်ဖြစ်လို့ပါကွာ☺
Yu Ki🦥🐾
Region: MM
Monday 23 March 2026 16:08:29 GMT
Music
Download
Comments
Ko Naing :
ပြန်တင်ပရစေ
2026-06-07 04:44:37
1
數•𝐀ᥫ᭡^᪲᪲᪲ :
စာသားလေးပေးပါလား
2026-03-24 04:23:51
0
❤Ma Su Su ❤ :
ပြန်တင်မယ်နော် ❤️
2026-05-13 15:42:11
1
🌼HSu Linn Latt Naing🌼 :
စာသားလေးယူသုံးမယ်နော်
2026-05-13 15:22:41
1
Ko Ko💗Baby✯Official :
ကျွန်တော်မှာ အမေဆိုတဲ့နာမ်းစားလေးအရင်ကခေါ်စရာရှိခဲ့ပါတယ် အခုတော့ အဲ့နာမ်စားလေးကို မခေါ်ရတာတောင်ကြာနေပြီးဗျာ🥺
2026-06-04 06:09:32
1
Sit Nyine Htoo(Nyein♈) :
ပုံအလွတ်လေး🥺🥺
2026-03-25 13:39:50
0
ZarZar Wint Htet♉ :
🥰🥰🥰
2026-05-02 04:46:20
0
To see more videos from user @yu.ko691, please go to the Tikwm
homepage.