@thuta2712: တရားဟောပြီးနောက် ရေစက်သွန်းချ အမျှပေးဝေပြီးသော အခါ စိတ်ဝေဒနာရှင် ပရိသတ်ထဲမှ ဒေါင်ကောင်းကောင်း အမျိုးသား ကြီးတစ်ယောက် တရားဟောဆရာတော်ကို လှမ်းကြည့်ရင်း မျက်ရည် များ ကျဆင်းလျက် ရှိသည်။ ဆရာတော်က အနားမှ ဆေးရုံအုပ်ကြီး ကို လှမ်းမေးလိုက်သည်။ ]ဒကာကြီး၊ ဟိုမှာ ဝေဒနာသည်အမျိုးသားကြီးတစ်ဦး မျက် ရည်တွေ ကျနေပါလား၊ ဘာဖြစ်လို့လဲ မသိဘူး} ]ဆရာတော်က ထူးထူးရှားရှား ဝေဒနာရှင်တစ်ဦးနဲ့ အမေး အဖြေ လုပ်ချင်တယ်ဆိုလို့ သူ့နောက်ကြောင်းကို မေးကြည့်ပြီး တ ပည့်တော်ကိုယ်တိုင် ရွေးထားတဲ့ ဝေဒနာရှင်ပါဘုရား၊ အခုပဲ ခေါ်ပေး ပါ့မယ်} လက်ထောက်ဆရာဝန်တစ်ယောက်က ထိုဝေဒနာရှင်ကို သွားခေါ်ကာ ဆရာတော်၏ ရှေ့မှောက်သို့ ပို့ပေးလိုက်သည်။ ထိုဝေဒ နာရှင် အမျိုးသားကြီးမှာ ဥပဓိရုပ် သန့်ပြန့်သည့်အပြင် အသားလည်း ဖြူပေသည်။ သို့သော် စိတ်ဆင်းရဲမှု ဒဏ်များကြောင့် ထင်သည်၊ နားထင်များ ချိုင့်ဝင်ပြီး ပိန်နေလိုက်သည်မှာ အ ရိုးပဒေသာတွဲကြီး ကဲ့သို့ ဖြစ်နေသည်။ ဦးချပြီးသည်နှင့် ဆရာတော်က မေးသည်။ ]ဒကာကြီးရဲ့ နာမည် ဘယ်လို ခေါ်သလဲ} ]မြင့်စိန်ပါဘုရား} ]ဒကာကြီးရဲ့ အသက်ကရော} ]၆၂နှစ်ပါဘုရား} ]ဒကာကြီးက ထောင်သားတစ်ယောက်အနေနဲ့ ဆေးရုံလာ တက်တယ်ဆိုတာ ဟုတ်သလား} ]ဟုတ်ပါတယ်ဘုရား} ]နှစ်ဘယ်လောက် ကျတာလဲ} ]နှစ်ခြောက်ဆယ်ပါဘုရား} ]အို ဖြစ်ရလေ၊ ကျွတ် ကျွတ် ကျွတ်} အသက်(၆၀) ကျော်နေသူတစ်ယောက်က အနှစ် (၆၀) ထောင်ဒဏ် ကျခံနေရရာ ထောင်ထဲမှာပင် သေရမည်ကို တွေးပြီး ဆရာတော်မှာ အတော်ကြီး စိတ်မကောင်း ဖြစ်သွားဟန် တူသည်။ မေးခွန်းကို တော်တော်နှင့် ဆက်မမေးနိုင်တော့ဘဲ ဦးမြင့်စိန်ကို ကရု ဏာမျက်ဝန်းဖြင့် စိုက်ကြည့်တော်မူရှာသည်။ တော်တော်ကြာမှ မေး ခွန်းကို ဆက်သည်။ ]နှစ် (၆၀) ထောင်ကျတာဆိုတော့ ဘာမှုလဲ ဒကာကြီး} ]လူသတ်မှုပါဘုရား၊ လူငါးယောက်ကို တစ်ပြိုင်နက်တည်း ဓားနဲ့ခုတ်သတ်ခဲ့တာပါဘုရား} ]ဘုရား ဘုရား၊ ရက်စက်လိုက်တာ ဒကာကြီးရယ်၊ ဘယ်လို ရန်ငြိုးရန်စများ ရှိလို့ ခုတ်သတ်ခဲ့ရတာလဲ၊ ပြောပြလို့ရရင် ပြောပြပါ လား} ]ပြောပြပါ့မယ်၊ တပည့်တော်အဖြစ်က ဒီလိုပါ} < ဦးသိန်းထွန်းနှင့် ဒေါ်မာလာတို့တွင် သားသမီး (၄) ယောက် ထွန်းကားရာ အငယ်ဆုံးမှာ သားဖြစ်ပြီး အကြီးသုံးယောက်မှာ သမီး များ ဖြစ်ကြသည်။ သားဖြစ်ခြင်း၊ အငယ်ဆုံးလည်း ဖြစ်ခြင်းကြောင့် မောင်မြင့်စိန်အပေါ် အလွန်အမင်း အလိုလိုက်ကြရာ ဇွတ်တရွတ်လုပ် တတ်သော ကလေးဆိုးတစ်ယောက် ဖြစ်သွားသည်။ အမများက လည်း မောင်ငယ် ဘာလုပ်ခဲ့လုပ်ခဲ့ အပြစ်မမြင်ကြဘဲ ဝိုင်းဝန်းကွယ် ကာပေးကြသည်။ သမီးသုံးယောက်အတွက် ဓမ္မအမွေကို ပေးဖို့ သတိရသော် လည်း အငယ်ဆုံးသားအတွက်ကား ချစ်လွန်းအားကြီးသောကြောင့် ဓမ္မအမွေပေးဖို့ သတိမရ ဖြစ်သွားကြသည်။ သမီးများကို တရားပွဲ သို့ ခေါ်သွားမိသည်။ တရားစာအုပ်များ ပေးဖတ်စေသည်။ မောင်မြင့် စိန်အတွက်ကား ထိုသို့ တစ်ခါမျှ မလုပ်ခဲ့မိပေ။ သားဖြစ်သူကို လောကီပညာအမွေနှင့် စည်းစိမ်ဥစ္စာအမွေ ပေးဖို့ကိုသာ သတိရကြသည်။ ဓမ္မအမွေကို ပေးဖို့ သတိမရကြပေ။ ဦးသိန်းထွန်းနှင့် ဒေါ်မာလာတို့ကား ဘုရားရှင်လက်ထက်တော်က ဗိမ္ဗိသာရမင်းကြီးနှင့် တူသည်ဟု ဆိုရပေမည်။ ဗိမ္ဗိသာရမင်းကြီးနှင့် အနာထပိဏ်သူဌေးကြီးတို့သည် တူခြင်းသုံးမျိုး ရှိကြသည်။ ဘုရား ရှင်တော်၏ ကျောင်းဒကာများဖြစ်တာချင်း၊ သောတာပန်တည်တာ ချင်း၊ သားဆိုးသားမိုက် ရှိတာချင်းတို့ ဖြစ်သည်။ မတူသော အချက်မှာ ဗိမ္ဗိသာရမင်းက သားဖြစ်သူ အဇာတ သတ်ကို ဓမ္မအမွေပေးဖို့ သတိမရဘဲ အနာထပိဏ်က သားဖြစ်သူ မောင်ကာဠကို ဓမ္မအမွေပေးဖို့ သတိရခြင်းပင် ဖြစ်သည်။ ဗိမ္ဗိသာရ မင်းသည် အဇာတသတ်အား ဘုရားရှင်တော်၏ တရားကို နာယူဖို့ တစ်ခါမျှ မစည်းရုံးခဲ့ပေ။ ထီးမွေနန်းမွေ လောကီပညာ အမွေကိုသာ ပေးဖို့ ကြိုးစားခဲ့သည်။ ပညာတတ်သော်လည်း စိတ်ကောင်းမရှိသော အဇာတ သတ်သည် ဖခင်ကို သတ်ဖြတ်ကာ ထီးနန်းကို လုယူသည်။ ဓမ္မအ မွေကို မပေးမိသည့်အတွက် သူလည်း အသတ်ခံရသလို သူ့သားသည် လည်း ငရဲသို့ ကျခဲ့ရသည်။ ဓမ္မအမွေဟူသည် စိတ်ကောင်းရှိအောင် ပျိုးထောင်ပေးခြင်းပင် ဖြစ်သည်။ စိတ်ကောင်းရှိသူသည် တတ်ထား သောပညာ၊ ရထားသော ရာထူးဥစ္စာဖြင့် လောကကို ကျေးဇူးပြုတတ် သည်။ စိတ်ကောင်းမရှိသူကား တတ်ထားသောပညာ၊ ရထားသော ရာထူးဥစ္စာဖြင့် လောကကို ဖျက်စီးတတ်သည်။ အပိုင်း၂ဆက်တင်ပါမည် မေတ္တာရှငိ ရွှေပြည်သာ 9.2.2026

𝐓𝐡𝐮𝐭𝐚 𝐘𝐚𝐭𝐡𝐚 𝐙𝐨𝐧𝐞
𝐓𝐡𝐮𝐭𝐚 𝐘𝐚𝐭𝐡𝐚 𝐙𝐨𝐧𝐞
Open In TikTok:
Region: MM
Monday 23 March 2026 18:47:50 GMT
1806005
42812
55
830

Music

Download

Comments

dawtheingi534
ရွှေရည်၀င်း :
2026-05-17 07:14:11
0
user2245307302066
ThanThanYee :
2026-03-28 06:42:14
11
its.ok0722
Tin Nyein :
ကျေးဇူးကြီးလှပါတယ်ဆရာ
2026-03-27 06:21:35
8
edwardnewgate437
Ma Me :
ကျေးဇူးတင်ပါတယ်ရှင်
2026-03-26 13:57:36
5
kojohn0007
Ko John :
Follow ခဲ့ပါပြီ
2026-03-24 12:31:50
16
thein.htet.aung977
Thein Htet Aung :
ကျွန်တော်ပဲအမှတ်မှားတာများလား၊အနာထပိဏ်ကသောတာပန်မဖြစ်သေးဘူး သိရင်ဖြေပေးကြပါအုန်း
2026-03-24 11:43:40
35
daw.hla.sann
Daw Hla sann :
ဆရာစာတေကိုအားပေးနေပါတယ်
2026-03-24 08:09:47
29
ma.san.san705
Ma San San :
ကျေးဇူးပါ
2026-05-08 09:04:03
1
thawn.thawn55
Thawn Thawn :
ကျေးဇူးပါဖတ်ခွင့်ရလို့🙏
2026-05-11 02:31:51
1
daw.nyo.san1
Daw Nyo San :
ကျေးဇူးတင်ပါတယ်
2026-05-20 04:29:36
0
maymoe4955
Anty Moe :
ဦးတင်ပါ၏🥰🥰🥰🥰🥰🥰🥰🥰🥰
2026-03-27 14:06:39
2
tnw9278
TNW :
share ခွင့်ပြုပါ
2026-04-16 16:50:06
2
mawmaw3730
MawMaw :
ကျေးဇူးပါဆရာ🙏🙏🙏
2026-03-26 07:09:06
3
daw.thaung35
Daw Thaung :
y
2026-04-20 15:32:13
1
yuzanathaw.yuzana
YuzanaThaw Yuzana Thaw :
ဒီလိုလေးတင်ပေးတာကျေးဇူပါရှင့်
2026-04-02 08:14:02
3
oo.konaing0
😘😘Lu Gyi😘😘 :
အဆက်လေးရှိသေးရင် တင်ပေးပါအုန်းနောါ
2026-05-31 15:03:21
0
dawsan.dawsan24
Dawsan Dawsan :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-03-24 08:46:52
7
kakurimfi
Luse :
🙏🙏🙏🙏🙏
2026-05-17 01:40:33
1
sso44443
sso4444 :
🙏🙏🙏
2026-05-12 06:52:51
1
user4512318390236
Aye Aye :
❤️❤️❤️❤️❤️❤️
2026-05-12 15:25:55
1
user465485062
Lin Lin :
🙏🙏🙏🙏🙏
2026-05-10 03:14:16
1
user28415404326345
user28415404326345 :
🙏🏻🙏🙏🏻🙏🙏
2026-04-18 13:27:23
1
aye.mon227
Aye Mon :
🙏🙏🙏
2026-04-23 07:54:32
1
win.maung.win.mau15
Win Maung Win Maung :
🙏🙏🙏
2026-04-23 15:12:49
1
proone007
M :
🙏🙏🙏
2026-04-22 14:04:13
1
To see more videos from user @thuta2712, please go to the Tikwm homepage.

Other Videos

Space015_EarthAtmosphericFlyover.mp4 Video Description: Experience an epic 8-second cinematic journey back to our home planet. The video begins with a wide, distant view of Earth from space, showcasing its vibrant blue oceans, green and brown landmasses, and swirling white clouds. The camera then dramatically plunges into Earth's atmosphere, transitioning to a breathtaking, slow-motion flight through our planet's beautiful skies. Witness the familiar yet awe-inspiring view of continents, oceans, and weather patterns from a unique perspective. English Hashtags: #Earth #OurPlanet #Home #SpaceExploration #AtmosphericEntry #Flyover #Astronomy #Science #Space #Cosmic #Universe #Cinematic #VFX #OverviewEffect #SpaceVideo #SlowMotion #EpicJourney #BluePlanet #Gaia 動画説明文: 私たちの故郷の惑星への壮大な8秒間のシネマティックな旅を体験してください。動画は、宇宙からの地球の遠景広角ショットから始まり、鮮やかな青い海、緑と茶色の陸地、そして渦巻く白い雲が映し出されます。その後、カメラは劇的に地球の大気圏に突入し、私たちの惑星の美しい空をゆっくりと飛ぶ、息をのむようなシーンへと切り替わります。見慣れているはずなのに、畏敬の念を起こさせる大陸、海、そして気象パターンを、ユニークな視点から目撃してください。 日本語ハッシュタグ: #地球 #私たちの惑星 #故郷 #宇宙探査 #大気圏突入 #フライオーバー #天文学 #科学 #宇宙 #コズミック #ユニバース #シネマティック #SF #概要効果 #宇宙動画 #スローモーション #壮大な旅 #青い惑星 #ガイア
Space015_EarthAtmosphericFlyover.mp4 Video Description: Experience an epic 8-second cinematic journey back to our home planet. The video begins with a wide, distant view of Earth from space, showcasing its vibrant blue oceans, green and brown landmasses, and swirling white clouds. The camera then dramatically plunges into Earth's atmosphere, transitioning to a breathtaking, slow-motion flight through our planet's beautiful skies. Witness the familiar yet awe-inspiring view of continents, oceans, and weather patterns from a unique perspective. English Hashtags: #Earth #OurPlanet #Home #SpaceExploration #AtmosphericEntry #Flyover #Astronomy #Science #Space #Cosmic #Universe #Cinematic #VFX #OverviewEffect #SpaceVideo #SlowMotion #EpicJourney #BluePlanet #Gaia 動画説明文: 私たちの故郷の惑星への壮大な8秒間のシネマティックな旅を体験してください。動画は、宇宙からの地球の遠景広角ショットから始まり、鮮やかな青い海、緑と茶色の陸地、そして渦巻く白い雲が映し出されます。その後、カメラは劇的に地球の大気圏に突入し、私たちの惑星の美しい空をゆっくりと飛ぶ、息をのむようなシーンへと切り替わります。見慣れているはずなのに、畏敬の念を起こさせる大陸、海、そして気象パターンを、ユニークな視点から目撃してください。 日本語ハッシュタグ: #地球 #私たちの惑星 #故郷 #宇宙探査 #大気圏突入 #フライオーバー #天文学 #科学 #宇宙 #コズミック #ユニバース #シネマティック #SF #概要効果 #宇宙動画 #スローモーション #壮大な旅 #青い惑星 #ガイア

About