@trpyae0: တစ်ခါတလေမှာ ကျမငြိမ်နေတယ်ဆိုတာက အမှန်တရားကို မသိလို့ ဒါမှမဟုတ် စကားလုံး မကြွယ်ဝ လို့ မဟုတ်ပါဘူး။ တစ်ဖက်လူကို ပြန်ပြီး နာကျင်အောင် ဘယ်လို စကားလုံးမျိုးနဲ့ တိုက်ခိုက်ရမလဲဆိုတာ ကောင်းကောင်း သိပေမဲ့ ကိုယ့်ရဲ့ စိတ်ဓာတ်ကိုအောက်ခြေအထိ ဆွဲချပြီး သူတို့ကို သူတို့လို သူတို့လုပ်သလို အောက်တန်းမကျ ချင်သောကြောင့်ဖြစ်ပါတယ်။ လောကမှာ ပြောချင်တိုင်းပြောပြီး ပေါက်ကရလုပ်တတ် တဲ့သူတွေ အများကြီးပါ။ ဒါပေမဲ့ ကိုယ့်ဘက်က ပြန်တုံ့ပြန်လိုက်ရင် သူတို့နဲ့ ကိုယ် နဲ့ ဘာမှ ထူးခြားတော့မှာ မဟုတ်ဘူးလေ။ ကိုယ်ခံစားခဲ့ရတဲ့ နာကျင်မှုကို တခြားသူတစ်ယောက် ကို ပြန်မပေးချင်တဲ့ "ကိုယ်ချင်းစာစိတ်" က ကျမကို နှုတ် ဆိတ်နေဖို့ သင်ပေးခဲ့တာပါ။ဒီနာကျင်မှုကို ကျမ ကောင်းကောင်းသိလို့ပါ။ တကယ်တော့ နှုတ်ဆိတ်နေခြင်းဟာ အရှုံးပေးတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်အေးချမ်းမှု့ကို တန်ဖိုးထားတာ ဖြစ်သလို၊ မထိုက်တန်တဲ့သူတွေအတွက် ကိုယ့်ရဲ့ အဖိုးတန်တဲ့ စကားလုံးတွေကို အလဟဿ မဖြုန်းတီးချင်တာလည်း ပါပါတယ်။ အမှန်တရားဆိုတာ အချိန်တန်ရင် သူ့အလိုလို ပေါ်လာမှာမို့ ကျွန်မကတော့ ကိုယ်ချင်းစာတရားကိုပဲ လက်ကိုင်ထားပြီး အေးအေးဆေးဆေးပဲ နေလိုက်တော့တယ်။ #crd #Foryou #flypシ #viral

Tr Pyae
Tr Pyae
Open In TikTok:
Region: TH
Friday 27 March 2026 04:14:52 GMT
237
30
6
1

Music

Download

Comments

myatsu132001
ɱყαƚ :
ဆံပင်အရှည်ကြီးအရမ်းသဘောကျပဲ
2026-03-29 07:46:22
1
shwe.aue
shwe aue :
ဆံပင်ကံကောင်းလိုက်တာညီမလေးရယ်
2026-03-27 04:35:58
0
zinmin941
🇲🇲MIN🇲🇾 :
ဆံပင်ကြီးမိုက်😁
2026-03-27 04:16:00
0
waiphyo1326191
ကို :
🥰🥰🥰❤️❤️❤️😘😘😘
2026-03-27 05:32:50
0
To see more videos from user @trpyae0, please go to the Tikwm homepage.

Other Videos


About