@maung.ling24: @ツᴅᴀʀᴋᴍᴀɴ♞:အမှန်ဆုံးစကား ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတဲ့ အမှန်ဆုံးစကား ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားတာ ၇၄ နှစ်ရှိပြီ နှစ်ပေါင်း ၇၀ ကျော် စိတ်ကြိုက်လုပ်ပိုင်ခွင့် ရခဲ့တာတောင် ခင်ဗျားတို့စစ်ဗိုလ်ချုပ်တွေလုပ်တတ်ခဲ့တာ ဘာရှိလို့လဲ လျှပ်စစ်တွေ ထုတ်တယ် ပြည်သူအများစု မသုံးခဲ့ရဘူး။ ဆန် စပါး အများကြီး ထွက်တယ် ပြည်သူတွေ ဝဝလင်လင်မစားခဲ့ရဘူး။ တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ ခြံစည်းရိုးမရှိခဲ့ဘူး။ ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ ပြည့်တန်ဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ် ပြည်တွင်းမှာ အလုပ်အကိုင်ရှိအောင် မလုပ်ခဲ့ဘူး။ စစ်သည်သုံးသိန်းကျော်ရှိခဲ့တယ် သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ခဲ့ဘူး။ ပညာတတ်တွေ အများကြီးထွက်တယ် ပြည်တွင်းမှာ အသုံးမချတတ်ခဲ့ဘူး။ ကျောက်တွေ ကမ္ဘာရတနာတွေ အများကြီးရှိတယ် လမ်းတွေ မကောင်းခဲ့ဘူး။ သံတွေထွက်တယ် အပ်တစ်ချောင်းတောင် မလုပ်တတ်ခဲ့ဘူး။ ရာဘာတောကြီး ရှိတယ် တာယာကို နိုင်ငံခြားက ဝယ်ခဲ့ရတယ်။ သယံဇာတတွေ အများကြီးထွက်တယ် ကုန်ချော မလုပ်တတ်ခဲ့ဘူး။ ရတနာတွေ အများကြီးထွက်တယ် ပြည်သူတွေ အလှမဆင်နိုင်ခဲ့ဘူး။ ပညာရေးနိမ့်ကျနေတယ် ကောင်းကောင်း သင်ဖို့ စိတ်မကူးခဲ့ဘူး။ ပင်လယ်ပြင်ကြီးရှိတယ် ပင်လယ်စာကောင်းကောင်း မစားခဲ့ရဘူး။ အုပ်ချုပ်ရေး ကစဉ့်ကလျားဖြစ်နေတယ် တရားဥပဒေ စိုးမိုးအောင် မလုပ်ခဲ့ကြဘူး။ အကျင့်ပျက်ခြစားမှုတွေ များနေတယ် ပိုင်ဆိုင်မှု ပြောင်အောင်မလုပ်နိုင်ခဲ့ဘူး။ ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရားရှိတယ် ငြိမ်းချမ်းအောင် မအုပ်ချုပ်နိုင်ခဲ့ဘူး။ အမှန်တရားရှိတယ် အမုန်းတရားနဲ့ အုပ်ချုပ်ခဲ့တယ်။ မကျန်းမာတဲ့သူတွေ ရှိတယ် ဆေးမကုနိုင်ခဲ့ဘူး။ ရာသီဥတု ကောင်းတယ် စိုက်ပျိုးရေးမှာ အောက်ဆုံးက ဖြစ်ခဲ့တယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုက အောက်ဆုံးရောက်နေတယ် ပြည်သူတွေ အုပ်ချုပ်ရေး အတတ်ပညာကို သင်ခွင့်မရခဲ့ဘူး။ ဝန်ကြီးဌာနအများစု အလွဲသုံးစားလုပ်နေတယ် အရေးမယူခဲ့ဘူး။ ကျွန်းသစ်တွေ အများကြီးထွက်တယ် ပြည်သူအများစု တဲ နဲ့နေခဲ့ရတယ်။ ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံနဲ့ကပ်နေတယ် ကုန်ချောပစ္စည်း ရောင်းမစားတတ်ခဲ့ဘူး။ ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ရှိတယ် ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရခဲ့ဘူး။ အမှားတွေထောက်ပြခဲ့ရတယ် မပြင်ဆင်ခဲ့ကြဘူး။ ဒီမိုကရေစီနိုင်ငံထူထောင်ခဲ့တယ် အာဏာရှင် စိတ်ဓါတ်နဲ့။ ကမ္ဘာကျော် ခေါင်းဆောင်ရှိတယ် အုပ်ချုပ်ခွင့် မပေးခဲ့ဘူး။ နှစ်ပေါင်း ၇၀ ကျော် အုပ်ချုပ်ခဲ့တယ် အချုပ်အခြာအာဏာတည်မြဲရေးကိုတောင် မနည်းရုန်းကန်နေရတယ်။ အဲဒီတော့ဘာလုပ်သင့်လဲ ကိုယ့်ဟာကိုယ်စဉ်းစားကြတော့။#crd
爱•|𝐹𝑙𝑎𝑠ℎ 𝐷𝑒𝑚𝑜𝑛✓
Region: MM
Tuesday 31 March 2026 09:46:10 GMT
Music
Download
Comments
ဘွိုင်ကာ :
2026-03-31 11:31:39
1
ABT :
2026-10-27 10:56:15
0
Min Khant (쓰 레 기 ) :
တစ်ကယ်ရင်နာစရာကြီးပါဗျာ🥲😢🥺
2026-03-31 12:10:46
1
To see more videos from user @maung.ling24, please go to the Tikwm
homepage.