@kothargyilso: ဆရာ့ဆရာများနဲ့ မိတ်ဟောင်းမိတ်သစ်များ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ...... အတွေ့အကြုံနဲ့ ဗဟုသုတပေါင်းစပ်ပြီး ရေးသွားပါ့မယ် ကျွန်တော့်အနေနဲ့ စိုက်ထုပ် ၁၀၀ မှ ၁၀၀၀ အထိကို ရေခွက်နဲ့ ရေဖျန်းဗူး( ၃လီတာဆံ့)/ ဆေးဖျန်းပုံးကို အသုံးပြုခဲ့ပါတယ်။ ၁၀၀၀ မှ ၅၀၀၀ အထိကို ရေပိုက်နဲ့လောင်းပြီး battery သုံး Water gun( ကား/ဆိုင်ကယ် ရေဆေး)တို့ကို အားထားပြီး အသုံးပြုနေပါတယ်။ အချို့ဆရာနဲ့ မိတ်ဆွေ များကတော့ pressure pump၊ ရေပိုက် စသည်တို့ကို အသုံးပြု လောင်းဖျန်းတာကို တွေ့ရပါတယ်။ ရေလောင်းဖျန်းရာမှာ သတိထားပြီး လောင်း/ဖျန်းရပါမယ်။ ၁။ ရာသီဥတုနဲ့လည်း အများကြီး သက်ဆိုင်ပြီး မှိုရုံရဲ့ အပူချိန် (20 °C မှ 30 °C ကြား၊ မှိုကြီးထွားမှုနှုန်းအတွက် 25°C 28 °C ကြား) နဲ့ စိုထိုင်းစ (80 မှ 90 ကြား) အပေါ် မူတည်ပြီး လိုတိုး/ပိုလျော့စနစ်နဲ့ လောင်းဖျန်းတာကို လုပ်ရပါမယ်။ ၂။ မှိုသန္ဓေသားနဲ့ အဖူးလေးတွေ ရှိချိန်မှာ ရေများများနဲ့ လောင်း/ဖျန်းတာများရင် ပုတ်သွားတတ်ပါတယ်။ ၃။ ထိပ်ဖြတ်ပြီး စိုက်ထုပ်များ ခြောက်သွေ့မှု နည်းပါးအောင် ရေဖျန်းခြင်းကို လုပ်ပေးသင့်ပါတယ်။ အတွေ့အကြုံရှိ ဆရာများနဲ့ မိတ်ဆွေဟောင်းများက လိုအပ်တာလေးတွေကို အတွေ့အကြုံနဲ့ ဗဟုသုတပေါင်းစပ်ပြီး ထည့်ဖြည့်ပေးပါအုံးဗျ ကျေးဇူးတင်ပါတယ် ကိုသားကြီး(လားရှိုး)၊ ငွေနှင်းမှိုစိုက်ပျိုး ထုတ်လုပ်ရေး #လားရှိုးမြို့ #CapCut #idoallthebest #ငွေနှင်းမှိုစိုက်ပျိုးရေး #ဆရာ့ကျေးဇူး🙏🙏🙏
ကိုသားကြီး(လားရှိုး)🍄🍄🍄
Region: MM
Wednesday 01 April 2026 14:42:01 GMT
Music
Download
Comments
jp. အကောင့်လေးမို့ကူညီပါနော်## :
🥰🥰🥰
2026-04-02 16:28:48
1
ဩဇာမိုး :
🥰🥰🥰
2026-04-01 14:48:54
1
ဦးနာဂ(မှိုဆက်စပ်ပစ္စည်း) :
💙🌹❤️
2026-04-01 15:32:31
0
To see more videos from user @kothargyilso, please go to the Tikwm
homepage.