@f.e.e.l.i.n.g22: " စိတ်ဒုက္ခတွေ အများကြီး မခံပါနဲ့ ကံပါသလောက်ပဲ ဆုံကြရမှာပါ🍀🍀🍀 " ............................................. မတော်တဲ့ဖိနပ်တွေကို စီးပြီး ရောက်ဖို့လည်းမသေချာတဲ့လမ်းတွေကို နောက်တစ်ကြိမ် ထပ်မလျှောက်ပါနဲ့တော့ အရိပ်ရမယ်အထင်နဲ့ အပင်တွေစိုက်ခဲ့ကြ အပွင့် ပွင့်လိမ့်မယ်အထင်နဲ့ ရေတွေလောင်းခဲ့ကြ သက်ရောက်မှုတိုင်းက တန့်ပြန်သက်ရောက်ခြင်းမရှိတဲ့ကမ္ဘာမှာ ဘယ်လူသားကမှ ပေးတိုင်းပြန်မရခဲ့ကြပါဘူး ဒုက္ခတွေအားလုံးထဲမှာ စိတ်ဒုက္ခဟာ အကြီးဆုံးဖြစ်ပြီး ဒဏ်ရာတွေအားလုံးထဲမှာ စိတ်ဒဏ်ရာဟာ ပျောက်ဖို့ အခက်ဆုံးပါ အချိန်ဟာ အားလုံးကို ကုစားပေးမှာပါ တဲ့ အချိန်တစ်ခုရောက်ရင် နေသားကျသွားမှာပါ တဲ့ ဟုတ်ပါတယ် ဒီစကား တကယ်မှန်ပါတယ် ဒါပေမယ့် တစ်ချို့တွေမှာတော့ နေသားကျမယ့် အချိန်ကို ရောက်ဖို့ စောင့်ရတာဟာ သေမလိုလိုပါပဲ ဒီတော့ အချိန်တွေယူ ကုစားပြီးသွားလို့ ကိုယ့်စိတ်လေး အေးချမ်းနေပြီဆိုရင် ဘာကြောင့်နဲ့မှ ပြန်မပျက်စီးပါစေနဲ့တော့ ဘယ်သူလာဖျတ်စီးတာကိုမှလည်း မခံပါနဲ့တော့ တကယ်တော့ ဘဝမှာ ကိုယ့်ရဲ့ အတွင်းစိတ်လေး အေးချမ်းငြိမ်သက်ပြီး ကြည်လင်နေဖို့က ကျန်တဲ့အရာတွေထက် ပိုပြီး အရေးကြီးတယ် အဲ့ဒီအတွက် အတွယ်အတာတွေကို လျော့ချဖို့ လိုသလို အရာရာဟာ ကံပါသလောက်ပဲဆိုတာကိုလည်း မှန်ကန်စွာနှလုံးသွင်းနိုင်ပြီး နားလည်ဖို့ လိုပါတယ် ပေးဆပ်ဖို့ ကျန်နေသေးရင် ပေးရဦးမှာပါပဲ ကိုယ်က တစ်ချိန်က ယူခဲ့လို့ပဲနေမှာပေါ့ ပေးသင့်တာတွေကို ဘဝတွေ မျက်ရည်တွေ နှလုံးသားတွေနဲ့ ကျေအောင် ပေးဆပ်ပြီးသွားပြီဆိုရင်တော့ ပျက်သွားတဲ့ ကံတွေကို အပင်ပန်းခံပြီး အတင်းကြိုးစား၍ လိုက်ဆက်မနေပါနဲ့တော့ စိတ်ဒုက္ခတွေ အများကြီး မခံပါနဲ့ ကံပါသလောက်ပဲ ဆုံကြရမှာပါ အရာရာဟာ ဧည့်သည်တွေပါ အများဆုံး အတူဆုံရလည်း ဒီတစ်ဘဝပေါ့ အချိန်တန်တော့ ကိုယ့်လမ်းကိုယ် သွားကြရမှာ အဆုံးမှာတော့ ခဏတာအလည်လာတဲ့ ဧည့်သည်တွေကို နှလုံးသားနဲ့ရင်းပြီး ဧည့်ဝတ်ကျေချင်တဲ့သူတွေသာ အငိုတွေနဲ့ ကျန်ခဲ့ရစမြဲပါ ။ #အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ Cpယူလိုလျှင် မူရင်းနာမည်မဖျောက်ပစ်ပါနှင့် ခင်မင်လေးစားလျှက်ပါ ( 21 . 7 . 2025 )#ဘဝစာပေ #ခံစားချက်နဲ့တင်ပါfyp🤕🥀😔 #feelings #foryoupag
F E E L I N G
Region: MM
Thursday 02 April 2026 23:56:22 GMT
Music
Download
Comments
ကျောက်ဖြူသူချေ ဆန်း :
စာသားရချင်းပါတယ်ခွင့်ပြုပါလား
2026-04-03 03:09:16
6
saphyokyawthet :
စားသား လေးcopyယူပါရ စေး🥰
2026-04-07 10:44:31
2
Phyoe Nge :
copyယူပါရစေရှင့်🤗
2026-04-06 13:01:24
2
August Leo.. :
အမှန်ဆုံးပါဘဲ
2026-04-06 23:45:50
3
Thae❤️💓💗 :
မှန်လိုက်တာ😭😭😭
2026-04-04 00:06:11
3
Moe Myint Thu :
မှန်လိုက်တာ
2026-04-06 15:38:43
2
𝕸𝖆 𝕲𝖞𝖎 :
Copyယူပါရစေရှင့်စာသားလေးကြိုက်လို့ပါ
2026-04-07 00:37:31
2
Khaing thazin Oo 🗾🗾 :
အမှန်ဘဲလေ
2026-04-04 07:14:46
1
Țĥòòñ(🌻faye fan🌻) :
ပြန်တင်မယ်နော်🥰
2026-04-05 09:50:39
2
🐝 :
စာသားcopyယူပါရစေရှင့်
2026-04-04 03:52:25
2
TRIO :
ကျေးဇူးပါ
2026-04-04 07:08:05
1
kyaw lin thu :
စာသားလေးယူပရစေ
2026-04-03 12:01:33
1
pont pont🖤 :
စာသားလေးယူပါရစေ
2026-04-03 17:04:04
1
Tin War War Zaw :
အချစ်ဆိုတာ လျှိုဝှက်ချက် တစ်ခုပါ💗💗
2026-04-05 09:57:21
2
Yoon Nadi Phyo🌼Mommy :
copyယူမယ်နော်🥰
2026-04-05 06:07:41
1
🦋 𝒯𝒽𝒶𝒵𝒾𝓃 𝒪𝑜🦋 :
ပြန်တင်ခွင့်ပြုပါ
2026-04-23 16:08:50
1
Aunty Minn :
မင်္ဂလာပါ😍
2026-04-06 01:05:26
2
AungNaingMoe :
ပြန်ပီးသုံးချင်ပါတယ်
🥰🥰🥰🥰🥰
2026-04-05 09:59:21
1
Kk Mobile :
👍👍👍👍👍
မှန်ပါတယ်
2026-04-03 00:03:01
3
𝕸𝖆 𝕲𝖞𝖎 :
စာသားလေးရချင်ပါတယ်ရှင့်
2026-04-07 00:38:23
1
✨️San✨️ :
စာသားလေး ရချင်လို့ပါရှင်🍀
2026-04-03 02:16:31
1
Pann Lay :
2026-05-27 14:06:26
0
Khin Lay :
စာသားလေးယူပါရစေ🥰
2026-05-29 15:08:39
0
Nu💓Nu💓 :
2026-05-25 16:51:04
0
KALAYAR :
copy ယူပါရစေနော်
2026-04-07 14:25:43
0
To see more videos from user @f.e.e.l.i.n.g22, please go to the Tikwm
homepage.