@elysia195540: ဘာမှ မဟုတ်တာလေးကအစ ရင်ဘတ်ထဲ သိမ်းထားပြီး... ဘာမှ မဟုတ်တာလေးကအစ စိတ်ပူပြီး မျက်ရည်တွေ ကျချင်ကျနေတတ်တာ ။ ဒါပေမယ့် ဒီကောင်မလေးရဲ့ မျက်ရည်တွေက ဘယ်တုန်းကမှတော့ လက်နက်တစ်ခု မဖြစ်ခဲ့ပါဘူး အားနည်းချက်လေးပါပဲ ။ စကားတွေ ယှဥ်ပြီးပြောလို့မှ မနိုင်တော့ရင် ဘာကြောင့်မှန်းမသိ မျက်ရည်တွေကျလာတယ် ။ သူ့အိပ်မက်လေးတွေ မကောင်းဘူးထင်ရင် ငိုပြီးတော့မှလဲ နိုးလာတတ်တယ် ။ စိတ်ကူး ယဥ်လို့ကောင်းနေတုန်း ဆန့်ကျင်ဖက် တစ်ခုခုတွေးမိရင် မျက်ရည် အရင်ဆုံးကျလာတတ်တယ် ။ ဟုတ်တယ်... ဒီကောင်မလေးက မျက်ရည်သိပ်လွယ်တာ... ပြီးတော့ သိပ်လဲ အားငယ်တတ်တာ ။ ဂရုစိုက်ခံချင်တဲ့ လူအနားကမှ ဂရုစိုက်မှုတွေ မရရင် ဝမ်းနည်းလာရောပဲလေ ။ သိပ်ချစ်တဲ့ သူဆီက အလေးမထားတဲ့ စကားလေးတစ်ခွန်းကြားရရင် စနေမှန်းသိသိရဲ့နဲ့တောင် မျက်ရည်တွေက လက်သင့်မခံဘူး... အကယ်၍ သူပြောသလို ဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးတွေက ရပ်လို့မရတော့ဘူး ။ ဆုံးရှုံးလိုက်ရရင် ပြီးတော့... မချစ်တော့ရင် ဆိုပြီး နေရာတကာကို စိုးရိမ်ပြီး ထိတ်လန့်နေရတာမျိုးလေ ။ တကယ်ဆို ကိုယ်ကိုယ်တိုင်လဲ သန်မာချင်ပါတယ် ။ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ စကားကို ရီရီမောမောလေး ပြန်ပြောချင်တယ် ဘယ်သူမှ မရှိလဲ ဖြစ်တယ်ဆိုတဲ့စကားကို ပြုံးပြုံးလေး ပြောတတ်ချင်တယ်။ မငိုနဲ့လို့ တားနေတဲ့ကြားထဲက ကျလာတဲ့ မျက်ရည်တွေကို ကျွန်မ ဘယ်လို တားရမလဲ နည်းလမ်းရှာမရဘူး ။ အစွဲအလမ်းကြီးတတ်တဲ့ စိတ်ကြီးကလဲ ဆိုးနေတာပါ ။ တစ်ခုခုဆို အဆုံးစွန်ထိ တွေးပြီး အဆုံးစွန်ထိ ခံစားပစ်လိုက်တဲ့ အကျင့်ကြီးကလဲဆိုးနေတာ ။ ဇာတ်ကားတစ်ကားကြည့်လို့... နည်းနည်းလေးများ စိတ်ထိခိုက်စရာပါလာရင် မျက်ရည်က မခိုင်ချင်တော့ဘူး ။ သီချင်းသံလေးကြားလို့ တိုက်ဆိုင်တာ ပါသွားရင် မျက်ရည်မကျပဲနေဖို့ မလွယ်တော့ဘူး ။ ဟုတ်ပါတယ်... ဒီကောင်မလေးက မျက်ရည်သိပ်လွယ်တာ ။ တစ်ခုခုဆို ငိုဖို့ပဲ သိတာ ။ ဒါပေမယ့် အဲ့ဒီအနောက်က ဆုံးရှုံးလိုက်ရရင်ဆိုတဲ့ အတွေးတွေကိုတော့ ဘယ်သူမှ မမြင်ပါဘူး ။ မရှိတော့ရင်ဆိုပြီး တွေးပြီးကြောက်နေမိတဲ့ အဖြစ်တွေကို ဘယ်သူမှလဲ မသိပါဘူး ။ #ကျေးကို

❤️‍🔥ℕ𝕒𝕟𝕟 𝕜𝕙𝕒𝕞 𝕨𝕒𝕣♌
❤️‍🔥ℕ𝕒𝕟𝕟 𝕜𝕙𝕒𝕞 𝕨𝕒𝕣♌
Open In TikTok:
Region: JP
Saturday 04 April 2026 05:02:14 GMT
190145
15418
97
423

Music

Download

Comments

hpp718
🦁𝓗 𝓝𝓪𝓽𝓽𝓪𝔀𝓪𝓽🐭 :
အဆင်မပြေတာတွေကို မေ့ထားပီး အမြဲပြန်ပြုံးနေပါမမ မမမျက်ရည်ကျလို့ပျော်တဲ့သူတွေရှိသလို မမ ပြုံးမှပျော်မယ့်သူတွေလဲရှိတာမို့ အလှဆုံးပြုံးနေပါနော်🤍🎀
2026-04-04 06:03:53
16
hninpapakyaw54
Hnin p Pa Pa Kyaw :
🥰🥰🥰🥰 အဆင်ပြေအောင်နေပါကောင်မလေးရယ်
2026-04-04 10:31:59
3
may.thu.aung7534
May Thu Aung :
ပျော်ပျော်နေပါမမရဲ့ သူများနိုင်ငံမှာစိတ်ဓာတ်ကျနေရင် ကျန်းမာရေးထိလာမယ် အားတင်းထားပါ🥺🤍
2026-04-04 06:51:35
1
yaminhtet2003.6.25
Ya Min Kyaw Swar🍂🌿 :
စာသားလေးပေးပါ
2026-04-06 07:38:47
2
saug.mi.ko
Saug Mi Ko :
စာသားလေးပေးပါလား🥰
2026-04-04 05:07:00
2
thazinphoo4714
🐰Thazin Phoo🐰 :
မငိုစေချင်ဘူးကွယ်🥺
2026-04-23 12:19:18
1
nyeinchanoo539
Nyein chan Oo :
ပျော်ပျော်လေးပဲနေပေးပါ 🤍🤍
2026-04-06 01:05:20
1
naung.htee.phaung
🤍 :
စာသာလေးပြန်တင်မယ်ရလာရှင့်🥺
2026-04-21 11:02:03
0
may.zin.oo198
🇲🇲May Zin Oo🇨🇳🇨🇳 :
စာသားလေးချပေးပါလား🥺
2026-04-05 00:07:54
0
kiwi252627
H 28🍓 :
ဟူးးး🥺
2026-04-22 18:43:33
0
waihninphyu3
Lone Lone🍀(T&E🥑shampoo&🐝🧼) :
စာလေးယူသုံးမယ်နော်🥺
2026-04-21 17:24:54
0
usehtethtetaung0
 ♒️Htet Htet Aung♒️  :
စာသားလေး ပြန်တင်ပါရစေ🥺🥺
2026-05-05 15:46:50
0
kaunghtet.02
Ҝ卂ㄩ几Ꮆ 卄ㄒ乇ㄒ🤍 :
ကျွန်တော်က ဒုတိယလူ 😊💔
2026-05-07 09:05:38
0
mtp1.26.26
██████████ :
အမက aqua ထင်တယ်🥺
2026-05-02 06:53:27
0
kee.kee8724
Rachel Sian Huai :
အတက်နိုင်ဆုံးပြုံးပေးပါနော်
2026-04-28 17:30:13
0
daisy30091
🔥 遠的. 🌿🔥( ဝင်း )🦋🚭🔥 :
အားတင်းထားပါ နော် အနာဂတ်အတွက် နော် ဂရုစိုက်ပါ 🥰🥰
2026-05-06 08:49:01
0
r643076
I’m Not Htet Htet 🫩 :
Copy ယူမယ်နော်🥺
2026-04-14 15:45:20
0
yoonakari370
♡𝐘𝐙🫀 :
စာလေးပေးပါလား
2026-04-06 16:01:05
0
iang_ian8
𝑩𝒖𝒏𝒏𝒚٭✿ :
စာသားလေးပေးပါလား🥰
2026-04-19 09:10:58
0
htet.yan056
HTET Yan056 :
စာသာလေးပေးပါ့လားဗျာ
2026-04-17 08:56:29
0
htet.lin2536
🍀🌿 လင်း☘️🌿 :
အားငယ်မနေနဲ့
2026-04-17 21:28:17
0
juelay1123
宝爷♒️ :
စာသားလေးပြန်တင်မယ်နောိ
2026-06-03 17:21:44
0
may.thazin8319
May Thazin Soe Aung :
ကိုယ်လိုပဲ မငိုပါနဲ့🫂🥰
2026-04-06 12:55:56
0
To see more videos from user @elysia195540, please go to the Tikwm homepage.

Other Videos


About