@ashinkuthala47: ရွှေနားတော်သွင်းဧချင်းရေးနည်း#ကလေးမွေးနေ့ပွဲဂုဏ်ပြုဧချင်း ကလေးပုခက်တင်/နာမည်ပေးကင်မွန်းတပ်/ရက်တစ်ရာပြည့် သားသား/မီးမီးလေး၏မွေးနေ့အတွက်ရေးသားဂုဏ်ပြုအပ်သော ရွှေနားတော်သွင်းဧချင်း &&&&---++++&&&- *ချစ်ခင်တင့်တယ်၊နုနယ်ရွှန်းမြ---ထွန်းပလေ---++ ဇမ္ဗူသိင်္ဂီ၊နှိုင်းမမီတည့်-----ပီတိရွှန်းမြ၊ရှုမဝငြား (-------)သားသားလေးကို---++++ ရှု၍မငြီး(------)သမီးတော်လေးကို---++ ပျံ့မွှေးချိုသာ၊မြန်မာပီသ၊ယဉ်ကျေးစွတည့်--+++ မိဘနှစ်ဖြာ၊လွန်ဝမ်းသာ၍--- ကျန်းမာ၊ချမ်းသာ၊လန်းဖြာစေကြောင်း၊ဆုမွန်တောင်းကာ ကောင်းမှုဖြာဖြာ၊မင်္ဂလာထွေထွေ၊ကျက်သရေများ-- တက်နေအလား--ပြည့်ဝငြားတည့်---++ &&&စကားပြေလေးပြော(စည်တော်သံ+စောင်းတီးခတ်ပေးပါ)* *ဘိုးဘွားမိဘ၊မြေးလှရုပ်သွင်၊မြင်ရစဉ်တွင်----- ရွှေစင်ရွှေခဲ၊ပုလဲမြနှစ်၊ငါ့မြေးချစ်ဟု---- ထပ်ရစ်မေတ္တာ---မြဲလှစွာသည်------- *ရှုကာတည့်မဝ---ချစ်မြေးအလှတည့်လေ--++ **ရှုကာတည့်မငြီး ချစ်သမီးတည့်လေ--+++* ***ရှုကာတည့်လှငြား ချစ်သားတည့်လေ--- $-ချစ်ညီတည့်တူရေး---ပြိုင်ဘက်ဝေး-----၂။ $$ညီရေးစုဝေး၊နွဲ့ယဉ်လေးသည်-----(နွဲ့ရင်လေးသည်)* $$ယဉ်ကျေးတည့်နုမွေး ချိုပျောင်းအေး အေးလည်းယဉ်ယဉ်အေး----၂++။ &&&&&&&&- ‌ဧချင်းအဓိပ္ပါယ် ငယ်ရွယ်သောဘုရင့်သားတော်+သမီးတော်များမွေးဖွား၍ နာမည်ပေးကင်မွန်းတပ်၊မြပုခက်‌ေတာ်တင်မင်္ဂလာ ခေါင်းဆေးမင်္ဂလာ+‌မွေးနေ့တော်မင်္ဂလာပြုလုပ်သောအခါ ကလေးပုခက်တင်မင်္ဂလာပြုလုပ်သောအခါ--- ဇာတိသွေး ဇာတိမာန်မျိုးချစ်စိတ်ဓာတ်ထက်သန် ပြည်ဝပါစေ ခြင်းအကျိုးငှာရွှေနားတော်သွင်းဧချင်းကိုဖတ်ကြားတီးခတ် စေသည်။ တိုင်းသူပြည်သားပြည်သူလူထုတို၏သား/သမီးမွေးဖွားသော အခါမှာလည်း ဤကဲ့သိုရွှေနားတော်သွင်းဧချင်းကို ရေးသားသီဆိုတီးခတ်လေ့ရှိကြသည်။ မိမိတို့မျိုးရိုးစဉ်ဆက်ချမ်းသာခဲ့ပုံ+ပညာတတ်လူလိမ္မာ သားသမီးမြေးအလှလေးများမွေးဖွားလာခဲ့ကြပုံ အစစအရာရာပြည့်စုံကြွယ်ဝခဲ့ပုံများကိုရေးသားဖွဲ့နွဲ့ သီကုံးပြီးမြန်မာ့စောင်းတော်ဖြင့်သီဆိုတီးခတ်ဂုဏ်ပြုကြသည်။ *ဧချင်း။ဧချင်းသံဖောက်ဟုရေးနည်း(၂)မျိုးရှိသည်။ *လူးတားပိုဒ်စုံ၊စကြာလည်အဖျားကောက်ရတုရေးတတ်ပါက ဧချင်း၊ဧချင်းသံဖောက်ကိုရေးတတ်မည်သာ။ &&&&&&& မြန်မာနိုင်ငံမင်္ဂလာပွဲ၊အလှူတော်ပွဲ၊ဂုဏ်ပြုပွဲစသည်စသည်တို့၌ မင်္ဂလာဩာဘာသီချင်းဇေယျတုသဗ္ဗမင်္ဂလံ၊မင်္ဂလာဩဘာ ဘွဲ့၊မင်္ဂလာတေးထပ်လေးကိုထပ်ခါထပ်ခါဆိုတီးနေကြရသည် အလှူဆိုလည်းဗြောညွန့်လေးကိုရွှဲရွှဲဟုထပ်ခါထပ်ခါသီဆို တီးခတ်၍ နေရသည်။တစ်ခါလာလည်းမဲပြာပုဆိုး-စကားပုံကဲ့သို့ဖြစ်နေသည်၊ဟိုတုန်းကလည်းဒီသီချင်းဆိုတီးခဲ့ကြသည် ယခုလည်းဒီသီချင်းသာပဲဆိုတီးနေကြရသည်။ တေးသီချင်းအသစ်ကိုရေးသားဖန်တည်းသီဆို+တီးခတ်နိုင်သူ အလွန်ရှားနေသည်ကိုတွေ့နေမြင်နေကြားနေရ၍--+ စိတ်ထဲမကောင်းဖြစ်မိသည်။ ‌ဪ တို့မြန်မာနိုင်ငံကရေးဆိုတီးအနုပညာရှင်တွေ သီချင်းအသစ်မဖန်တီးနိုင်ကြဘဲ--ကျောင်းဒါယိကာမကြီး ဝိသာခါပြောခဲ့သလိုမျိုးအဟောင်းစား+အဟောင်းဆိုတီးများသာ----အဟောင်းစားများသာ ဖြစ်၍နေကြလေတော့ကုန်သတည်း။စိတ်တော့မဆိုးကြပါနှင့် စေတနာဖြင့်ရေးသားတင်ပြရခြင်းဖြစ်ပါသည်။ တေးအသစ်တို့ကိုရေးသား+သီဆို+တီးခတ်ကြစေသတည်း သုခီဒီဃာယုကာ ဟောန္တု တံ့တံ့စားစားကျေးဇူးတင်ပါသည်

Ashinkuthala
Ashinkuthala
Open In TikTok:
Region: MM
Monday 06 April 2026 09:27:41 GMT
400396
21603
389
1390

Music

Download

Comments

ashinkuthala47
Ashinkuthala :
စေတနာများစွာဖြင့်တင်ပြပေးခြင့်ဖြစ်ပါကြောင်း
2026-04-06 09:33:14
39
kozawman4
kozawman4 :
တအုပ်လောက် ဝယ်ချင်ပါတယ်ဘုရား
2026-06-01 11:34:46
1
user899133188
တေးရေး/တေးဆို@အောင်ချမ်းမြေ့ :
စာအုပ်လေးလိုချင်ပါတယ်
2026-05-12 16:07:29
1
user7393843859014
နှလုံးလှ လူမိုက် :
တေးထပ်းလေးတွေကို အခုလိုပဲ တစ်ပုဒ်ခြင်း သီဆိုပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်🙏🙏🙏
2026-05-23 16:08:11
1
zawzaw123565
တောင်ပေါ်သား လေး(ခေတ္တလူ့ပြည်) :
အဲ့ဒါတွေကို စိတ်ဝင်စားတာ သင်ပေးနိုင်သူရှိရင် သင်ချင်ပါ၏🙏🙏🙏
2026-04-07 03:37:50
7
user514395892
Zaw Zaw :
လက်ဆောင်လေး လိုချင်ပါတယ်
2026-04-09 08:33:03
1
myintkyaw3546
Ko Ko Kyaw :
အရှင်ဘုရားလေးစားဂုဏ်ယူဝမ်းမြောက် ဝမ်းသာဖြစ်ရပါသည်အရှင်မြတ်ဘုရား တေးတပ်အမျိုးမျိုးစားအုပ်လေးများထုပ်ဝေဖို့ ရှိပါသလား ဘုရား လိုချင်မိပါ၏ အရှင်မြတ်ဘုရား 🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-04-26 11:53:06
1
koko.434845
@koko 43484 :
ကျမ်းမာပါစေအရှင်ဘုရား🥰🥰🥰🥰🥰စာအုပ်ထွက်ရင်နှစ်သက်စွာလိုချင်ပါတယ်
2026-04-14 13:14:55
1
user6166886129606
ဝိဇ္ဇာရှင် :
အဲဒီစာအုပ်ဝယ်ခြင်ပါတယ်ဘုရား
2026-05-04 14:48:04
1
user870016648
Tun Tun :
စာအုပ်လိုချင်ပါဘိ
2026-04-11 08:18:47
1
u.san.maung862
ဒေါ်အေမီဇင် :
လက်ဆောင်ပေးပါ
2026-04-15 06:27:19
1
mr.jackson.963
Ĵack Μèta Services :
စာအုပ်လိုချင်ပါတယ်ဘုရား🥰🥰🥰
2026-04-10 00:51:39
1
user908820056
Soe Soe :
စာအုပ်ထွက်ရင် လိုချင်ပါတယ်ဘုရား
2026-04-12 15:12:31
1
tunaung1231
tunaung1231 :
ကျေးဇူးပါ
2026-05-31 15:47:18
1
mg.kaung.khat34
Mg Kaung Khat :
မှန်ပါတယ် ဘုရား မဟာဂီတ သီချင်းတွေပဲ ပတ်လည် ရိုက်နေပါတယ် အသစ်တွေ သီဆိုဖို့ ရေးတက်ဖို့ အခွင့်ရေးလေး ရချင်ပါတယ်
2026-05-14 14:59:21
1
san.htay.win765
San Htay Win :
ဒီလိုလေးတွေတင်ပေးတာကျေးဇူးတင်ပါတယ်ဗျ
2026-05-14 07:21:17
1
u.lay.gyi1508
တောသားကြီးဖေညို :
2026-04-20 15:31:39
1
a.y77272
အာကာမင်း :
hi
2026-04-12 07:36:43
1
k.k.m609
K K M :
ကျေးဇူးတင်ပါ၏ ဘုရား.... စာအုပ်ထုတ်လှိင် ဝယ်လိုပါသည်ဘုရား 🥰🥰🥰🥰🥰🥰🥰
2026-04-09 13:54:57
1
manage619
manage7726 :
နားဆင်လို့အရမ်းအေးချမ်းပါတာ်ဗျာ♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️
2026-04-09 04:55:11
2
kyaw73881
Pyu Waie :
လက်ဆောင်လိုချင်ပါသည်ဘုရား
2026-04-09 06:34:15
2
aung.yu92
Aung Yu :
ယခုလိုတင်ပြပေးတာ ကျေးဇူးပါဘုရား🙏🙏🙏စာအုပ်ထွက်လျင် လိုချင် /ဝယ်ချင်ပါဘုရား
2026-04-14 07:57:36
1
win.tin.maung.htw
Thein Wael :
ရေးနည်းလေး သင်ကြားပေးပါဦး ဘုရား
2026-04-09 03:56:05
1
win.thein085
Win Thein :
စာအုပ်လေးဝယ်ချင်ပါတယ်🙏🙏🙏🙏🙏
2026-04-08 07:48:23
1
wai.lin.htike91
Wai lin Htike :
စာအုပ်ရရင်ပြောပါနော် ဘုန်းဘုန်း🙏🙏🙏
2026-04-11 15:20:44
1
To see more videos from user @ashinkuthala47, please go to the Tikwm homepage.

Other Videos


About