@lawyer.thin.myat: ပုဒ်မ- ၅၀၀ နဲ့ ၆၆ဃ ဥပဒေကို ‎လုံး၀မသိသေးသောသူများနှင့် နားမလည်သေးသောသူများအားသိရှိစေရန်ရည်ရွယ်ပါသည် ‎ ‎ပထမဆုံးသိထားရမှာက ပါးစပ်နဲ့ပြောတဲ့ ‎အသရေဖျက်မှုဟာ ရိုးရိုး ပုဒ်မ- ၅၀၀ ဖြစ်ပါတယ်။အကယ်၍ ပုံနှိပ်မီဒီယာပေါ် ရောက်သွားပြီးသတင်းစာ ဂျာနယ် မဂ္ဂဇင်းတွေမှာ ပါလာပြီဆိုရင် ‎ပုဒ်မ-၂၅ သတင်းမီဒီယာ ဥပဒေပုဒ်မ ‎ပုဒ်မ-၂၅ ထပ်တိုးပါတယ် ‎Social Media , Facebook , Onlineပေါ်ထိ ‎ရောက်သွားမယ်ဆိုရင် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ဃ ဖြစ်သွားပါပြီ။ ‎ဒါကိုအရင်ဆုံး သိထားကြဖို့လိုပါတယ်။ ပါးစပ်ကပဲပြောပြော စာနဲ့ပဲပြောပြောအွန်လိုင်းပေါ်ရောက်တဲ့အဆင့်ရောက်ရင်တော့အသရေဖျက်မှု သတ်မှတ် ‎ဖွင့်ဆိုချက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၅၀၀ နဲ့စပါတယ်။ ‎ ‎အခြေအနေပေါ်မူတည်ပြီး ပုဒ်မ-၅၀၀/ပုဒ်မ-၂၅/ပုဒ်မ-၆၆ဃ ဆိုပြီး ကွဲပြားသွားတာကို သိရပါမယ်။ ‎ ‎Onlineပေါ်တွင် ရိုင်းစိုင်းသည့် Commentများပေးခြင်း ‎ ‎Chat box တွင် ရိုင်းစိုင်းသည့်စကားများ ပြောဆိုခြင်း ‎ ‎အုပ်စုဖွဲ့၍ ရိုင်းစိုင်းသည့် စကားများ ပြောဆိုခြင်းများသည် ‎ဆက်သွယ်ရေး ပုဒ်မ-၆၆ဃနှင့်တိုက်ရိုက်အကျုံး၀င်တယ်။ ‎ ‎ဟုတ်ပြီ...... နောက်ထပ် ဘာတွေမတူ ‎ကွဲလွဲသေးလဲ ဆက်ကြည့်လိုက်ရအောင်...... ‎ ‎လူတစ်ယောက်က လူတစ်ယောက်ကို ‎ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆ဃ နဲ့စွဲတဲ့အမှုကို ‎ဒါလဲ အသရေဖျက်မှုပဲဆိုပြီး ပုဒ်မ ၅၀၀ နဲ့ ပြစ်ဒဏ် ‎သတ်မှတ်လို့ မရသလို ၆၆ဃ ကို ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ပဲ တရားလိုကစွဲချင်စွဲလို့ရပါတယ်။ ‎ ‎ဒီလိုပြောင်းလဲဖို့ တရားလိုရဲ့ သဘောဆန္ဒနဲ့ပဲ ပြောင်းလဲစွဲဆိုလို့ ရပါတယ်။ ‎ ‎ပါးစပ်ပြော စာပြော အွန်လိုင်းမှာပြောတဲ့ ပြစ်မှုတွေကို အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ-၄၉၉ နဲ့ပဲ ‎အကျုံးဝင်မဝင် ပုဒ်မ-၄၉၉ ပါ ပြစ်မှုအင်္ဂါရပ်များအရ ညီမညီ စစ်ဆေးရပါတယ်။ ‎ ‎မတူတာတွေကတော့ ‎ ‎၁။ ၆၆ဃ ဟာ (ရဲအရေးပိုင်) ရဲက အရေးယူပိုင်ခွင့်ရှိပြီး အသရေဖျက်မှု ဥပဒေပုဒ်မ ၅၀၀ ကတော့ (ရဲအရေးမပိုင်)ရဲကအရေးယူပိုင်ခွင့် မရှိပါဘူး။ ‎ ‎၂။ ပြစ်ဒဏ်မတူပါဘူး ။ပြစ်မှုထင်ရှားရင် ‎ ‎၆၆ဃ = ထောင်ဒဏ်နှစ်နှစ်အထိ ‎(သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်(၂)ရပ်စလုံး။ ‎ ‎ပုဒ်မ ၅၀၀ = ထောင်ဒဏ် နှစ်နှစ်အထိ ‎(သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်(၂)ရပ်စလုံး ‎ကျခံရမှာဖြစ်ပါတယ်။ ‎ ‎၃။ အသရေဖျက်မှုကို အကြောင်းပြုပြီး ‎ပုဒ်မ ၅၀၀ နဲ့ဆွဲရင် အာမခံပေးရမယ့် အမှုဖြစ်ပြီး ‎အသရေဖျက်မှုကို အကြောင်းပြု၍ ၆၆ဃ နဲ့စွဲမယ်ဆိုရင် ‎အာမခံမပေးနိုင်တဲ့အမှု ဖြစ်သွားပါတယ် (ယခုအာမခံပေးလို့ရတဲ့ပုဒ်မပြောင်းလဲသွားပါပြီ) ‎ ‎ရာဇဝတ်ကျင့်ထုံးဥပဒေ ဒုတိယဇယားအရ ‎သုံးနှစ်နှင့်အထက် ပြစ်ဒဏ်သင့်မယ့် အမှုများကို ‎အာမခံမပေးနိုင်တဲ့အမှုအဖြစ် သတ်မှတ်ထားပါတယ်။ ‎ ‎၄။ ၆၆ဃ ဟာ ရဲအရေးပိုင်အဖြစ် သတ်မှတ်ထားတာ ‎ကြောင့် ပြစ်မှုကျူးလွန်ကြောင်း သိရှိသူ မည်သူမဆို ‎တိုင်ကြားနိုင်ခွင့်ရှိပြီး ပုဒ်မ- ၅၀၀ မှာတော့ နစ်နာသူ ‎ကာယကံရှင်ကိုယ်တိုင်သာလျှင် တိုင်ကြားစွဲဆိုရမှာ ‎ဖြစ်ပါတယ်။ #ဉပဒေဗဟုသုတ အဖြစ်လေ့လာနိုင််ပါတယ်#

Lawyer Thin myat
Lawyer Thin myat
Open In TikTok:
Region: MM
Wednesday 08 April 2026 07:02:19 GMT
11350
559
9
58

Music

Download

Comments

thu.ya.1205
Thu Ya 1205 :
ဘယ်နှနှစ်ထိ အကြုံး၀င်လဲဗျ ၆၆ဃက
2026-04-18 10:03:52
3
laurenivy7
🦢 :
၄၀၄ ၆၆ဂအကြောင်းလေးပြောပြပါ
2026-05-15 06:49:16
1
may..734
Su gyi🙆🙆🙆 :
အသဲတိုင်ခြင်တရ် အသဲကိုနှောက်ယှကိနေလို့ နေ့တိုင်းခြိမ်း ေြခာက်ပြိးဆဲစိုနေလို့အသက်က၅၄ကျော်အသဲက၂၆ မဖွယ်မရာတွေလည်းပြောပြိဆဲတရ် အသဲကိုလေရဲတိုင်ပြိးထောင်ချမရ်လို့လည်းခြိမ်း ေြခာက်တရ် အသဲရဲ့နာမည်တပ်ပြိးဆံတရ်
2026-05-12 11:09:49
0
user9599159262721
ကျော်ဇေယျ :
ဘာဆက်လုပ်ရမလဲ ကျွန်တော်ကို တရားဆွဲရင် သူနာမည် လိပ်စာ သူလုပ်ငန်း ဘာမျှ မထိခိုက်ပါဘူး ရှင်း ြပပေးပါ သူတော့ ဘာနဲစွဲရမလဲ
2026-04-23 08:41:08
0
1981minzaw
Min Zaw :
ချိန်ခွင်ကိုတရားသဖြင့်ချိန်ပါမတရားအဓမ္မချိန်ရင်စုန်းမဖြစ်တက်တယ်တဲ့
2026-04-20 14:59:38
0
kyaw.win1532
kyaw Win :
💋🥰💋
2026-04-28 16:09:49
0
maw.maw3452
Maw Maw :
🥰🥰🥰
2026-04-24 08:33:11
0
user5691465349911
數|•𝐓𝐨𝐦ᥫ᭡シ︎⍤⃝💨 :
😁
2026-05-06 17:20:58
0
To see more videos from user @lawyer.thin.myat, please go to the Tikwm homepage.

Other Videos


About