@atw.engineering.g: ရေဆိုးတွေကို သန့်စင်ပေးမယ့် Filter ကန်ကို လက်တွေ့ ဘယ်လိုဆောက်မလဲ? 🏗💧✅ မိလ္လာကန်က ရေဆိုးတွေကို ရေနုတ်မြောင်းထဲ တိုက်ရိုက်မလွှတ်ခင် သန့်စင်ပေးမယ့် Filter ကန်ကို လက်တွေ့ ဘယ်လိုဆောက်ရမလဲ? မိလ္လာစနစ် Video Series ရဲ့ နောက်ဆုံးပိုင်းကနေ ကြိုဆိုပါတယ်။ 🎉 ဒီနေ့တော့ ကြားခံပစ္စည်းသုံး သန့်စင်ကန် (Upflow Filter) ရဲ့ ဖွဲ့စည်းပုံကို အသေးစိတ် ပြသပေးသွားပါမယ်။ 🧱 အခန်း (၁) ခန်းပါ ကန်တည်ဆောက်ပုံ - ✅ မိလ္လာကန်က လာတဲ့ရေဟာ ဒီ Filter ကန်ရဲ့ အောက်ခြေ (Underdrain) ကို ပိုက်နဲ့ အရင်ဆင်းသွားရပါမယ်။ ပြီးမှ အပေါ်ကို ပြန်လျှံတက်ပြီး ထွက်သွားမယ့် စနစ်ပါ ✅ ဒီရေတွေ ဖြတ်သန်းသွားဖို့ ကန်ထဲမှာ 20mm အရွယ်အစားရှိတဲ့ ကျောက်စရစ် ဒါမှမဟုတ် ကျောက်ကွဲတွေကို ထည့်ပေးရပါမယ်။ အဲဒီ ကြားခံကျောက်ခဲ အလွှာရဲ့ အထူဟာ ၀.၆ မီတာ ကနေ ၁.၂ မီတာ (၄ ပေဝန်းကျင်) အထိ ရှိရပါမယ်။ ✅ အရေးကြီးဆုံးအချက်: ဒီကျောက်ခဲတွေရဲ့ အပေါ်မှာ ရေမျက်နှာပြင်က 150mm လောက် ဖုံးနေရပါမယ်။ ပြီးရင် အပေါ်ဆုံးမှာ လေဟာနယ် (Freeboard) အဖြစ် နောက်ထပ် 150mm ချန်ထားပေးဖို့ မမေ့ပါနဲ့။ 📏 💧 ရေကို ပိုပြီးသန့်စင်ချင်တယ် ဆိုရင်တော့ အခန်း (၂) ခန်းပါ ကန်ကို ဆောက်ပါ။ ပထမကန်ရဲ့ အောက်ခြေကနေ ဆန်တက်လာတဲ့ရေဟာ ဒုတိယကန်ရဲ့ အောက်ခြေကို ပိုက်နဲ့ ပြန်ဆင်းသွားပြီး နောက်တစ်ကြိမ် ထပ်မံ သန့်စင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်အိမ်ရဲ့ ရေဆိုးစနစ်ဟာ ပတ်ဝန်းကျင်ကို လုံးဝမထိခိုက်တော့ပါဘူး။ 🌿✨ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ စံချိန်စံညွှန်းတိကျတဲ့ အချက်အလက်တွေကို အမြဲတင်ပေးသွားမှာမို့ ATW Engineering Group Myeik ကို Follow လုပ်ထားဖို့ မမေ့နဲ့နော်။ #ATWEngineeringGroup #UpflowFilter #SepticSystemSeries #WastewaterTreatment #ConstructionMyanmar
ATW Engineering Group
Region: SG
Saturday 11 April 2026 11:18:05 GMT
Music
Download
Comments
Aung Aung cho.Taunggyi walker :
🥰🥰🥰
2026-04-11 12:06:03
0
To see more videos from user @atw.engineering.g, please go to the Tikwm
homepage.