@mglumin1554: ဂိမှာန်ရာသီကြီး အပူပြင်းအလောက် ကျွန်တော်တို့လူမျိုးများကလည်း အတာရေချမ်းပက်ဖြန်းကာ အတာရေသဘင်ဆင်နွှဲကြပေသည် သိုတည်းမဟုတ် မြန်မာ့နှစ်ကူးကိုရွှင်မြူးစွာကြိုဆိုကြပေသည်🌲 ထိုအခါသမယတွင်ကား🌳 အပင်တစ်တွင်တွင် ပုရစ်ဖူးကလေးများသည် လုပ်လီလုပ်လဲ့တနွဲ့နွဲ့နှင့်လေကစားရာသို့ ဝင့်ကာကြွားကာရှိနေပါသည် သင်္ကြန်မိုးစတင်သွန်းဖြိုးလိုက်လျင်ကား မြရည်မြဖူး မြရောင်လူးကာရွှင်လန်းတင့်တယ်နေလေသည်🌱 မြရိပ်ခြုံထားသော အဖူးလေးကို ဝါဝါထိန်ဝင်းရွှေအဆင်းက တစ်စတစ်စ လွှမ်းလို့လာပါသည်🌻 နတ်ပန်းနှင့်ပင် နှိုင်းရလောက်အောင်ပင် မွှေးပျံ့နေပေသည် အဘယ်ပန်းပါနည်း☘️☘️☘️ ထိုပန်းသည်ကား ဂိမှာန်သခင် သင်္ကြန်အခါတွင်ပွင့်လန်းပါပေသည် ထိန်ကာတောက်ကာဖြင့် မြန်မာတပြည်လုံးရွှေဝါရောင်ဝင်းစေသော ပိတောက်ပန်းပါပင်🌱 ပိတောက်ပန်းတို့ပွင့်လန်းချိန်တွင်ကား ကျွန်တော်တို့မြန်မာလူမျိုးတို့သည်ကား အေးမြစေကြောင်းဆုမွန်တောင်းကာ အတာရေသွန်းဖြိုးကြလေသည် နှစ်သက်ဖွယ်ရာ မြန်မာ့ဓလေ့ပါပင် နှစ်ဟောင်းကအညစ်ပျောက်ကာ နှစ်သစ်သို့လျှောက်လှမ်းကြမည်ဟူသော ကျွန်တော်တို့မြန်မာတို့၏ စိတ်ကူးပင်ဖြသ်ပေသည် ထို့ကြောင့် ကျွန်တော့်ရဲ့ သူငယ်ချင်းမိတ်ဆွေအပေါင်းကိုလည်း ရေသီတာညောင်ရေချမ်းရယ်နှင့် ရွှင်လန်းနိုင်ကြစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်🙏🙏🙏 ကျွန်တော့်ရဲ့ကဗျာလေးကို ဝန်းကာဝိုက်ကာကွန့်မြူးကာဖြင့် စကားပြေဖွဲ့ထာခြင်းဖြစ်ပါသည် ကောင်းဆက်(LMT)
𝓛𝓾 𝓜𝓲𝓷 𝓣𝓱𝓪𝓷𝓽🪶📜🪶📜
Region: MM
Saturday 11 April 2026 11:30:41 GMT
Music
Download
Comments
🥰Aye Aung🥰 :
ငါ့အကိုတော် အတော်ဆုံးပဲ🥰
2026-04-14 00:31:48
1
kin yu may :
မဂ်လာပါဗျ
2026-04-19 03:14:18
1
minmon :
တကယ်တော်သော သားလေး
2026-04-23 15:20:01
1
𝑨𝒖𝒏𝒈𝑴𝒚𝒊𝒏𝒕𝑴𝒚𝒂𝒕⚜ :
ရွှေ
2026-04-11 11:47:05
1
FuSsy :
🥰🥰🥰
2026-04-11 14:07:07
1
To see more videos from user @mglumin1554, please go to the Tikwm
homepage.