@naymyokhant2000: Silo (2023) (Season) (1)(2)# ------------------ IMDB (8.3/10) Sci-fi seriesတွေထဲမှာ ပရိသတ်အားပေးမှုတော်တော်လေးရရှိထားတဲ့ The last of us , The Walking dead နဲ့ The sweet toothတို့လို Post apocalyptic seriesတစ်ခုဖြစ်တဲ့ Siloကို တင်ဆက်ပေးလိုက်ပါပြီ ဒီကားလေးကရော ရှေ့ကနာမည်ကြီးစီးရီးတွေလိုပဲ ပရိသတ်ရဲ့နှလုံးသားကိုဖမ်းစားနိုင်မလားဆိုတာကတော့ ရဗျူးကောင်းတွေလည်းရရှိထားတာဆိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရင်း အကဲဖြတ်လိုက်ကြပါဦး Siloဆိုတာကတော့ ၁၄၄ ထပ်ရှိတဲ့ မြေအောက်မျှော်စင်မြို့တော်ကြီးတစ်ခု အထဲမှာ မြို့တစ်မြို့နဲ့ညီမျှတဲ့အင်္ဂါရပ်တွေ အကုန်အစုံရှိပြီးတော့ ပဋိညာဉ်တစ်ခုကို နေထိုင်သူအားလုံး လိုက်နာရတဲ့နေရာတစ်ခုပေါ့ ပြင်ပကမ္ဘာကြီးကတော့ ကပ်ဆိုက်ပျက်စီးပြီးတော့ အဆိပ်သင့်နယ်မြေလို့ ယူဆကြပြီးတော့ ဒီSiloထဲက လူတစ်စုကတော့ Siloရဲ့ပြင်ပကိုထွက်ချင်ပါတယ်လို့ လုံးဝမပြောပါဘူးဆိုတဲ့အဓိကဥပဒေတစ်ခုအပါအဝင် တခြားမြောက်များစွာသောစည်းကမ်းတွေကို မဖြစ်မနေလိုက်နာရပါတယ် ဒီမှာမေးစရာရှိလာတာက စည်းကမ်းမလိုက်နာရင် Siloရင်ပြင်ပကိုထွက်ချင်ပါတယ်လို့ ပြောလာတဲ့လူအတွက် ဘာပြစ်ဒဏ်ရှိလဲ ဒီလို အပြင်ထွက်ချင်တယ်လို့ ပြောလာသူတိုင်းကို အပြင်ထွက်ခွင့်ပေးပါတယ် အလဲအလှယ်အနေနဲ့ Siloရဲ့အပြင်ဘက်မှာတပ်ဆင်ထားတဲ့ ပြင်ပအာရုံခံစက်တွေကို သန့်ရှင်းရေးလုပ်ရပါတယ် ဒါပေမဲ့ထူးခြားတာကတော့ အပြင်ကိုထွက်ချင်တယ်ပြောမိသူတိုင်း မဖြစ်မနေ သန့်ရှင်းရေးလုပ်စရာမလိုပေမဲ့ သန့်ရှင်းရေးလုပ်ပြီးသူတိုင်းတော့ မိနစ်ပိုင်းအတွင်း သေဆုံးကုန်ကြပါတယ် ရှေ့ကလူတွေရဲ့ သေဆုံးခြင်းကိုပဲ မျက်ဝါးထင်ထင်မြင်နေရချိန်မှာတော့ Siloမြို့ကပြည်သူတွေအနေနဲ့ အထွန့်မတက်ရဲတော့ဘဲ စည်းမျဉ်းစည်းကမ်းတွေများလွန်းတဲ့ ဒီမြို့မှာပဲ အသက်ရှင်ဖို့ကိုသာ အဓိကထားနေထိုင်ကြရင်း နှစ် ၁၄၀ ကျော်ကြာခဲ့ပါတယ် ဒါပေမဲ့ ပုန်ကန်မှုဖြစ်ထားတယ်ဆိုတဲ့ မရေမရာအကြောင်းပြချက်တစ်ခုနဲ့ ဒီနှစ် ၁၄၀ ရှေ့မှာ ဘာတွေဖြစ်ခဲ့လဲ ဘာလို့မြေအောက်မှာရှင်သန်နေရလဲဆိုတာကိုတော့ ဘယ်သူမှမသိကြသလို အပြင်ဘယ်တော့ပြန်ထွက်နိုင်မှာလဲဆိုတာအတွက်လည်း အဖြေမရှိပါဘူး ဒါပေမဲ့ တားမြစ်ထားရင် ပိုသိချင်တဲ့လူ့စိတ်ကို ကြာကြာထိန်းထားမရတော့ Siloအပြင်ဘက် မြေပြင်ပေါ်ကဘဝကဘယ်လိုလဲ ဘာလို့မြေအောက်မှာရှင်သန်နေရတာလဲနဲ့ ပတ်သက်ပြီးမေးခွန်းထုတ်သူက ပြန်လည်ထွက်လာပြန်ပါတယ် ဒီလူကတော့ ပဋိညာဉ်တည်တံ့ရေးအတွက် တာဝန်ယူထားတဲ့ တရားရေးအဖွဲ့ရဲ့ အရေးပါတဲ့လူတစ်ယောက်ဖြစ်တဲ့ Sheriff ဟိုလ်စတန်ရဲ့ဇနီးအယ်လစ်ဆန်ပါပဲ နှစ် ၁၄၀ ရှေ့ပိုင်းက ပျက်သွားပါပြီဆိုတဲ့ ဒေတာတစ်ခုကို မထင်မှတ်ဘဲမြင်လိုက်ရတဲ့ အယ်လစ်ဆန်ဟာ Silo အပြင်ဘက်ကိုထွက်ချင်တဲ့ Siloရဲ့လျှို့ဝှက်ချက်တွေကို လူတွေကိုစူးစမ်းချင်စိတ်တွေကို ပြန်လည်နိုးထစေခဲ့တဲ့ သော့ချက်တစ်ခုဖြစ်လာခဲ့ပါတယ် အဲဒီနောက်မှာတော့ မေးခွန်းမြောက်များစွာနဲ့ Siloကြီးရဲ့အတိတ်က ဘာများဖြစ်မလဲ Siloရဲ့အပြင်ဘက်ကမ္ဘာမှာ ဘာတွေရှိနေမလဲ ဒီနှစ် ၁၄၀ မတိုင်ခင်က ဘာတွေဖြစ်ပျက်ခဲ့တာလဲ ဒီလောက်ကြီးမားတဲ့မြေအောက်မြို့တော်ကို ဘယ်သူကတည်ဆောက်ခဲ့တာလဲ အစရှိတဲ့ပဟေဠိတွေကို အတူအဖြေညှိဖို့အတွက် ဒီစီးရီးလေးကို အခုပဲကြည့်ရှုလိုက်ရအောင်ပါ#silo
𝐊𝐨 𝐊𝐡𝐚𝐧𝐭
Region: MY
Sunday 12 April 2026 05:40:45 GMT
Music
Download
Comments
李永兴 :
ဇတ်သိမ်း က ဘယ်လိုကြီးလည်း😏😁
2026-05-10 16:23:59
0
👽U Lay Gyi 👽 :
tg link
2026-04-26 06:53:29
0
ဘာလာလာ ကိုး :
link
2026-05-11 05:46:15
0
Arakanaye(ဒေါ်ဒေါ်ကောက်) :
ဘာဖြစ်သွားတာလဲ မသိဘူး😳အဆက်မြန်မြန်လေး
2026-04-19 04:02:34
0
𝕐𝕦'𝕤❤️ :
link?
2026-04-27 08:21:40
0
koyin :
😳😳😳
2026-04-12 07:51:47
1
🌼Myat Lay Pann🌼 :
❤️❤️❤️
2026-06-01 12:55:23
0
To see more videos from user @naymyokhant2000, please go to the Tikwm
homepage.