@eieinyomaung: စိတ်လုံခြုံမှုဆိုတာ ချစ်တယ် ဆိုတဲ့စကားလုံးထက်အများကြီးပိုပါတယ်🥰 🍀မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ တကယ်လိုအပ်နေတာက ငွေကြေးဓနတွေ၊ ဟိတ်ဟန်တွေထက် "စိတ်လုံခြုံမှု" ပေးနိုင်တဲ့ လက်တွဲဖော်မျိုးပါ။💞 လောကဓံရဲ့ ရိုက်ခတ်မှုတွေကြောင့် စိတ်ဓာတ်ကျနေချိန်မှာဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးနေချိန်မှာဖြစ်ဖြစ်... "ဘာပဲဖြစ်ဖြစ် မင်းအနားမှာ ငါရှိတယ်" ဆိုတဲ့ စကားတစ်ခွန်းနဲ့ တင်းတင်းကြပ်ကြပ် ဖက်ထားပေးပြီး ''စိတ်လုံခြုံမှု'' ပေးတာမျိုး🌻 🌻မျက်ရည်ကျနေချိန်မှာ အကြောင်းပြချက်မမေးဘဲ နားလည်ပေးတာ။ 🌻 လူကြားထဲမှာ ကိုယ့်လက်ကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ထားရဲတာ။ 🌻 ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ ကိုယ့်ကို ပစ်မထားဘူးဆိုတဲ့ ယုံကြည်မှုကို ပေးစွမ်းနိုင်တာမျိုးပါ။ 💍တန်ဖိုးကြီးတဲ့ လက်ဆောင်တွေထက် စိတ်အေးချမ်းရမှုကို ပေးနိုင်တဲ့သူ၊ သာယာတဲ့အချိန်တင်မကဘဲ မုန်တိုင်းထန်တဲ့ အချိန်တွေမှာပါ အတူတူ ရင်ဆိုင်ပေးမယ့်သူ... အဲဒီလို ယောက်ကျားမျိုးကိုပဲ မိန်းကလေးတိုင်းက ဘဝရဲ့ နောက်ဆုံးခရီးအထိ လက်တွဲသွားဖို့ တောင့်တကြတာပါ။ 🤍ကဲ......မင်းဟာ ငါ့အတွက် လုံခြုံဆုံးသော ကမ္ဘာငယ်လေးပါ ဆိုပြိး ကြွားဖို့ အထိ ''စိတ်လုံခြုံမှု'' ပေးနိုင်တဲ့ အမျိုး သား သင် ပိုင်ဆိုင်ထားပြီလား 🥰 ပိုင်ဆိုင်ပြီဆိုရင်တော့ လက်မလွှတ်ပါနဲ့🥰 #crd @El Bimbo 23 🍀
🦦T’အိ🍀
Region: JP
Sunday 12 April 2026 12:48:39 GMT
Music
Download
Comments
Winelay❤️❤️❤️ :
စာသားလေးလိုချင်လို့ပေးလို့ရမလားရှင့်
2026-04-13 13:21:47
3
Hinar Lay :
🤩🤩🤩😍😍😍
2026-04-26 04:09:05
1
ခရေ :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-04-22 12:27:18
1
Aye"🍀 :
@⚡𝓑𝓻𝔂𝓪𝓷ꪜ
2026-06-11 11:18:47
2
To see more videos from user @eieinyomaung, please go to the Tikwm
homepage.