@shin.sonic4: စိတ်ကိုဘယ်လိုရှုရမလဲ?ဝိပဿနာဘာဝနာပွားများရာမှာ သတိပဋ္ဌာန်လေးပါးရှိပါတယ် ကာယာနုပဿနာ သတိပဋ္ဌာန် ဝေဒနာနုပဿနာ သတိပဋ္ဌာန် စိတ္တာနုပဿနာ သတိပဋ္ဌာန် ဓမ္မာနုပဿနာ သတိပဋ္ဌာန်ဆိုတဲ့ သတိပဋ္ဌာန်လေးပါးအနက် ရှေးဦးစွာ စိတ်ရဲ့အကြောင်းကို ပြောရရင် စိတ်ရဲ့ သဘာဝက စိတ်ဆိုတာ အာရုံမရှိဘဲ တစ်ကိုယ်တည်း ဖြစ်ပေါ်လို့ မရပါဘူးအာရုံရှိမှ စိတ်ဖြစ်ပါတယ် အသံနဲ့တိုက်ဆိုင်တော့မှ ကြားတဲ့စိတ်ပေါ်ပါတယ်အနံ့ နဲ့ တိုက်ဆိုင်တော့မှ နံတဲ့ စိတ်ပေါ်တယ် အတိတ်အာရုံ တိုက်ဆိုင်တော့မှ အတိတ်ကိုတွေးတဲ့တွေးကြံသိစိတ်ပေါ်ပါတယ်အာရုံဆိုတာ စိတ်ရဲ့ အစားအစာ လိုပါပဲအာရုံ၆ ပါးရှိတဲ့အနက် ၅ပါးဖြစ်တဲ့ မျက်စိ နား နှာခေါင်းလျှာ ကိုယ်တို့ကနေ ဖြစ်တဲ့စိတ်တွေဟာ လက်ရှိ ပစ္စုပ္ပန်မှာကတော့တိုက်ရိုက်ထိတွေ့နေတဲ့ အာရုံကိုပဲ သိနိုင်ပါတယ်ကျန်တဲ့ မနော ဆိုတဲ့ စိတ်ကတော့ အတိတ်ကအကြောင်းတွေ အနာဂတ်အကြောင်းတွေနဲ့ စိတ်ကူးယဉ်မှုတွေကိုပါ သိနိုင်တဲ့ ထူးခြားတဲ့ တံခါးပေါက် ဖြစ်ပါတယ်အဲ့ဒါကို "ဓမ္မာရုံ"လို့ ခေါ်ပါတယ်ဓမ္မာရုံ ဆိုတာ မျက်စိ နား နှာခေါင်းလျှာကိုယ် တို့နဲ့ တိုက်ရိုက်ထိတွေ့လို့မရဘဲစိတ်သက်သက်နဲ့ပဲ သိလို့ရတဲ့ အာရုံတွေကို ခေါ်တာပါတကယ်တော့ နေ့စဉ်ဘဝမှာ အချိန်အများဆုံး ပေးနေရတဲ့ စိတ်အစဉ်အတန်းလဲ ဖြစ်ပါတယ် မနေ့က စားခဲ့တဲ့ ဟင်းအရသာကို လျှာနဲ့ထိတာမဟုတ်ဘဲနဲ့ စိတ်ထဲမှာ ပေါ်လာတာ ကို ပြန်တွေးမိတာမျိုး မနက်ဖြန် ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေချတာမျိုးပုံသဏ္ဌာန် နာမည်အယူအဆ သဘောတရားတွေပြီးတော့ ကြောက်ရွံ့တာပျော်ရွှင်တာမေတ္တာပွားတာ စတာတွေ နောက်ပြီး စိတ်ထဲမှာ ပုံရိပ်တစ်ခုခု ဒါမှမဟုတ် အတွေးတစ်ခုခု ရုတ်တရက် ပေါ်လာသလိုမျိုး နမိတ်တွေ ပေါ်သလိုမျိုးပေါ့တကယ်တော့အပြင်က အာရုံ ၅ ပါး ဖြစ်တဲ့ မြင်တာကြားတာနံတာ စားတာ ထိတွေတာတွေက ခဏလေးပဲ ဖြစ်နေတာပါ ဒါပေမဲ့ အဲဒီအာရုံတွေကို အခြေခံပြီး ဓမ္မာရုံ အနေနဲ့ စိတ်ထဲမှာ တနုံ့နုံ့ နဲ့ ပြန်တွေးနေတာက ပိုပြီကြာပါတယ်ဥပမာတစ်ယောက်ယောက်က ကိုယ့်ကို ဆဲဆိုလိုက်တာက "အသံ" (သဒ္ဒါရုံ) အနေနဲ့ ခဏလေးပါပဲ ဒါပေမဲ့ အဲဒီအသံကို စိတ်ထဲမှာ ပြန်တွေးပြီး ( ဓမ္မာရုံ ) တစ်နေကုန် စိတ်ဆိုးနေတာမျိုးဟာ မနောဒွါရမှာ စိတ်တွေ ထပ်ခါတလဲလဲ ဖြစ်နေတာ ဖြစ်ပါတယ် ဓမ္မာရုံမှာ စိတ်ဖြစ်တာဟာ အတွေးတွေ ဖြစ်ပေါ်လာတာပါ စိတ်ဆင်းရဲမှုစိတ်ချမ်းသာမှု အားလုံးနီးပါးဟာ ဒီဓမ္မာရုံကို စိတ်က ဘယ်လိုတုံ့ပြန်သလဲ ဆိုတာပေါ်မှာပဲ မူတည်နေပါတယ်ဒီလို စိတ်အလုပ်လုပ်ပုံကို သိသွားတဲ့အခါမှာ သတိ"ထားပြီး စိတ်ကို ထိန်းကျောင်းဖို့ ပိုလွယ်ကူလာပါလိမ့်မယ် အဲဒီလို ထိန်းကျောင်းနိုင်ဖို့ဆိုတာ အထက်ကပြောထားတဲ့သတိပဋ္ဌာန်လေးပါးအနက် စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ရှု့ရမှာပါအရေးကြီးတာက စိတ်က ဘယ်အာရုံဆီပဲသွားသွားအဲ့ဒီအာရုံကို မရှုဘဲနဲ့ အာရုံကို သိနေတဲ့စိတ်ကိုပဲ ရှုရမှာ အသံနောက်ကို လိုက်မတွေးပါနဲ့ကြားရင် ကြားတယ်လို့ သိနေတဲ့ စိတ်ကလေးကိုပဲ သတိနဲ့ကပ်စောင့်ကြည့်ပါစိတ်ကလေးက တစ်ခုပြီးမှ တစ်ခုဖြစ်တာရှေ့စိတ်ချုပ်ပျောက်သွားမှ အနောက်စိတ်ကလေးက ပေါ်လာတာ အဲ့ဒီလို စိတ်ကလေးတွေ ဖြစ်ပေါ်လာပြီး ပျောက်ကွယ်သွားတာကို ဉာဏ်နဲ့ စောင့်ကြည့်နေရမှာဖြစ်ပါတယ် စိတ်က အပြင်ထွက်သွားရင်လဲထွက်သွားပြီလို့ သိလိုက်ပါသိလိုက်တာနဲ့ အဲ့ဒီစိတ်က ချုပ်သွားပြီပြီးရင် နောက်ထပ် ပေါ်လာတဲ့စိတ်ကို ထပ်သိပါအဲ့ဒါ အရှုခံစိတ်ပေါ့ အရှုခံစိတ်က ရောက်ချင်ရာရောက်မှာပဲရောက်ပါစေ စိတ် ဘယ်အာရုံကိုပဲသွားသွား ဥပမာဆိုပါတော့ အသံကြားလိုက်ခန္ဓာကိုယ်ရောက်လိုက်ယားတဲ့နေရာ သွားသိလိုက်၊ အိမ်ကကိစ္စတွေကို သတိရလိုက်ဘယ်အာရုံသွားသွားအာရုံ မျိုးစုံကိုသွားတဲ့ စိတ်ကလေးကိုပဲ သတိနဲ့ဉာဏ်က ရှုရပါတယ် သတိနဲ့ဉာဏ်က အာရုံမျိုးစုံကိုသွားတဲ့ စိတ်ကလေးကိုပဲ ရှုတယ်အာရုံတွေကို မရှုဘူးစိတ်ထဲက ကြံစည်စဉ်းစားတဲ့ ဓမ္မာရုံဆိုတာလဲရှိပါသေးတယ် စိတ်ထဲကနေ ငယ်ငယ်တုန်းကအကြောင်းကို တွေးတယ် ငယ်ငယ်တုန်းက အဖေအကြောင်းအဖိုးအဖွားတွေ မရှိတော့ဘူး ဆိုပေမဲ့လဲပြန်တွေးတဲ့အခါ စိတ်ထဲမှာ သူတို့ပုံလေးတွေ ပေါ်ပေါ်လာမှာပဲအဲ့ဒါကိုဓမ္မာရုံလို့ ခေါ်တယ်အဲဒီလို စိတ်ကလေးက "ဓမ္မအာရုံ"ကို လဲသွားမှာပဲ ခု ပစ္စုပ္ပန်မှာ အဆင်း အသံအနံ့ အရသာ အတွေ့အထိ ကိုလဲ သွားမှာပဲသွားချင်ရာ သွားပါစေအဲ့ဒီအာရုံတွေကို ရှုရမှာ မဟုတ်ပါဘူးအဲ့လို အာရုံတွေကို သွားသွားသိတဲ့ စိတ်ကလေးကိုပဲ သတိနဲ့ဉာဏ်နဲ့က ရှုရမှာ ဖြစ်ပါတယ်သတိဉာဏ်ကလဲအဲဒီအာရုံကို မရှုဘဲနဲ့ အဲ့ဒီအာရုံမျိုးစုံကိုသွားတဲ့ စိတ်ကလေးကိုပဲ သတိဉာဏ်က ရှုရမှာပဲဖြစ်ပါတယ်စဉ်းစားရင် စဉ်းစားတဲ့စိတ်ကလေး စဉ်းစားတဲ့အကြောင်းအရာကို ဆက်ပြီးမတွေးဘဲနဲ့ အတိတ်အနာဂတ်ကို အာရုံပြုတဲ့ စိတ်ကလေးကိုရှုအဲဒီလိုလေး စိတ်ကလေးကို သတိနဲ့ဉာဏ်နဲ့ ပေါ်တိုင်းပေါ်တိုင်း ပိုင်းခြားပြီး ရှုနေရမှာ ဖြစ်ပါတယ်အဲဒါကိုပဲ"စိတ္တာနုပဿနာစိတ်ကိုရှုတယ် ခေါ်ပါတယ် D N T Z
Shin Sonic
Region: MM
Monday 13 April 2026 15:16:20 GMT
Music
Download
Comments
U Htay Win4567 :
🙏🙏🙏သာဓုသာဓုသာဓု ပါ
2026-05-15 03:00:25
1
WinThu :
သာဓုသာဓုသာဓုပါ
2026-04-13 23:25:23
2
moe san dar :
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏
2026-04-25 10:12:07
1
GoBlin Lin :
သာဓုသာဓုသာဓု နမောနမာမိ
2026-04-24 11:55:19
1
nang. khanyoon :
သာဓု သာဓု သာဓု ပါဘုရား🙏🙏🙏🙏🙏
2026-04-17 01:21:02
1
Myint :
2026-04-28 16:19:14
1
ကောင်လေးတဲ့😁😁 :
သာဓုပါဘုရား
2026-04-17 07:00:11
1
ThuYa :
သာဓုသာဓုသာဓု
2026-04-17 04:21:09
1
Aye Pee :
သာစုသာစုသာစုပါ
2026-04-20 07:22:13
1
ptk :
သာဓုသာဓုသာဓုပါ ဘုရား
2026-04-17 06:21:43
1
KTS :
မှန်လှပါဘုရား🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🙏
2026-04-17 11:14:47
1
MOG~Taka :
သာဓု သာဓု သာဓုပါ🙏🙏🙏🙏🙏
2026-04-26 14:42:59
1
Ma Ma Yi :
သာဓုသာဓုသာဓုပါဘုရား
2026-04-17 07:30:10
1
သံသရာခရီးသည် :
2026-04-14 05:14:06
1
စစ်ပိုင် :
2026-04-14 06:27:17
1
UMyoMyint101 :
သာဓု သာဓု သာဓုပါဘုရား
2026-04-24 13:42:57
1
Thazin Thin :
🙏🙏🙏သာဓု သာဓု သာဓုပါဘုရား🙏🙏🙏
2026-04-26 05:25:30
1
စစ်ပိုင် :
hi
2026-04-14 05:47:52
1
AG :
သာဓုသာဓုသာဓုပါဘုရား
2026-04-17 06:07:33
1
KoKo WinMin Tun :
သာဓုသာဓုသာဓုပါအရှင်မြတ်ဘုရား🙏🙏🙏
2026-04-17 08:05:52
1
HtayHtay :
သာဓု သာဓု သာဓု ပါဘုရား
2026-04-15 16:51:21
1
Aye Aye Maw :
သာဓု သာဓု သာဓု
2026-04-14 05:26:55
1
U Thet Naing :
🥰🥰ကောင်ပါ၏ဘုရား
2026-04-17 06:37:17
1
🪐 :
သာဓု သာဓု သာဓု ပါဘုရား
2026-05-14 13:08:52
1
dawthanthan047 :
သာဓုသာဓုသာဓုပါဘု့ရား
2026-04-15 18:16:34
1
To see more videos from user @shin.sonic4, please go to the Tikwm
homepage.