@dhammaknowledgecentre: #ဩကာသရှင်းတမ်း ================= ဩကာသ ဩကာသ ဩကာသ ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ (တနည်းကာယကံ၊၀စီကံ၊မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါး ပါးသော ကံကို ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ ) ပထမ, ဒုတိယ, တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား, ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား ။ ဩကာသ ရှိခိုးပါရစေ ကန်တော့ပါရစေ ဟု အခွင့်တောင်းခြင်းကို သြကာသ ဟု ခေါ်သည်။ လေးနက် စေလိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့ စေလိုသောကြောင့် လည်းကောင်း၊ သြကာသ ကို သုံးကြိမ် ဆိုရပါသည် ။ ကံသုံးပါး ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊ နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊ စိတ်ဖြင့်ကြံသော အမှုကို မနောကံ ဟု ခေါ်သည်။ ရတနာ နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာ ဟု ခေါ်ပါသည် ။ ဘုရား ရတနာ တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရား ဟု ခေါ်ပါသည် ။ တရား ရတနာ အပါယ်ဆင်းရဲ သံသရာ၀ဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ် သောကြောင့် တရား ဟု ခေါ်ပါသည် ။ သံဃာ ရတနာ အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာ ဟု ခေါ်ပါသည် ။ အရိုအသေ ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း၊ အလေးအမြတ် တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း ။ ရှိခိုး ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်း ဟူ၍ သုံးမျိုးရှိသည်။ ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ ဘိုးဘွား၊ ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါး (ခြေ, လက်, နဖူး,တံတောင်, ဒူး) ဖြင့် ရှိခိုးခြင်းကိုခေါ်သည်။ နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို နှုတ်ဖြင့် ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို ခေါ်ပါသည်။ စိတ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။ ပူဇော် ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည် ။ ဖူးမြော် ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း ။ မာန်လျှော့ မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း၊ (ရတနာ သုံးပါးကို မြင့်မြတ်ရာ၌ ထားခြင်း) ကို မာန်လျှော့သည် ဟု ခေါ်ပါသည်။ မာန်လျှော့ခြင်းကို နိဝါတမင်္ဂလာ ဟု မှတ်ပါ ။ ကန်တော့ အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟု ခေါ်သည်။ အပြစ်ရှိ၍ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည် ။ (ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍ ကုသိုလ်ကို တော့ , ယူခြင်းကို ဆိုလိုသည်) အပါယ် ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။ (အပါယ် = အပ + အယ၊ အယ = ချမ်းသာ + အပ = ကင်းခြင်း) အပါယ်လေးပါးရှိသည်။ ၎င်းတို့မှာ (၁) ငရဲ = ချမ်းသာသုခ ဝေးကွာ၍၊ ဒုက္ခအတိပြီးသော ဘုံဌာန၊ (၂) တိရစ္ဆာန် = မဂ်, ဖိုလ်မကပ်၊ ထောင့်ဖြတ်ဖီလာ သွားတတ်သော သတ္တဝါ။ (၃) ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တဝါ။ (၄) အသုရကာယ် = နတ်များကဲ့သို့ မရဲရင့် မတင့်တယ် မတောက်ပသော သတ္တဝါ။ * လောဘစိတ်နှင့်၊ သေခဲ့လျှင် ပြိတ္တာဘုံသို့၀င်၊ * ဒေါသကြီးလျှင်၊ ပါယ်ငရဲ၊ ဖြစ်ရအမှန်ပဲ၊ * မောဟစိတ်နဲ့၊ သေခဲ့ပြန်၊ ဖြစ်ရတိရစ္ဆာန်၊ * ဆိုးသွမ်းလေဟန်၊ စိတ်သုံးမျိုး၊ စွန့်ခွာပယ်လို့ချိုး။ ကပ် ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်သည်။ (ကပ္ပ = ပျက်စီးခြင်း) ကပ်သုံးပါးရှိသည်။ ၎င်းတို့မှာ (၁) ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။ (၂) သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။ (၃) ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။ * လောဘကြီးက၊ ငတ်မွတ်ရ၊ ဒုက္ခကပ်ကြီးဆိုက်။ * ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်။ * မောဟကြီးက၊ ရောဂါထ၊ နာရကပ်ကြီးဆိုက်။ ရပ်ပြစ် ရှစ်ပါး မဂ်, ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟု ခေါ်သည်။ အပြစ်ရှိသော အရပ်ကို မြန်မာတို့က [ရပ် - ပြစ်] ဟု ခေါ်ကြသည်။ အပြစ်ဆိုသော်လည်း ထူးထူးခြားခြား ဆိုးဝါးသောအပြစ်မဟုတ်။ ထိုအရပ်သို့ ရောက်နေလျှင် မဂ်, ဖိုလ်ရောက်အောင် တရားအားထုတ်ခွင့် မရသောကြောင့် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို [ အပြစ် ]ဟု မိန့်တော်မူသည် ။ ရပ်ပြစ်ရှစ်ပါးရှိသည်။ ၎င်းတို့မှာ (၁, ၂, ၃) ဘုရားဖြစ်ခါ, ပါယ်သုံးရွာနှင့် ဘုရားပွင့်နေဆဲအခါ ငရဲ၊တိရစ္ဆာန်၊ ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။ (အသူရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။) (၄) ဒီဃာယုနတ် အသက်ရှည်သော နတ်ဗြဟ္မာကို [ ဒီဃာယုနတ် ] ဟု ဆိုသည်။ ဘုရားပွင့်ဆဲအခါ လွန်စွာ
DKC
Region: MM
Tuesday 14 April 2026 15:20:22 GMT
Music
Download
Comments
lugyijadepk :
🙏🙏🙏🥰@BAGAN
တင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်ယခုခေတ်မှာသိတဲ့သူနည်းသွာပြီ
2026-05-21 01:13:49
1
꧁༒༺ သံသရာ ခရီးသည် ༻༒꧂ :
သြကာသ ကန်တော့ခန်း စာသား ပို့ပေးပါလား ဘုရား
2026-04-14 16:02:29
6
U Hla Aung :
ကောင်းလိုက်တာ သာဓုသာဓုသာဓု
2026-07-10 00:35:00
0
ခိုဗင်းဖြား ဗန်းစောက် :
သာဓု သာဓု သာဓု
2026-07-08 11:42:10
0
ဦးကြိုင် :
သာဓု🙏သာဓု🙏သာဓု🙏
2026-07-07 15:25:01
0
KO SHAN :
ဖြေ ေြဖးလုပ်ပေးပါစာဖတ်မရဘူး
2026-06-28 07:01:39
0
MADE IN BURMA :
ကျေးဇူးပါအထူးပါခင်းဗျား
2026-05-02 22:29:48
0
Phyu Phyu Aung :
အဲ့ဒါတွေသိချင်ဖတ်ချင်ပါတယ်
ဘယ်စာအုပ်ကိုဖတ်ရမယ်ဆိုတာသိရင်လမ်းညွှန်ပေးပါ
2026-06-06 07:29:27
0
❤️Jaunary Hnin❤️ :
copy ယူလို့ရအောင်မန့်မှာရေးပေးပါလားရှင့်🙏
2026-06-07 12:56:22
0
@winnaing :
ကျေးဇူးပါလေးစားလျက်
2026-06-04 13:58:39
0
Nay Nyo Thu :
ဒါမျိုးမှ အသည်းမပေး ဘယ်ဟာပေးမလဲ🥰
2026-04-20 11:04:33
9
🌺Chit Thu🌺 :
ွ်မြန်နေတယ်
2026-05-31 07:21:22
0
Mo Kham :
ဗဟုသုတရခဲ့လို့ကျေးဇူးပါနော်💕💕💕
2026-05-30 02:03:35
0
U Khin Maung Swe :
သာဓု သာဓု သာဓု
2026-05-29 12:23:19
0
A May Nyo :
မြန်ပါတယ်
2026-04-17 08:17:08
0
Daw Than Than Zin369 :
ကဗျာတွဲလျက်ပါတာလေးသဘောကျ
🥰🥰🥰🥰🥰🥰
2026-04-17 07:14:51
1
Min Swe :
ေကျဇူးပါ
2026-04-17 11:58:53
1
Thin thin may :
သာဓုသာဓုသာဓုပါဘုရား
2026-04-17 00:12:16
1
thanwin :
🥰🥰🥰🥰🥰သာဓုပါဘုရား။
2026-05-27 12:53:16
0
အနှိုင်းမဲ့မိခင် 👩👧👦🌺 :
သာဓုသာဓုသာဓုပါ
2026-05-29 06:46:01
0
Khin Saw :
🥰👍ကျေးဇူးပါ👍👍🥰🥰
2026-07-10 03:59:43
0
Anty :
ကူယူခွင့်ပြုပါ🥰🥰🥰
2026-05-29 06:10:18
0
မေသဲတုန်💝💝💞💞💘💘 :
ဩကာသ အဓီပါယ် ေြပာပေးပါလာ
2026-05-30 03:12:51
0
SaoYadanar 72 MoeHtetSan, :
သာဓု သာဓု သာဓု
ကျေးဇူးပါ။
2026-05-29 06:59:24
0
Htay Lwin :
ကျေးဇူးပါ
2026-04-17 12:35:18
0
To see more videos from user @dhammaknowledgecentre, please go to the Tikwm
homepage.