@ashin.karunisara: ... ဣဓ လောကေ- ဤလောကမှာ မစ္စော- သတ္တဝါသည် ပုညဥ္စ ကောင်းမှုကုသိုလ်ကံ ကိုလည်းကောင်း အပုညဉ္စ- မကောင်းမှု အကုသိုလ်ကံ ကိုလည်းကောင်း ဥဘော- ကောင်းမှုနဲ့ မကောင်းမှုဆိုတဲ့ ထိုနှစ်မျိုးကို ကုရုတေ- ကိုယ့်အသိဉာဏ်အလျောက်၊ ကိုယ့်အမြင်အလျောက် ကိုယ်ရဲ့လောဘ၊ ဒေါသအ လျောက် ပြုလုပ်မိလေ၏တဲ့။ တံ- ထိုကိုယ်လုပ်မိတဲ့ လုပ်လိုက်တဲ့ကောင်းမှု၊ မကောင်းမှု ကုသိုလ်,အကုသိုလ် နှစ်မျိုးသည် တဿ- ထိုသေသွားတဲ့အခါ လူ့ဘဝစွန့်သွား ရသော ပုဂ္ဂိုလ်၏ သကံ- ကိုယ်ပိုင်ဥစ္စာ။ တံ- ထိုမိမိပြုလုပ်ထားတဲ့ ကောင်းမှု၊ မကောင်းမှု ကုသိုလ်, အကုသိုလ်ဆိုတဲ့ တရားနှစ်မျိုးကိုသာလျှင် အာဒါယ- ယူဆောင်ပြီးတော့ ဂစ္ဆတိ- တမလွန်လောက သွားရ၏။ အနုပါယိနီ- သွားလေရာရာ အစဉ်တစိုက် နောက်ကလိုက်နေတဲ့ ဆာယာဣစ- အရိပ်လို အဿ- ထိုသေမင်းနှိပ်စက်လို့ လူ့ဘဝကို စွန့်ခွါသွားရသော ပုဂ္ဂိုလ်၏ အနုဂံ- နောက်ကအစဉ်တစိုက် ုက်နေတဲ့အရာကလည်း တဉ္စ တံဧဝ- ထိုမိမိပြုထားတဲ့ ကုသိုလ်ကံ,အကုသိုလ်ကံဆိုတဲ့ နှစ်မျိုးသာလျှင် ဟောတိ- ဖြစ်ပါတယ်လို့ သတ္တာ- နတ်လူတို့ဆရာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ကထေသိ- ဂရုဏာရှေးရှု မိန့်ကြားတော်မူခဲ့ပါပေသတည်း။ #သေသွားသောအခါဘာများပါတရားတော် #အရှင်စန္ဒောဘာသ #ဖိုးလမင်းဆရာတော်

အရှင် ကာရုဏိဿရ
အရှင် ကာရုဏိဿရ
Open In TikTok:
Region: MM
Wednesday 15 April 2026 02:00:56 GMT
128
11
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @ashin.karunisara, please go to the Tikwm homepage.

Other Videos


About