@waa.waa952: ယောက်ျားတစ်ယောက်က သူဒေါသထွက်နေတဲ့အချိန် သူပါးစပ်ကနေ ပြောထွက်လာတဲ့ စကားလုံးတွေက သူတို့စိတ်ရင်းထဲကလာတာ။ "သူဒေါသထွက်လို့ ပြောလိုက်တာ၊ နေပါစေ" လို့ ဖြည့်မတွေးနဲ့။ ဘယ်ယောက်ျားမှ မ 'အ' ဘူး။ သူတို့ဘယ်စကားလုံးကိုသုံးရင်၊ ဘယ်လိုလုပ်ရပ်ကိုလုပ်ရင် ဒီမိန်းမ ဘယ်လောက်ထိ နာကျင်သွားမလဲ သူတို့ကောင်းကောင်းသိတယ်။ "ကိုယ်နာကျင်သွားမှာကို နည်းနည်းလေးမှ မစိုးရိမ်လို့၊ ကိုယ့်ကိုမငဲ့ညာလို့" ပြောရက်လို့ ပြောထွက်တာ၊ လုပ်ရက်လို့ လုပ်ကြတာ။ မိန်းမတွေက ရန်ဖြစ်တဲ့အချိန်မှာ ရင်ထဲမပါတဲ့စကားလုံးတွေနဲ့ စကားနာထိုးတယ်၊ ပြန်အဆင်ပြေသွားတဲ့အချိန် ရင်ထဲက စကားတွေပြောတယ်။ ယောက်ျားတွေက ရန်ဖြစ်စကားများတဲ့အချိန် ရင်ထဲမှာ မြိုသိပ်ထားတဲ့စကားလုံးတွေ ပေါက်ကွဲထွက်လာတယ်၊ ပြန်အဆင်ပြေသွားတဲ့အချိန် ရင်ထဲမပါတဲ့စကားတွေနဲ့ ပလီတယ်။ ကိုယ့်မကြိုက်တဲ့ အရာတွေကို ပါးစပ်က ထုတ်ပြောပြီး complains တက်နေတယ်ဆိုတာ တစ်ဖက်သားအပေါ် စိတ်မပျက်သေးပဲ နှစ်ယောက်ကြားက ဆက်ဆံရေးကို ပိုပြီးကောင်းမွန်အောင် တည်ဆောက်ချင်စိတ် ရှိနေသေးလို့လို့ ဒီလို မလုပ်ပါနဲ့ မကြိုက်ပါဘူး ဒီလိုလုပ်ရင် ဘယ်လို စိတ်အနာတရ ဖြစ်ရပါတယ်လို့ သေချာပြောပြ ချပြထားပါရက်နဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နိုင်ခြင်းဟာ ကိုယ်နဲ့ဝေးရမှာ မကြောက်လို့ပဲ။ တချို့လူတွေက ဘယ်တော့မှ မထားခဲ့ဘူးလို့ ကတိပေးတယ် ဒါပေမဲ့ အဝေးကို ပြေးထွက်သွားအောင် သူတို့ကိုယ်တိုင် တွန်းအားပေးခဲ့ကြတာ။ ယောက်ျားတွေက သူတို့ချစ်တဲ့သူအပေါ်ပဲ ငဲ့ညာတာ။ သူတို့မချစ်တဲ့သူအပေါ်ဆို စကားလုံးနဲ့ဖြစ်စေ၊ လုပ်ရပ်နဲ့ဖြစ်စေ ထိခိုက်နာကျင်သွားအောင် လုပ်ရက်ဖို့ ဝန်မလေးကြဘူးတဲ့ တကယ်မှန်တဲ့စကား။ စိတ်ဆိုး၊ စိတ်ကောက်ချိန် မှား/မှန် မျက်ရည်တွေနဲ့ အိပ်ယာမဝင်စေပဲ ပြန်ချော့ပေးတဲ့သူ၊ ရန်ဖြစ်စကားများတဲ့အချိန် စကားလုံးနဲ့ရော အပြုအမူနဲ့ပါ ကိုယ့်ကိုမနာကျင်စေတဲ့သူ၊ ဘယ်အချိန်မျိုးမှာမဆို စိတ်လုံခြုံမှု/နွေးထွေးမှု ပေးနိုင်တဲ့သူမျိုးကိုပဲ လိုချင်ခဲ့ဖူးတာ။ ဒဏ်ရာဖြစ်အောင်လုပ်ပြီး ဆေးပေးတဲ့သူမျိုး မလိုချင်ဘူး။ အစတည်းက ဒဏ်ရာမရအောင် ကာကွယ်ပေးတဲ့သူမျိုးကိုပဲ လိုအပ်တာ။
🌺🦋Waa. Waa🦋🌺
Region: MM
Wednesday 15 April 2026 11:56:47 GMT
Music
Download
Comments
Thandar :
ကိုယ်နာကျင်ရသလိုတော့ ပြန်ပြီးမနာကျင်စေချင်ဘူး ကိုယ်နာကျင်နေရတာကိုတော့သိစေချင်တယ်😔
2026-04-17 03:01:12
23
LiLi Aung :
🥰🥰🥰copyယူခွင့်ပြုပါ
2026-05-31 01:08:02
1
N🏵 :
copyယူချင်လို့ပါ
2026-04-20 22:54:58
1
PHYOE PAPA AUNG :
ပြန်တင်မယ်နော်မမ
2026-05-24 05:32:49
1
AZL&TT💍✨ :
ခံစားဖူးတာပေါ့ တခါမှမမျှော်လင့်ထားတဲ့စကားလုံးမျိုးမို့အခုထက်ထိကိုမမေ့ပါဘူး😊
2026-04-17 12:33:28
7
Khine Zar Zar Htun :
ပြန်တင်မယ်နော်🥰🥰
2026-04-30 04:12:32
1
Pyae(2.4kview) :
copyလေးယူမယ်နော်
2026-05-11 13:09:41
1
🇲🇲 Khin Myanmar 🇲🇲🌹🌷🪷 :
copy ယူခွင့်ပေးပါ
စာသားတွေကြိုက်လို့ပါ
2026-05-05 09:27:08
1
E M M :
copyပြန်တင်ပါရစေနော်❤️
2026-05-01 15:10:04
1
Hein Htet Zaw MomMom💞💞💞 :
copyပြန်တင်လိုရလား🥰🥰🥰🥰
2026-05-09 09:06:30
1
Nang saw may :
@
2026-04-19 15:49:23
1
Aye Than Dar :
အားလုံးကိုမှတ်ထားတယ်နောက်ဆုက်လို့ရရင်ပြန်ဆုတ်ချင်တယ်အခုတော့ဘလိုလုပ်ရမလဲ
2026-04-16 11:18:33
1
🦁မကြီးစိုး🦁 :
သိတာပေါ့ ချစ်ရက်နဲ့နားလည်ပေးလာတာ ခုတော့ တော်တော်နောင်တလဲရသလို စိတ်လဲနာတယ်😔😔
2026-04-17 07:44:27
9
thirikoko655 :
ပြန်တင်ပါရစေရှင့်💜💜💜
2026-04-25 03:47:18
1
ma ei :
ပြန်တင်ခွင့်ပြုပါရှင်
2026-04-25 04:49:21
1
♈🐯💓mmk💓🐯♈ :
လွမ်းလိုက်တာဟာ...😓
2026-05-22 17:47:07
1
Htet Htet1500 :
ပြန်တင်မယ်နော်
2026-05-24 18:45:09
1
ဟန်ဇာလေးမေမေ🥰🥰🥰🥰🥰🥰🥰🥰🥰 :
copyယူပါရစေ
2026-05-10 14:04:52
1
Myo Thu :
ပြန်တင်မယ်နော်🥰🥰🥰
2026-04-18 11:14:59
1
myint mar :
စာသားလေးယူချင်လို့ပါရှင့်😊
2026-04-19 15:10:27
1
user9759134558117 :
ပြန်တင်ခွင့်ပြုပါနော်
2026-04-18 15:27:44
1
Gu Gu :
copy ယူချင်လို့ပါ
2026-04-22 07:09:44
1
Su Layသားနှစ်ယောက်မေမေပါ :
copyပြန်တင်လိုရလား🥰🥰🥰🥰
2026-04-20 15:47:42
2
Ei Zar Win :
ပြန်တင်ချင်လို့ စာသားလေး ပေးပါ့လား🥰
2026-04-20 12:16:15
1
Daw Aye Thandar M546🇲🇲🇲🇲 :
ပြန်တင်မယ်နော်
2026-04-18 01:08:01
1
To see more videos from user @waa.waa952, please go to the Tikwm
homepage.