@shinweatsada: ညွှန်း။ မဟာစည်ဆရာတော် ၏ ဝိသုဒ္ဓိမဂ် မြန်မာပြန်(ပတွဲ-၁၆၉ မှ ၁၈၁) မှ ထုတ်နှုတ်တင်ပြပါသည်။ အခါတပါး၌ မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား မေးတော်မူ၏။ ၁- “ရဟန်းတို့ ရဟန်းတစ်ပါးသည် တခဲနက်သောမီးပုံကြီးကို ပွေ့ဖက်လျက်နေခြင်းနှင့် သမီးကညာကို ပွေ့ဖက်လျက် အိပ်နေခြင်း ဟူသော အခြင်းအရာနှစ်မျိုးတို့တွင် အဘယ်က ကောင်းမြတ်သနည်း” ဟု မေးတော်မူရာ ရဟန်းတို့က “သမီးကညာကို ပွေ့ဖက်လျက်နေရခြင်းက ကောင်းမြတ်ပါသည်၊ မီးပုံကြီးကို ပွေ့ဖက်၍နေရခြင်းသည် ဆင်းရဲလှပါသည် ဘုရား”ဟု လျှောက်ထားကြလေသည်။ ၂- “ရဟန်းတို့၊ အားကောင်းသောယောက်ျားသည် ခိုင်ခံ့စွာသောသာမြီးကြိုးဖြင့် ခြေသလုံးနှစ်ဖက်တို့ကို ရစ်ပတ်၍ ပွတ်ဆွဲရာ ထိုသားမြီးကြိုးသည် အပေါ်အရေပါးကိုဖြတ်ပြီး အတွင်းအရေထူကိုဖြတ်ရာ၏၊ အသားကိုဖြတ်ရာ၏၊ အကြောကိုဖြတ်ရာ၏၊ အရိုးကိုဖြတ်ရာ၏၊ ရိုးတွင်းချဉ်ဆီကို ထိဆိုက်၍တည်ရာ၏။ သို့မဟုတ်… ခတ္ထိယ၊ ဗြဟ္မဏ၊ သူဌေးသူကြွယ် လူအပေါင်းတို့၏ ရှိခိုးခြင်းကို ( ဒုဿီလရဟန်းသည်) သာယာလက်ခံရာ၏။ ထိုနှစ်မျိုးတွင် အဘယ်သည်ကောင်းမြတ်သနည်း။” ၃- “ရဟန်းတို့၊ အားကောင်းသောယောကျ်ားသည် ထက်စွာသောလှံမဖြင့် ရင်ဝအလယ်တည့်တည့်၌ ထိုးရာ၏၊ သို့မဟုတ်… မင်း၊ သူဌေးသူကြွယ်စသော လူအပေါင်းတို့၏ လက်အုပ်ချီခြင်းအမှုကို (ဒုဿီလရဟန်းသည်) သာယာလက်ခံ၏၊ ထိုနှစ်မျိုးတွင် အဘယ်သည်ကောင်းမြတ်သနည်း” ၄- “ရဟန်းတို့၊ အားကောင်းသောယောက်ျားသည် မီးလျှံတို့ဖြင့် တခဲနက်ပူပြင်းသော သံပြားဖြင့် ကိုယ်ကိုရစ်ပတ်ရာ၏၊ သို့မဟုတ်… လူတို့က ယုံကြည် ကြည်ညိုကိုးကွယ်သဖြင့် ပေးလှူအပ်သော သင်္ကန်းကို ( ဒုဿီလရဟန်းသည်) သုံးဆောင်ရာ၏၊ ထိုနှစ်မျိုးတွင် အဘယ်သည် ကောင်းမြတ်သနည်း” ၅- “ရဟန်းတို့၊ အားကောင်းသောယောက်ျားသည် မီးလျှံကဲ့သို့သော သံညှပ်ကြီးဖြင့် ခံတွင်းကိုဖွင့်၍ မီးလျှံကဲ့သို့သော သံတွေခဲများကို ခံတွင်း၌ထည့်ရာ၏၊ ထိုသံတွေခဲတို့သည် ထိုရဟန်း၏ ခံတွင်းကိုလည်း လောင်ရာ၏၊ လျှာကိုလည်းကောင်း၊ လည်ချောင်းကိုလည်းကောင်း၊ ဝမ်းဗိုက်ကိုလည်းကောင်း လောင်ရာ၏။ အူသိမ်အူမတို့ကို ပျက်စီးစေ၍ အောက်ပေါက်မှ ထွက်သွားရာ၏၊ သို့မဟုတ်… လူအပေါင်းတို့ ယုံကြည် ကြည်ညို၍လှူအပ်သောဆွမ်းကို (ဒုဿီလရဟန်းသည်) သုံးဆောင်ရာ၏၊ ထိုနှစ်မျိုးတို့တွင် အဘယ်သည်ကောင်းမြတ်သနည်း” ၆- “ရဟန်းတို့၊ အားကောင်းသော ယောက်ျားသည် ဦးခေါင်းကိုဖြစ်စေ၊ လည်ကုတ်ကိုဖြစ်စေ ချုပ်ကိုင်၍ မီးလျှံအပေါင်းနှင့်ရဲရဲတောက်လောင်နေသကဲ့သို့သော သံညောင်စောင်း၌လည်းကောင်း၊ သံအင်းပျဉ်၌သော်လည်းကောင်း၊ ထိုင်စေ၊ အိပ်နေစေရာ၏၊ (အတင်းအကြပ်လုပ်ဆောင်၏)၊ သို့မဟုတ်… လူအပေါင်းတို့ ယုံကြည် ကြည်ညို၍ လှူအပ်သော ညောင်စောင်း၊ အင်းပျဉ်တို့ကို (ဒုဿီလရဟန်းသည်) သုံးဆောင်ရာ၏၊ ထိုနှစ်မျိုးတို့တွင် အဘယ်သည်ကောင်းမြတ်ပါသနည်း” ၇- “ရဟန်းတို့၊ အားကောင်းသော ယောက်ျားသည် ခြေထောက်မှ ဇောက်ထိုးဆွဲ၍ တခဲနက်မီးလျှံတို့ဖြင့် သံရည်ပူအိုးကြီးထဲသို့ ပစ်ချရာ၏၊ အမြှုပ်တစီစီထလျက် ကျက်သည်ဖြစ်၍ ပေါ်လိုက် မြုပ်လိုက်ဖြစ်၏၊ သို့မဟုတ်… လူအပေါင်းတို့က ယုံကြည် ကြည်ညို၍ လှူအပ်သောကျောင်းကို (ဒုဿီလရဟန်းသည်) သုံးဆောင်ရာ၏၊ ထိုနှစ်မျိုးတို့တွင် အဘယ်သည်ကောင်းမြတ်ပါသနည်း” ဤသို့သော မေးခွန်းများကို မေးတော်မူပြီးနောက် ၁- သီလပျက်သော ဒုဿီလရဟန်းအတွက် မီးပုံကြီးကိုပွေ့ဖက်ရခြင်းကြောင့် ခံစားရသောဒုက္ခထက်၊ ကာမချမ်းသာကို မစွန့်ခြင်းကြောင့် ခံစားရမည့် အပါယ်ဆင်းရဲက ပိုကြီးကြောင်း၊ ၂- သီလပျက်သော ဒုဿီလရဟန်းအတွက် ကြမ်းတမ်းသော သားမြီးကြိုးဖြင့် ပွတ်တိုက်ဆွဲခြင်းကြောင့်ဖြစ်သော ဆင်းရဲထက် လူတို့၏ ရှိခိုးခြင်းကို သာယာလက်ခံခြင်းကြောင့် ခံစားရမည့် အပါယ်ဆင်းရဲက ပိုမိုလွန်ကဲကြောင်း၊ ၃- သီလပျက်သော ဒုဿီလရဟန်းအတွက် ရင်ဝကို လှံမဖြင့် ထိုးဆွခံရခြင်းဆင်းရဲထက်၊ လူတို့၏ လက်အုပ်ချီခြင်းကို သာယာလက်ခံခြင်းကြောင့် ခံစားရမည့် အပါယ်ဆင်းရဲက လွန်ကဲကြီးမားကြောင်း၊ ၄- (ကိုယ်နှုတ်နှလုံးကို မစောင့်သောရဟန်းသည်) လူတို့ပေးလှူအပ်သော သင်္ကန်းကိုသုံးဆောင်ခြင်းကြောင့် ငရဲ၌ မီးအလျှံတို့တောက်လောင်နေသော သံပြားဖြင့် ရစ်ပတ်ထားခြင်းကို ကာလရှည်မြင့်စွာ ခံစားရမည်ဖြစ်၍ ထိုရဟန်း၏ ယခုအချိန်တွင် သင်္ကန်းကိုသုံးဆောင်ရခြင်းသည် ချမ်းသာသည်မဟုတ်၊ စင်စစ်ဆင်းရဲသာဖြစ်ကြောင်း၊ ၅- သီလမရှိသောရဟန်းသည် လူတို့လှူတန်းအပ်သော ဆွမ်းကို သုံးဆောင်ခြင်းကြောင့် ငရဲ၌ကျရောက်လျက် ရဲရဲတောက်ကုန်သော သံတွေခဲတို့ကို ကာလရှည်မြင့်စွာ မျိုကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူတို့လှူအပ်သော ဆွမ်းသည် အရသာကောင်းလှပါသော်လည်း လတ်တလော သေစေတတ်သော အဆိပ်နှင့်တူကြောင်း၊ ၆- ဒုဿီလရဟန်းသည် လူတို့ပေးလှူအပ်သော ညောင်စောင်း၊ အင်းပျဉ်တို့ကို သုံးဆောင်ခြင်းကြောင့် ငရဲသို့ကျကာ မီးလျှံတို့ဖြင့် တောက်လောင်နေသော သံညောင်စောင်း၊ သံအင်းပျဉ်တို့၌ ဆင်းရဲတို့ဖြင့် ကြာမြင့်စွာ နှိပ်စက်ခြင်းခံရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဘဝ၌ ညောင်စောင်း၊ အင်းပျဉ်တို့ကို သုံးဆောင်နေရခြင်းသည် ချမ်းသာသည်ထင်မှတ်ရသော်လည်း အမှန်မှာ ဆင်းရဲသာဖြစ်ကြောင်း၊ အဂုၤတ္တိုရ်ပါဠိတော် #တရားတော်များ #မဟာမြေ
အရှင်ဝိစဒ္ဒ(မဟာမြေ)🙏🙏🙏
Region: TH
Wednesday 15 April 2026 15:12:50 GMT
Music
Download
Comments
ငါရီးစား သူများနှင့်ညား :
ကြောက်တယ်ဗျာ
2026-05-06 09:17:52
0
U Thet Swe :
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-04-16 01:23:49
0
U Myint Htay :
သာဓုသာဓုသာဓုပါဘုရား👏👏👏
2026-05-03 13:36:01
0
Kyar mon chou :
နာမလည်ပါ
2026-04-16 15:26:22
0
Oo Zin lay :
သာဓုသာဓုသာဓု
2026-04-26 03:08:39
0
ဦးဇာနေယျ သဲဖြူကျောင်းဆရာတော် :
သာဓု သာဓု သာဓု
2026-04-22 08:38:58
0
Unyosaw :
🙏🙏🙏🙏🙏🙏သာဓုသာဓုသာဓုပါဘုရား
2026-04-18 13:59:16
0
အရှင်ဝေပုလ္လ :
သာဓုသာဓုသာဓုပါဘုရား
2026-05-01 16:29:04
0
Tay Zar Lin :
သာဓု သာဓု သာဓုပါဘုရား
2026-04-25 17:47:41
0
Thet Naing :
လက်ရှိဘဝမှာကိုယ်အပါဝင်များစွာ
ရှင်သောက(ဝေါ).
2026-04-16 13:48:50
2
la min pyae. :
မီးပုံကြီး ဥပမာပြတယ် တရားတော် မလားအဲတာ☺️
2026-05-29 04:18:58
0
ko kyaw swar :
🙏🙏🙏 တပည့်တော်ကို ရှဲ ခွင့်ပြုပါဘုရား🙏🙏🙏
2026-05-01 03:55:43
0
Utu :
ဒါကြောင့် ရဟန်းဘဝ မလွယ်တာ...
2026-04-16 07:16:42
0
Koko Zoelay :
🥰🥰🥰
2026-04-15 16:50:07
0
win Ko :
🙏🙏🙏
2026-04-15 23:44:18
1
zinhtet447000 :
🥰🥰🥰
2026-04-16 00:56:40
1
moon :
🙏🙏🙏🙏🙏🙏🙏
2026-05-25 07:55:58
0
ဉူးကုသလ :
🥰🥰🥰
2026-05-28 04:20:39
0
Khay mein :
🙏🙏🙏
2026-05-30 02:01:42
0
Htein Linn Aung :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-05-01 15:13:55
0
꧁༒ဓမ္မရာဇာ༒꧂ :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-05-01 13:22:15
0
မကွေးသားလေး ကောင်းစေသော်/စကု :
🥰🥰🥰
2026-05-01 23:12:34
0
ko kyaw swar :
🙏🙏🙏
2026-05-01 03:48:47
0
aye aye nwe :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-05-11 02:52:45
0
သတိရလိုက်တာအဖေနဲ့အမေရယ် :
🙏🙏🙏🙏🙏
2026-04-15 16:23:40
0
To see more videos from user @shinweatsada, please go to the Tikwm
homepage.