@santhawtar28: ကျူးလွန်သူတွေက နစ်နာသလို ဟန်ဆောင်ပြတဲ့အခါ ဒေါသထွက်ပြီး မပေါက်ကွဲလိုက်ပါနဲ့….။ တိတ်ဆိတ်ခြင်းနဲ့ဘဲ အေးအေးချမ်းချမ်းပြုံးနေလိုက်ပါ... ။ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို ကိုယ်ကိုယ်တိုင်သိသလို သူတို့ လည်း သိပါတယ် ပြီးတော့ ဝဋ်ကြွေးဆိုတဲ့အရာကလည်း သိပါတယ်...။ ကိုယ့်ကို မရွေးချယ်ခဲ့တာကိုလည်း အပြစ်မတင်ပါနဲ့၊ မျှော်လင့်ချက်ထားမိတဲ့ ကိုယ့်စိတ်ကိုဘဲ ထိန်းသိမ်းလိုက်ပါ..။ အတိတ်ဘဝက ကိုယ်မကောင်းခဲ့လို့ မကောင်းတဲ့သူနဲ့ ဆုံခဲ့ရ တယ်လို့ နှလုံးသွင်းနိုင်တဲ့အခါ အေးချမ်းမှုရပါလိမ့်မယ်.. ကျူးလွန်သူတွေဟာလည်း ကျူးလွန်ခဲ့တဲ့အရာတွေအတွက် အမြဲတမ်းပျော်နေရပါလိမ့်မယ်လို့ မထင်ပါနဲ့….။ ကျိန်စာလည်း မတိုက်ပါနဲ့ ဆုလည်းမတောင်းပေးပါနဲ့ ကိုယ့်ထံကို ပြန်လာနိုင်တဲ့ မည်သည့်အမှုမျိုးကိုမှ မပြုလုပ်တာ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံးပါ...။ ဘဝအသစ်တခုကို လိပ်ပြာလုံလုံနဲ့ စတင်ခွင့်ရတာဟာ ကံကောင်းခြင်းတမျိုးဘဲ မဟုတ်လား….။ လှလှပပရှင်သန်ပြပါ၊ အေးအေးချမ်းချမ်းနေထိုင်သွားပါ ပူလောင်မှု စိုးစဉ်းမျှ မရှိအောင်သာ နေထိုင်ပါ…။ ကိုယ့်အနီး နားမှာ အခုချိန်ထိ ရှိနေတဲ့အရာတွေကို အရင်ကထက်ပိုချစ် ပါ.... အကောင်းမြင်စိတ်ကို မွေးနိုင်သလောက်မွေးပါ .. ။ ကျွန်တော်တို့ရလိုက်တဲ့ အခွင့်ရေးတွေကို အကျိုးရှိရှိ အသုံးချ လိုက်ပါ....။ ကိုယ့်စိတ်အတွက် အညစ်ကြေးဖြစ်စေမဲ့အရာအားလုံးကို ရောက်လက်စနေရာမှာ ထားခဲ့ပါ... ထားခဲ့ခံရသူတွေမှာလည်း ထားခဲ့ရမယ့်အရာတွေ ရှိသင့်တယ် မလား #crd_to_owner_with_respect
THAW TAR NWE ☕
Region: MM
Thursday 16 April 2026 04:04:46 GMT
Music
Download
Comments
Hein Htet☪☪ :
ဘဝတွေရောအရာရာအားလုံးပေးဆပ်ပြီးချစ်ပေးခ့ဲတာတောင်ပြန်ရတာကဖောက်ပြန်ချင်တာလား စာသားလေးအရမ်းကြိုက်တယ်ဗျာ စာသားလေးချပေးပါလား
2026-04-17 10:40:53
31
Typing.... :
စာသားcopyပါရစေ🥰
2026-05-07 10:05:46
2
♊💔😌 :
အကုန်ပုံပီးချစ်ခဲ့တာ
သူလဲထားခဲ့ရော
ကိုယ့်မှာဘာမှကိုမကျန်ခဲ့တော့တာ
တင်းစရာအားတောင်မရှိတော့တာ😢
2026-04-17 10:25:53
4
𝒦💙 𝒜𝓊𝓃𝑔 𝒯𝒽𝓊 ♾️ :
လွမ်းစရာ ရှိရင် ကျေနပ်စရာနဲ့ ဖြေးသိမ့်လိုက်ပါနော်💪💪
2026-04-18 02:17:01
3
🥺🥺 :
စိတ်တူကိုယ်တူနေခဲ့ပီးမှ စိတ်မတူကိုယ်မတူလို့လမ်းခွဲချိန်မာ ဘာလို ့ခြပြနေလည်း
2026-05-14 03:00:38
2
Zin Zin Naing :
အားတင်းထားပါနော် အဆင်ပြေသွားမှာ 🥺💜
2026-04-18 02:49:38
2
🐭H🌻 :
copyယူသုံးမယ်နော်
2026-05-07 06:26:38
1
Thae Phyu Htwe ♥️ :
စာသားလေးကြိုက်လို့ယူသုံးမယ်နော် ☺️
2026-04-19 09:49:55
1
Capri♑ :
နာကျင်စရာတွေပြန်တွေးမိလာတိုင်းသူအဆင်ပြေပြေပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ဘဲ ဆုတောင်းပေးဖြစ်တော့တယ်
2026-05-03 02:58:41
3
Nyi saw🫗 :
ကျုးလွန်သူတွေကအမြဲတမ်ပျော်ခွင့်ရနေတာပဲ💔🥺
2026-04-29 21:12:23
4
ပျိုကညာ (ပြာကညို) :
copy ယူပါရစေ🫶
2026-04-19 11:36:35
2
𝔹𝕠𝕪✝️ :
2026-04-18 02:56:20
1
Yamin Sandar :
ကျူးလွန်သူကြီးတွေဘဲအမြဲပျော်နေကြတယ်🥹💔
2026-05-06 04:35:54
3
♥️^•^ Môñg ẞîß☘️ 🤍 :
စာသားလေးရချင်ပါတယ်ရှင့်🥰
2026-05-14 09:57:31
1
🥑Ĥ🥑 :
vd လေးပြန်တင်ချင်လို့ရှင့်
2026-05-02 10:38:37
1
🤍T🤍 :
vdလေးယူသုံးမယ်နော်🙏
2026-05-02 13:24:59
1
Tee TeePor💐 :
ဘာစာသားလဲကွာတော်တော်feelရတယ်😢
2026-04-29 10:15:17
1
နေရာဟောင်းလေး :
right
2026-04-18 02:46:16
1
Hnin Nwe Oo :
လိပ်ပြာလုံနိုင်ပါစေ
2026-04-17 09:54:53
2
khaing lay@@@(mogok thu) :
ဟုတ်ကဲ့🥰
2026-04-17 14:05:36
1
poe poe :
ကိုယ်သူ့ကိုပြောချင်နေတဲ့စကားပဲ ကိုယ်တွေရအရာရာကောင်းပေးခဲ့လို့လိပ်ပြာလုံခဲ့ပါတယ် မလုံတာရ သူပါ
2026-04-27 11:04:30
2
🌻🍁Capri.lily 96🍁🌻 :
ဟုတ်တယ် လိပ်ပြာသန့်သန့်နဲ့ပဲ ဘဝကိုဖြတ်သန်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်
2026-04-19 02:18:40
3
Mg paing‼️ :
ဒီလမ်းကြီးက ဝမ်းနည်းစရာပါ🥺
2026-04-17 13:00:11
1
Mama&mini🐻🤎 :
ပြန်တင်မယ်နော်
2026-04-20 02:42:00
1
🪼YAR YAR🪼(RAKHINE)🪺 :
အဆင်ပြေရဲ့လားာအမယေ🥺🥰
2026-04-16 07:21:33
2
To see more videos from user @santhawtar28, please go to the Tikwm
homepage.