@onpeace14: ညွှန်း။ မဟာစည်ဆရာတော် ၏ ဝိသုဒ္ဓိမဂ် မြန်မာပြန်(ပတွဲ-၁၆၉ မှ ၁၈၁) မှ ထုတ်နှုတ်တင်ပြပါသည်။ အခါတပါး၌ မြတ်စွာဘုရားရှင်သည် ရဟန်း တို့အား မေးတော်မူ၏။ ၁- “ရဟန်းတို့ ရဟန်းတစ်ပါးသည် တခဲနက် သောမီးပုံကြီးကို ပွေ့ဖက်လျက်နေခြင်း နှင့် သမီးကညာကို ပွေ့ဖက်လျက်အိပ်နေခြင်း ဟူသော အခြင်းအရာနှစ်မျိုးတို့တွင် အဘယ်က ကောင်းမြတ်သနည်း”ဟု မေး တော်မူရာ ရဟန်းတို့က“သမီးကညာကိုပွေ့ဖက်လျှက်နေရခြင်းက ကောင်းမြတ်ပါသည်၊မီးပုံကြီးကိုပွေ့ဖက်၍နေရခြင်းသည် ဆင်းရဲလှပါသည်ဘုရား”ဟု လျှောက်ထားကြလေသည်။ ၂- “ရဟန်းတို့၊ အားကောင်းသော ယောက်ျားသည် ခိုင်ခံ့စွာသောသာမြီးကြိုး ဖြင့် ခြေသလုံးနှစ်ဖက်တို့ကို ရစ်ပတ်၍ ပွတ်ဆွဲရာ ထိုသားမြီးကြိုးသည် အပေါ်အရေပါးကိုဖြတ်ပြီး အတွင်းအရေထူကိုဖြတ်ရာ၏၊ အသားကိုဖြတ်ရာ၏၊ အကြောကိုဖြတ်ရာ၏၊ အရိုးကိုဖြတ်ရာ၏၊ ရိုးတွင်းချဉ်ဆီကိုထိဆိုက်၍တည်ရာ၏။ သို့မဟုတ် ခတ္ထိယံ၊ ဗြဟ္မဏ၊ သူဌေးသူကြွယ် လူအပေါင်းတို့၏ ရှိခိုးခြင်းကို (ဒုဿီလရဟန်းသည်) သာယာလက်ခံရာ၏။ထိုနှစ်မျိုးတွင် အဘယ်သည်ကောင်းမြတ် သနည်း။ ၃- "ရဟန်းတို့၊ အားကောင်းသောယောကျ်ား သည် ထက်စွာသောလှံ၀ဖြင့် ရင်ဝအလယ်တည့်တည့်၌ ထိုးရာ၏၊ သို့မဟုတ် မင်း၊ သူဌေးသူကြွယ်စသော လူအပေါင်းတို့၏ လက်အုပ်ချီခြင်းအမှုကို (ဒုဿီလရဟန်းသည်) သာယာလက်ခံ၏၊ထိုနှစ်မျိုးတွင် အဘယ်သည်ကောင်းမြတ်သနည်း" ၄- "ရဟန်းတို့၊ အားကောင်းသောယောက်ျားသည် မီးလျှံတို့ဖြင့် တခဲနက်ပူပြင်းသောသံပြားဖြင့် ကိုယ်ကိုရစ်ပတ်ရာ၏၊ သို့မဟုတ် လူတို့က ယုံကြည်ကြည်ညိုကိုးကွယ်သဖြင့် ပေးလှူအပ်သောသင်္ကန်းကို (ဒုဿီလရဟန်းသည်) သုံးဆောင်ရာ၏၊ ထိုနှစ်မျိုးတွင် အဘယ်သည်ကောင်းမြတ်သနည်း” ၅- “ရဟန်းတို့၊ အားကောင်းသောယောက်ျားသည် မီးလျှံကဲ့သို့သော သံညှပ်ကြီးဖြင့် ခံတွင်းကိုဖွင့်၍ မီးလျှံကဲ့သို့သောသံတွေခဲများကို ခံတွင်း၌ထည့်ရာ၏၊ ထိုသံတွေခဲတို့သည် ထိုရဟန်း၏ခံတွင်းကို လည်းလောင်ရာ၏၊ လျှာကိုလည်းကောင်း၊လည်ချောင်းကိုလည်းကောင်း၊ ၀မ်းဗိုက်ကိုလည်းကောင်းလောင်ရာ၏။ အူသိမ်အူမတို့ကို ပျက်စီးစေ၍ အောက်ပေါက်မှထွက်သွားရာ၏၊သို့မဟုတ်.. လူအပေါင်းတို့ ယုံကြည်ကြည်ညို၍လှူ အပ်သောဆွမ်းကို (ဒုဿီလရဟန်းသည်) သုံးဆောင်ရာ၏၊ ထိုနှစ်မျိုးတို့တွင် အဘယ်သည်ကောင်းမြတ်သနည်း” ၆- “ရဟန်းတို့၊ အားကောင်းသောယောက်ျားသည် ဦးခေါင်းကိုဖြစ်စေ၊ လည်ကုတ်ကိုဖြစ်စေချုပ်ကိုင်၍ မီးလျှံအပေါင်းနှင့်ရဲရဲတောက်လောင်နေသကဲ့သို့ သော သံညောင်စောင်း၌လည်းကောင်း၊သံအင်းပျဉ်၌သော်လည်းကောင်း၊ ထိုင်စေ၊ အိပ်နေစေရာ၏၊ (အတင်းအကြပ်လုပ်ဆောင်၏)၊ သို့မဟုတ် လူအပေါင်းတို့ ယုံကြည်ကြည်ညို၍ လူ့ အပ်သောညောင်စောင်း၊ အင်းပျဉ်တို့ကို (ဒုဿီလရဟန်းသည်) သုံးဆောင်ရာ၏၊ ထိုနှစ်မျိုးတို့တွင် အဘယ်သည်ကောင်းမြတ်ပါသနည်း" ၇- "ရဟန်းတို့၊ အားကောင်းသောယောက်ျားသည် ခြေထောက်မှ ဇောက်ထိုးဆွဲ၍ တခဲနက်မီးလျှံတို့ဖြင့် သံရည်ပူအိုးကြီးထဲသို့ပစ်ချရာ၏၊ အမြှုပ်တစီစီထ လျက် ကျက်သည်ဖြစ်၍ပေါ်လိုက်မြုပ်လိုက်ဖြစ်၏၊ သို့မဟုတ်.. လူအပေါင်းတို့က ယုံကြည်ကြည်ညို၍ လှူအပ်သောကျောင်းကိုသုံးဆောင်ရွာ၏၊ (ဒုဿီလရဟန်းသည်) ထိုနှစ်မျိုးတို့တွင် အဘယ်သည်ကောင်းမြတ်ပါသနည်း" ဤသို့သောမေးခွန်းများကို မေးတော်မူပြီးနောက် ၁- သီလပျက်သော ဒုဿီလရဟန်းအတွက် မီးပုံကြီးကိုပွေ့ဖက်ရခြင်းကြောင့် ခံစားရသောဒုက္ခထက်၊ ကာမချမ်းသာကို မစွန့်ခြင်းကြောင့် ခံစားရမည့် အပါယ်ဆင်းရဲက ပိုကြီးကြောင်း၊ ၂- သီလပျက်သော ဒုဿီလရဟန်းအတွက် ကြမ်းတမ်းသောသားမြီးကြိုးဖြင့်ပွတ်တိုက်ဆွဲခြင်းကြောင့်ဖြစ်သော ဆင်းရဲထက် လူတို့၏ရှိခိုးခြင်းကို သာယာလက်ခံခြင်းကြောင့် ခံစားရမည့်အပါယ်ဆင်းရဲက ပိုမိုလွန်ကဲကြောင်း၊ ၃- သီလပျက်သော ဒုဿီလရဟန်းအတွက် ရင်ဝကို လှံမဖြင့်ထိုးဆွခံရခြင်းဆင်းရဲထက်၊ လူတို့၏ လက်အုပ်ချီခြင်းကို သာယာလက်ခံခြင်းကြောင့်ခံစားရမည့် အပါယ်ဆင်းရဲကလွန်ကဲကြီးမားကြောင်း၊ ၄- (ကိုယ်နှုတ်နှလုံးကို မစောင့်သောရဟန်းသည်) လူတို့ပေးလှူအပ်သော သင်္ကန်းကိုသုံးဆောင်ခြင်းကြောင့် ငရဲ၌မီးအလျှံတို့ တောက်လောင်နေသောသံပြားဖြင့် ရစ်ပတ်ထားခြင်းကို ကာလရှည်မြင့်စွာခံစားရမည် ဖြစ်၍ ထိုရဟန်း၏ ယခုအချိန်တွင် သင်္ကန်းကိုသုံးဆောင်ရခြင်းသည် ချမ်းသာသည်မဟုတ်၊ စင်စစ်ဆင်းရဲသာဖြစ်ကြောင်း၊ ၅- သီလမရှိသောရဟန်းသည် လူတို့လှူ တန်းအပ်သော ဆွမ်းကို သုံးဆောင်ခြင်း ကြောင့် ငရဲ၌ကျရောက်လျက် ရဲရဲတောက် ကုန်သော သံတွေခဲတို့ကို ကာလရှည်မြင့်စွာ မျိုကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူတို့ လှူအပ်သော ဆွမ်းသည် အရသာကောင်းလှ ပါသော်လည်း လတ်တလော သေစေတတ် သော အဆိပ်နှင့်တူကြောင်း၊ ၆- ဒုဿီလရဟန်းသည် လူတို့ပေးလျှ အပ်သော ညောင်စောင်း၊ အင်းပျဉ်တို့ ကို သုံးဆောင်ခြင်းကြောင့် ငရဲသို့ကျ ကာ မီးလျှံတို့ဖြင့် တောက်လောင်နေ သော သံညောင်စောင်း၊ သံအင်းပျဉ်တို့၌ ဆင်းရဲတို့ဖြင့် ကြာမြင့်စွာ နှိပ်စက်ခြင်း ခံရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဘဝ၌ ညောင်စောင်း၊ အင်းပျဉ်တို့ကို သုံးဆောင်နေရခြင်းသည် ချမ်းသာသည် ထင်မှတ်ရသော်လည်း အမှန်မှာ ဆင်းရဲသာ ဖြစ်ကြောင်း၊ အဂုုတ္တိုရ်ပါဠိတော် #တရားတော်များ #မဟာမြေ Credit to original uploader,

🪔🎇
🪔🎇
Open In TikTok:
Region: JP
Friday 17 April 2026 19:45:33 GMT
7132
473
8
31

Music

Download

Comments

htein.linn.aung80
Htein Linn Aung :
ဝိသုဒ္ဓိမဂ်စာအုပ်အလှူခံချင်ပါတယ်
2026-05-31 18:53:51
0
chelsea.fan96
အောင်ထွန်း :
ကြောက်စရာကြီး
2026-05-04 09:09:18
0
zwe...tin....2025
Kantharyar1 :
အမှန်ပါပဲ စာသင်သားဘဝမို့ မကင်းနိုင်သေးပေမဲ့ စွန့်နိုင်တဲ့တစ်နေ့ မိမိရဲ့ ခန္ဓာငါပါး ရုပ်နာမ် နှစ်ပါးကိုပါ ဘုရားကို အပီးလှူဖို့ ရည်ရွယ်ထားပါတယ် 🙏🙏🙏မိမိဂုဏ်ကိုဖော်တာမဟုတ်ပါဘူး လူဆိုတာ အမှားနဲ့ မကင်းပါဘူး လောကဝဇ္ဇ ပညတ်တွေကိုတော့ အသက်နဲ့ ရင်းပီးကာကွယ်ပါ့မယ် ကျန်တာတွေကိုတော့ အကြောင်းအကျိုးသဘောပါပဲ 🙏🙏🙏အမှားပါရင် ခွင့်လွတ်ပါ🙏🙏🙏
2026-05-03 13:06:22
3
pyagdud
ကျမကတုံးမပါရှင့်🤫😖 :
စာသားလေးလင့်လေးပေးပါလား
2026-04-18 05:44:05
1
zaw1847
🐸 Ko Aung :
🥰🥰🥰
2026-05-13 13:52:15
0
tinmoe288
tinmoe288 :
🥰🥰🥰
2026-05-07 01:16:54
0
min.khant.ko796
min khant ko :
❤️❤️❤️
2026-05-07 06:39:47
0
To see more videos from user @onpeace14, please go to the Tikwm homepage.

Other Videos


About