@seniorwilliamm: ကိုယ်တိုင်ဖျက်စီးလို့ရသလို ကိုယ်တိုင်သေချာပြန်လည်ပြင်ဆင်လို့ရတာ ကျွန်တော်တို့ရဲ့ ဦးနှောက်ပဲဖြစ်ပါတယ်။ လူတော်တိုင်းကလည်း ကျွန်တော်တို့အများစုထင်သလို မွေးရာပါတော်နေတာမျိုးမဟုတ်ပါဘူး၊ ဦးနှောက်ကို စနစ်တကျပြင်ဆင် Rewire လုပ်ထားခြင်းသာဖြစ်တယ်၊ တိကျတဲ့ Rewire လုပ်နိုင်ခြင်းက လူတစ်ယောက်ကို ပါရမီပါလာတယ်ထင်ရလောက်တဲ့အထိတော်လာနိုင်မယ်လို့ Robert Greene ရဲ့ Mastery စာအုပ်အရသိရပါတယ်။ ဒါဆို ကိုယ့်ဦးနှောက်ကို ဘယ်လို အထိရောက်ဆုံး ပြင်လည်ပြန်ဆင်နိုင်မလဲ? Robert Greene ပြောထားတဲ့ ဒုတိယအချက်အရဆိုရင် Repitition လို့ခေါ်တဲ့ ထပ်ခါထပ်ခါလုပ်ခြင်းပဲဖြစ်ပါတယ်။ လုပ်ရပ်တစ်ခုကို ထပ်ခါထပ်ခါလုပ်တဲ့အခါ ကျွန်တော်တို့ရဲ့ အာရုံကြောစနစ်ထဲမှာ Myelin (မိုင်အယ်လ်လင်) လို့ခေါ်တဲ့ အလွှာတစ်ခုဖြစ်လာပါတယ်။ Myelin က လုပ်ရပ်တစ်ခုကို မြန်မြန်ဆန်ဆန်နဲ့ စဉ်းစားစရာမလိုပဲလုပ်ဆောင်နိုင်အောင် ကူညီပေးတဲ့အရာပါ။ ဥပမာဆိုရင် ကားမောင်းနေတာကြာတဲ့လူတစ်ယောက်က ကားမောင်းတာကို စဉ်းစားစရာမလိုပဲမောင်းနှင်လာနိုင်တာပဲဖြစ်ပါတယ်။ ပညာရပ်တစ်ခု၊ နယ်ပယ်တစ်ခုမှာလည်းထိုနည်းတူပါပဲ။ ပျင်းစရာအကောင်းဆုံးအရာကို နေ့တိုင်းထပ်ခါထပ်ခါလုပ်ဆောင်ခြင်းကသာ ဦးနှောက်ကို အထိရောက်ဆုံး ပြင်လည်ပြန်ဆင်ခြင်းဖြစ်ပါတယ်။ ဒါကတော့ နယ်ပယ်တစ်ခုရဲ့ထိပ်ဆုံးအနေအထားမရောက်ခင် ဖြတ်သန်းရမယ့် ဒုတိယခြေလှမ်းဖြစ်ပါတယ်။ Robert Greene ရဲ့ Mastery စာအုပ်အပြည့်အစုံကို Private Readers Club မှာဝင်ဖတ်နိုင်ပါတယ်ခင်ဗျာ။ Private Readers Club အကြောင်းအသေးစိတ်အတွက် ⬇️👇🏻 Telegram account - @srwilliam99 #fyp #motivation #wealth #ebook
Sr.William
Region: TH
Saturday 18 April 2026 02:43:14 GMT
Music
Download
Comments
kiwi🥝 :
Thanks .
2026-04-30 05:50:39
0
To see more videos from user @seniorwilliamm, please go to the Tikwm
homepage.