@xmfiiww_: #yakaligafyp #fypdonggggggg

Mfiiwww
Mfiiwww
Open In TikTok:
Region: ID
Saturday 18 April 2026 09:26:03 GMT
693
73
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @xmfiiww_, please go to the Tikwm homepage.

Other Videos

#ရေကြီးမလား#savelaymyathnar #ရေဘေးကင်းဝေးကြပါစေ #fypシ゚ #လူနီမော်  မြစ်ရေကြီး-မကြီး တွက်သည့်နည်း ``အောင်၊ကျော်-ရေငယ် စ၊လယ်-ရေလတ် မြတ်၊သာ၊ထွန်း-ရေကြီး
#ရေကြီးမလား#savelaymyathnar #ရေဘေးကင်းဝေးကြပါစေ #fypシ゚ #လူနီမော် မြစ်ရေကြီး-မကြီး တွက်သည့်နည်း ``အောင်၊ကျော်-ရေငယ် စ၊လယ်-ရေလတ် မြတ်၊သာ၊ထွန်း-ရေကြီး" အဲဒီနည်းက နှစ်ဆန်းတစ်ရက် အခြေခံတဲ့နည်းပါဗျ။တွက်ကြည့်ကြပါ။ ၁၃၈၈ ခုနှစ်ရဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဟာ "သောကြာနေ့" (ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ဖြစ်ပါတယ်။ မြတ်(ကြာသပတေး)၊သာ(သောကြာ)၊ထွန်း(စနေ) -ရေကြီး ဆိုတော့ သောကြာ ဆန်းလို့ ရေကြီးရေလျှံဖြစ်ပါမယ်ဗျ။ ----------+++------- ဥပုသ်နေ့ ရေတက်လျှင် နောက်ရက် ဆက်တက်တတ်ပါတယ်။ --------++++-------- နောက် တစ်နည်းက "တနင်္ဂနွေ နှစ်ဆန်းသော်၊ ရေအိုင်တူးရအံ့။ တနင်္လာ နှစ်ဆန်းသော်၊ မြစ်ချောင်းလျှံအံ့။ အင်္ဂါ နှစ်ဆန်းသော်၊ ချောင်းရိုးခန်းအံ့။ ဗုဒ္ဓဟူး နှစ်ဆန်းသော်၊ မိုးသက်မုန်တိုင်း ထူအံ့။ ကြာသပတေး နှစ်ဆန်းသော်၊ မိုးကောင်းအံ့။ သောကြာ နှစ်ဆန်းသော်၊ အိုင်ပျက်အံ့။ စနေ နှစ်ဆန်းသော်၊ မိုးခေါင်အံ့။" နောက် တစ်နည်း ​သင်္ကြန်အတက်နေ့ ဘာနေ့ကျလဲအပေါ် မူတည်ပြီး ရေအနက်ကို (အတောင်) နဲ့ တိုင်းတာတွက်ချက်တဲ့ ရှေးရိုးစာဆိုလည်း ရှိပါသေးတယ်။ ​"ဗုဒ္ဓဟူး တက်၊ ရေ ခြောက်တောင်။ ကြာသပတေး တက်၊ ရေ ခုနစ်တောင်။ သောကြာ တက်၊ ရေ ရှစ်တောင်။ စနေ တက်၊ ရေ ကိုးတောင်။ တနင်္ဂနွေ တက်၊ ရေ ငါးတောင်။ တနင်္လာ တက်၊ ရေ လေးတောင်။ အင်္ဂါ တက်၊ ရေ သုံးတောင်။" နောက်တစ်နည်း "အရှေ့လှည့်သော် မိုးဦးကောင်း၊ အနောက်သော် မိုးနှောင်းမှန်။ တောင်လှည့်သော် မိုးလယ်လိုက်၊ မြောက်လှည့်သော် မိုးမသိုက်။" မိုးဦး၊ မိုးလယ် ဇူလိုင်/ဩဂုတ်လတွေမှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမယ့်နှစ်ဆိုရင် ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေဟာ သတ်မှတ်စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး နှစ်စဉ် ရေကြီးရေလျှံမှုတွေ ကြုံရတတ်ကြောင်း ကြိုတင်ပြင်ဆင်ကြတာ ဖြစ်ပါတယ်။ လူကြီးမိဘများ၏ အမြင်: ရှေးတောင်သူကြီးများသည် ဤစာဆိုများကို အလွတ်မှတ်သားပြီး သင်္ကြန်စာထွက်သည်နှင့် "ဒီနှစ်တော့ဖြင့် ဘာနေ့နှစ်ဆန်းတာမို့ မြစ်ရေလျှံနိုင်တယ်၊ ကမ်းပါးပြိုတာနဲ့ ရေဝင်တာကို သတိပြုရမယ်"  ၁၃၈၈ ခုနှစ်ရဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဟာ "သောကြာနေ့" (ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ဖြစ်ပါတယ်။ ၁။ရှေးရိုးစာဆိုလင်္ကာအရ - "သောကြာ နှစ်ဆန်းသော်၊ အိုင်ပျက်အံ့။" အဓိပ္ပာယ် ဖွင့်ဆိုချက်: "အိုင်ပျက်အံ့" ဆိုသည်မှာ ရေကန်၊ ဆည်တမံနှင့် လယ်ကန်သင်းများ ရေဒဏ်ကြောင့် ကျိုးပျက်ခြင်း၊ ရေအိုင်ကြီးများ လျှံထွက်ခြင်းကို ဆိုလိုပါတယ်။ သောကြာနေ့ နှစ်ဆန်းတဲ့နှစ်မျိုးမှာ မိုးရေချိန် လက်မ အလွန်များတတ်ပြီး မြစ်ချောင်းအိုင်များတွင် ရေအလုံးအရင်းနှင့် စီးဆင်းလာတတ်ကြောင်း ညွှန်ပြနေပါတယ်။ ၂။ သင်္ကြန်အတက်နေ့အပေါ် အခြေခံ၍ ရေအတောင်တွက်ခြင်း ၁၃၈၈ ခုနှစ်ရဲ့ သင်္ကြန်အတက်နေ့ဟာ "ကြာသပတေးနေ့" (ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်) ဖြစ်ပါတယ်။ ရှေးရိုး "ဗေဒါ" စာဆိုလင်္ကာအရ - "ကြာသပတေး တက်၊ ရေ ခုနစ်တောင်။" ခန့်မှန်းချက်: ရှေးတွက်ရိုးအရ အများဆုံး ရေကိုးတောင်အထိ ရှိသည့်အနက် ယခုနှစ်သည် "ရေခုနစ်တောင်" ရရှိသဖြင့် ရေအဝင်အထွက် အလွန်ကောင်းပြီး ရေများမည့် နှစ်မျိုး ဖြစ်ပါတယ်။ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ အလုံးအရင်းနှင့် တက်လာနိုင်ချေ ရှိပါတယ်ဗျာ။ ၃။ နဂါးဦးခေါင်းလှည့် လင်္ကာအရ တွက်ချက်ခြင်း ယခု ၁၃၈၈ ခုနှစ် သင်္ကြန်စာအရ နဂါးမင်းသည် "အနောက်ဘက်သို့ ဦးခေါင်းလှည့်၍"  လင်္ကာအရ - "အနောက်သော် မိုးနှောင်းမှန်။" ခန့်မှန်းချက်: မိုးဦးနှင့် မိုးလယ်တွင် မိုးပုံမှန်သာ ရွာသွန်းနိုင်သော်လည်း၊ မိုးနှောင်းကာလ (စက်တင်ဘာ၊ အောက်တိုဘာ) ဘက်တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး မိုးကြီးတတ်ပါတယ်။ ထို့ကြောင့် ယခုနှစ်တွင် မိုးနှောင်းကာလ မြစ်ရေကြီးမှုနှင့် ရေလျှံမှုများကို ပိုမိုသတိပြု ပြင်ဆင်ရမည့် သဘောရှိပါတယ်။ အထူးသဖြင့် မြစ်ဝှမ်းဒေသတွေမှာ "ဗုဒ္ဓဟူး မိုး၊ သောကြာ ရေ" ဆိုတဲ့ စကားလိုမျိုး၊ ဒါမှမဟုတ် "သောကြာ နှစ်ဆန်း၊ ကန်သင်း ကွဲပြို၊ ရေအိုင်တိုလည်း ပျက်အံ့ ​အောင် (၁ = တနင်္ဂနွေ)၊ ကျော် (၂ = တနင်္လာ)  ရေငယ်အံ့ - ပုံမှန်သာရေကြီးမည့်နှစ်။ ​စ (၃ = အင်္ဂါ)၊ လယ် (၄ = ဗုဒ္ဓဟူး)  ရေလတ်အံ့ ပုံမှန်ထက် အနည်းငယ် ပိုကြီးပါမယ်။ အလယ်အလတ်သာ ရေကြီးမည့်နှစ်။ ​မြတ် (၅ = ကြာသပတေး)၊ သာ (၆ = သောကြာ)၊ ထွန်း (၇ = စနေ) ရေအကြီးဆုံးနှစ်ဖြစ်အံ့ ​🧮 ယခု ၁၃၈၈ ခုနှစ်အတွက် တွက်ချက်ပုံ ​ယခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် "သောကြာနေ့" ဖြစ်ပါတယ်။ ​သောကြာနေ့ရဲ့ နေ့နံသင်္ချာက (၆) ဖြစ်ပါတယ်။ ​လင်္ကာအရ"မြတ်၊ သာ၊ ထွန်း - ရေကြီး" ဟု ပါရှိသည့်အတွက် "သာ (သောကြာနေ့)" နှစ်ဆန်းသည့် ယခုနှစ်သည် "ရေအကြီးဆုံး နှစ်" ဖြစ်ကြောင်း - ပုံမှန်လင်္ကာအရ: "သောကြာ နှစ်ဆန်းသော်၊ အိုင်ပျက်အံ့" (ရေကြီး၊ ကန်သင်းကျိုး၊ဆည်တာပေါင်ကျိုးအံ့) ကြာသပတေး အတက်နေ့ ဖြစ်၍ "ရေ ၇ တောင်" (ရေများ/ရေကြီး)  "မြတ်၊ သာ၊ ထွန်း - ရေကြီး" ထဲက "သာ (သောကြာ)  ဆန်းသည့်အတွက် ရေအကြီးဆုံး နှစ် ဖြင်ပါကြောင်း။ ‌ရန်သူမျိုးငါးပါး ကင်းဝေးကြပါစေ။ ရေဘေး အန္တရာယ် ကင်းဝေးကြပါစေ။ လူနီမော်

About