@black46543: မင်းနဲ့တွေ့ခဲ့တာကို တစ်ခါမှ နောင်တမရှိခဲ့ဘူး… မင်းနဲ့တွေ့ခဲ့ရတဲ့ အချိန်တွေက ကိုယ့်ဘဝထဲမှာ မေ့မရတဲ့ အမှတ်တရတွေ ဖြစ်ခဲ့လို့ပါ။ ပျော်ခဲ့တဲ့ အချိန်တွေ၊ ရယ်ခဲ့တဲ့ အခိုက်အတန့်တွေ၊ မင်းနဲ့အတူ ဖြတ်သန်းခဲ့တဲ့ နေ့ရက်တိုင်းကို ကိုယ် တန်ဖိုးထားခဲ့တယ်။ ဒါပေမဲ့ မင်းဘဝထဲကို ငါဝင်လာခဲ့ပြီးနောက် မင်းကို ပျော်ရွှင်စေမယ့်သူ မဖြစ်နိုင်ခဲ့ဘူးထင်တယ်… မင်းမျက်နှာပေါ်က အပြုံးတွေ တဖြည်းဖြည်း ပျောက်သွားတာကို မြင်ရတဲ့အခါ ကိုယ့်စိတ်ထဲမှာလည်း နာကျင်မှုတွေ တဖြည်းဖြည်း တိုးလာခဲ့တယ်။ တစ်ခါတစ်လေ မင်းဘဝထဲ မဝင်လာခဲ့ဘူးဆိုရင် မင်း ဒီထက် ပိုပျော်ရွှင်နေနိုင်မလားလို့ ကိုယ် ကိုယ့်ကိုယ် မေးနေမိတယ်… မင်းကို ချစ်ခဲ့တာ အမှန်ပဲ ဒါပေမဲ့ အဲ့ဒီအချစ်က မင်းကို ပျော်ရွှင်မှုထက် နာကျင်မှု ပိုပေးခဲ့မိရင် အဲ့ဒါက ကိုယ့်အမှား ဖြစ်သွားခဲ့တယ်။ မင်းနဲ့တွေ့ခဲ့တာကို တစ်ခါမှ နောင်တမရှိပေမဲ့… မင်းဘဝထဲကို ဝင်လာခဲ့ပြီး မင်းကို မပျော်ရွှင်စေခဲ့တဲ့သူ ဖြစ်ခဲ့ရင် အဲ့ဒီအတွက်တော့ တကယ်ပဲ နှလုံးသားအပြည့်နဲ့ တောင်းပန်ပါတယ်။
Black🍀
Region: TH
Sunday 19 April 2026 08:08:05 GMT
Music
Download
Comments
ပုံရိပ်🦀🇲🇲အိမ်ပြေး🇹🇭👀 :
စာသားcopyလေးချပေးပါလားဗျာ😢😢😢
2026-04-25 20:53:23
0
Phyu Lay :
ကိုယ့်ချစ်တဲ့သူနားနေရတာကံကောင်းဆုံး
2026-05-29 17:25:29
0
𝑲𝒐 𝑷𝒉𝒚𝒐 ✌️ 𝑼𝑵𝑰𝑻𝑬𝑫 :
စားသားလေးcopyချပေးပါလား🥺🥺
2026-04-21 12:45:10
1
Billy :
@Narri🌷🫧 🤗
2026-06-08 15:38:23
1
♡⑅⃝ɕʉาɛ_S𝓱ᶤᶰeʟǟʏ :
♥️♥️♥️
2026-04-19 09:20:55
1
Thoonyadi2026 :
😳
2026-05-11 15:15:59
0
အမုန်းမရှိတဲ့ ရင်ခွင့်💔🥺 :
🥰🥰🥰
2026-05-28 14:28:29
1
To see more videos from user @black46543, please go to the Tikwm
homepage.