@yeiknyain: ဆယ်ငါးနှစ်လောက် ငွေနောက်အသဲအသန် လိုက်ခဲ့တယ် ။ ငါ့မှာလိုချင်တာတွေကို လုံလုံလောက်လောက် ဖြည့်နိုင်ပြီလို့ ထင်ရတဲ့အချိန် ဘာလိုချင်မှန်းမသိတော့ဘူး.. တဲ့ ။ အရမ်းခင်ရတဲ့ အကိုသူငယ်ချင်းတစ်ယောက် ပြောတဲ့ စကားလေးပါ ။ သူက အသက်နှစ်ဆယ်လောက်ကတည်းက နိုင်ငံခြားထွက်ပြီးစီးပွားရှာခဲ့တာ မိသားစုရော ချစ်သူခင်သူတွေရောကို အကုန်စွန့်ပြီးပေါ့ ။ ခုဆို အသက်အားဖြင့် 40 နားကပ်နေပြီ လူ့ဘဝသက်တမ်းတစ်ဝက်မကတော့ဘူးပေါ့ဗျာ ။ ငွေကြေးအရ လိုချင်တာကိုစဥ်းစားစရာမလိုပဲ ဝယ်နိုင်တဲ့အနေထားလည်းရောက်ရော သူဘာလိုချင်မှန်းမသိတော့ဘူး တဲ့ ။ တကယ်က သူ ပိုက်ဆံရှိရင် ဘာမဆိုရမယ်လို့ထင်ထား ခဲ့တာ ။ ပျော်ရွှင်မှုတွေ လွတ်လပ်မှု ငယ်ရွယ်မှု နွေးထွေးမှု မေတ္တာတရားနဲ့ စိတ်ခံစားမှုတွေ ပေါ့ ။ ငွေနောက်လိုက်တဲ့လမ်းမှာ ငွေနဲ့ပေးဝယ်မရတာတွေကို ကျောခိုင်းထားမိခဲ့တာ ။ "ကာလတစ်ခုမှာ အဲ့ကာလနဲ့လိုက်လျောညီထွေတဲ့ ဘဝတစ်ခုကို ရယူသင့်တယ် ။ မဟုတ်ပဲ ဦးတည်မှုတစ်ခုနောက်အငမ်းမရလိုက်ရင် လူဖြစ်ရှုံးတာပဲ"..တဲ့ ။ ဟုတ်တယ်ဗျ ။ ကျနော်တို့ အသက်အရွယ်အလိုက် ဆိုးမိုက်မှုတွေ ရူးသွပ်မှုတွေ အမှန်တွေအမှားတွေဟာ တကယ်တော့ အမှတ်တရတွေပါပဲ ။ ဘာနဲ့မှ လဲယူလို့မရ ငွေနဲ့လည်းဝယ်လို့မရတဲ့အထဲမှာ အသက်အပိုင်းအခြားတစ်ခုရဲ့ ပကတိအတိုင်း ကျော်ဖြတ်ခြင်းတွေပါတယ် ။ စိတ်ခံစားမှုအတိုင်း ပျော်ဝင်ပစ်ခြင်းတွေပါတယ်။ လုပ်မိလို့ရတဲ့ နောင်တထက် မလုပ်မိလို့ရတဲ့ နောင်တတွေက ပိုဆိုးတယ် ။ "ငါသာပြန်ငယ်လို့ရရင် ငွေကိုအသဲအသန်ရှာမိတဲ့ အချိန်တွေအထဲကနေ သုံးပုံးနှစ်ပုံကို မိသားစု ငါ့သူငယ်ချင်းတွေ ငါချစ်ရတဲ့သူတွေအတွက်ပေးပစ်ချင်တယ်".. တဲ့ ။ မရတော့တဲ့အရာတွေ သူဝယ်လို့မရတဲ့ အရာတွေပါပဲ ။ သူ့ မိသားစုတွေလည်းလူမစုံတော့ဘူး သူ့သူငယ်ချင်းတွေလည်းလူမစုံတော့ဘူး နောက်ဆုံး သူကိုယ်တိုင်လည်း ပြန်ရောက်အောင်သွားလို့မရတော့ဘူး ။ ဘယ်နည်းနဲ့မှ ရှာဖွေလို့ပေးဆပ်လို့မရတော့ဘူး ။ လောကမှာ ငွေက အရာရာပဲ ဆိုတာ မှန်သင့်သလောက်မှန်ပါတယ် ။ ဒါပေမယ့် ငွေရှိတိုင်းမရတာတွေလည်း အများကြီးရှိတယ် ။ လိုပါတယ် ကျနော်တို့ရှာဖွေရလိမ့်မယ် ။ ရှာဖွေရင်း မပျောက်ဆုံးအောင်ဂရုစိုက်ရမယ့်အရာတွေ လက်လွှတ်မခံရမယ့်အရာတွေလည်း ရှိတယ်ဆိုတာမမေ့ပါနဲ့ ..။ #ရိပ်ငြိမ်

Yeik Nyain -ရိပ်ငြိမ်-
Yeik Nyain -ရိပ်ငြိမ်-
Open In TikTok:
Region: MM
Tuesday 21 April 2026 09:42:07 GMT
30813
1279
15
126

Music

Download

Comments

paing.htet.oo08
Ñĝâ Pâîñĝ :
တဂယ်တမ်းတော့ လူတွေဟာ လိုချင်တာထက် လိုအပ်နေတာကို ဖြည့်စည်းရ ရင် ပို ပျော်နေတတ်ပါတယ် လိုချင်တာရလို့ပျော်ရတာက ရှေ့လျှောက် ပူရသေးတယ် လိုအပ်တာကိုဖြည့်စည်းရတာက အဲ့နေရာလေးအတွက် မပူရတော့ ပိုပျော်စရာကောင်းတယ်ဗျ ဒါပေမဲ့လည်း ရှာနေတာတော့ မရပ်ရဘူးပေါ့🥰
2026-04-25 11:28:10
2
miuseoad4n6
WaiYanPhyo :
ပြန်တင်ပါရစေ
2026-06-22 00:26:45
0
arkar.maung.maung01
🇲🇲🇲🇲Arkar🇰🇷🇰🇷 :
စာသားလေးချပေးပါလားဗျ🥰
2026-04-22 02:55:01
1
thin.cherry635
Thin Cherry :
မှန်တာပေါ့ငွေနောက်လိုက်ချိန်မှာအရမ်းပင်ပန်းခဲ့တယ်ငွေကကိုယ်နောက်လိုက်ချိန်မှာဆို
2026-04-22 14:30:35
1
kyawyee884
Kyawyee884 :
ကူးပါစေ🥰🥰
2026-04-22 09:20:07
1
user487472740926
ချိန်ခွင် :
right
2026-04-21 19:48:22
1
kyawphy024
kyawphy0 :
လက်ခံပါတယ်
2026-04-23 09:05:20
0
thin.cherry635
Thin Cherry :
ကိုယ်ကပြည့်စုံနေပီလေ
2026-04-22 14:30:49
1
jakep8603
jj :
uni ဆိုရင်လည်း တစ်တန်း 2နှစ် တက်ခဲ့တယ် အသေအလဲ မိုက်ခဲ့ ဆိုးခဲ့တယ် စည်းမလွတ်ခဲ့တာတစ်ခုတည်း အခုလည်း ငွေရှာရမဲ့အချိန်မှာ အသေအလဲ အလုပ်ကြိုးစားတယ် ဘုရားတရားလည်း အမြဲတမ်းတတယ် လူဖြစ်ရကျိုးနပ်တယ်လို့မဆိုလိုဘူး သို့သော် သာယာခဲ့ဖူးတယ် အခုလည်းအလုပ်တွေဖိလုပ်တယ် 🥰
2026-04-23 01:56:22
5
thirinwe4672
မမသီရိ :
ငါလဲ အဲလိုပဲ ခုဆို အသက်40ရှိပြီ အမေရော အဖေရောမရှိတော့ဘူး ဘာမှလဲ လိုအပ်နေတာ လိုချင်နေတာမျိုး မရှိတော့ဘူး
2026-05-01 10:23:16
0
jawmon8
jaw mon 🇳🇱 :
🥺🥺🥺🥺
2026-04-22 14:56:39
1
user487472740926
ချိန်ခွင် :
🥰🥰🥰🥰🥰
2026-04-21 19:48:15
1
thinthinsoe1234567890
❤❤ :
🥺🥺🥺🥺🥺🥺
2026-05-08 13:50:46
0
To see more videos from user @yeiknyain, please go to the Tikwm homepage.

Other Videos


About